အခန်း၁၆

13K 1.2K 20
                                    

မေတ္တာနှောင်ကြိုး

အပိုင်း ၁၆

ခြံတံခါးမှ အသံ သည် အဆက်မပြတ်မြည်နေသည်။

''မီးငယ်လေး ခြံတံခါးက ဘယ်သူမှ မဖွင့်ဘူးလား''

မီးငယ်လေးသည် မမနှင်းနှင်း ၏ သမီးလေးဖြစ်သည်။

ခြံစောင့် ဦးအောင်တို့လင်မယားရဲ့ သားကြီးသည် နယ်ကနေ ဒီမှာလာနေရင်း မမနှင်းနှင့်ရေစက်ပါသည်။
မမနှင်း အမျိုးသား ကိုမျိုး ကလည်း သဘောထား၊စာရိတ္တ အလွန်ကောင်းနေတော့ အပြစ်ပြောစရာမရှိ။

အခုဆို မီးငယ်လေးက ၁၂နှစ်ရှိပြီဖြစ်ပြီး ၊ ဖိုးသားငယ်လေးက ၅နှစ်ရှိပြီ။

''ဟုတ် ဦးဦး... သမီးသွားဖွင့်လိုက်မယ်''

မီးငယ်လေးသည် အဖြူအစိမ်းလေးနှင့် ခြံတံခါးသွားဖွင့်ပြီး ပြန်ဝင်လာတော့ ပြုံးနေသည်။

''ဘယ်သူများတုန်း မီးငယ်ရဲ့..ပြုံးနေပါလား''

''ဟို ကိုကိုချောချောလေးလေ..ကိုကိုဆက်နွယ်''

''ဆက်နွယ်....သြော်....မီးငယ်လေးနော်...မိန်းကလေးဖြစ်ပြီး''

အနောက်ကနေ ဝင်လာတဲ့ သိုက်ဆက်နွယ်က ငါးဆင့်ချိုင့်ကြီးသယ်လာသည်။
ထုံးစံအတိုင်း အုန်းနို့ခေါက်ဆွဲလာပို့တာ။
မိုးရွာနေတာကို အလာမပျက်ဘူး။

''မိုးရွာနေရင် လာမပို့လည်းရပါတယ် ကွာ''

''မပို့ဘဲ မနေနိုင်လို့လေ''

ထူးထူးခြားခြား သိုက်ဆက်နွယ်သည်... ရွှေအိုရောင် shirtကို ဂျင်းဘောင်းဘီအရှည်အဖြူရောင် နဲ့ဝတ်ထားသည်။
ဘွတ်ဖိနပ် အဖြူကိုစီးထားပြီး တစ်ချိန်က အနွယ့်ကိုသတိရစေသည်။
တစ်နေ့ထက်တစ်နေ့ရှည်လာတဲ့ အရပ်က သိပ်ကို မြင့်မားသည်။

''ကျွန်တော်ချောလား''

''ဘာ....သိုက်ဆက်နွယ်.....''

အုန်းနို့ခေါက်ဆွဲဂျိုင့်ကို ဖွင့်ကာ ပန်းကန်တွေထဲ ထည့်ကာပြင်ဆင်ပေးရင်း... နားရွက်ကိုအုပ်လိုက်သည်။

''အနွယ်လို့ မခေါ်ချင်ဘူးလား''

''မခေါ်ချင်ဘူး...''

Love Knot (Completed)Where stories live. Discover now