အခန်း၂၅

11.3K 993 92
                                    

မေတ္တာနှောင်ကြိုး

အခန်း ၂၅

စတိုင်ဘောင်ဘီအကြပ် အနက်ရောင်ကိုဝတ်ကာ...ခါးပတ်တပ်နေသည်။
ထို့နောက် ရေမွှေးခပ်ရှရှအနံ့ကို တစ်ကိုယ်လုံးဖြန်းပြီးမှ.. သူသိပ်ကြိုက်တဲ့ ရွှေအိုရောင် Shirt လက်ရှည်ကို ခန့်ခန့်ညားညားဝတ်လိုက်သည်။
ဖွေးဥပြီး အချိုးတကျ သပ်ရပ်နေတဲ့ မျက်နှာအထက်က အပြုံးမရှိ။

ဆံပင်ကိုအသေအချာအလယ်ခွဲကာ..နားမှာ နားကွင်းပိစိလေး တပ်ပြန်၏။
ဖိနပ်ကိုအသေအချာ စီးကာ...ကားသော့ကိုကောက်ယူလိုက်တော့

..ခပ်လန်းလန်းပြင်နေတဲ့သူ့ကို ထိုင်ကြည့်နေတဲ့ တည်ကြည်ငြိမ်းချမ်း က မျက်မှောင်ကြုတ်လိုက်သည်။

''ဒါဘယ်တုန်း...မနက်စာမချက်ပေးဘဲနဲ့''

''အဟက်...ဒီမှာ...ခင်များတို့ သားဖ၃ယောက် မမနှင်းချက်တာဘဲစားကြတော့...''

''မင်းက ဘာလို့ချက်မပေးတာတုန်း...''

''မနောပျက် လို့''

အံဆွဲထဲက ကတ်ကိုထုတ်ယူရင်း သားရည်အိတ်ထဲထည့်လိုက်သည်။

''ဒါက ဘယ်သွားမှာတုန်း''

''ပြောတော့ရော...အားလို့လား။ မေးမနေနဲ့၊ တစ်နေကုန် အလုပ်...အလုပ်နဲ့..အလုပ်ထဲကမထွက်ဘဲ''

တည်ကြည်ငြိမ်းချမ်း သည် မျက်လုံးကိုစုံမှိတ်ကာ... မတည်မကျဖြစ်နေတာကို မေးချလိုက်သည်။

''မင်း...ငါ့ကို ဘာတွေမကျေနပ်နေတာတုန်းပြော...''

''အကုန်လုံးဘဲ''

''ဟာ...ကဲ..အဲဒီအကုန်လုံးထဲက မင်းရဲ့မနောပျက်ရတဲ့အကြောင်းလေး နည်းနည်းဖဲ့ပြောကြည့်''

ထိုအခါ...အရပ်အရှည်ကြီးနဲ့ ထိုင်ခုံပေါ်ထိုင်ရင်း..

''ယောက်ျားယူထားပြီး ယောကျ်ားကိုအချိန်မပေးဘူးလေ ''

ဒါတော့မဟုတ်သေးဘူး။
မိုးလင်းလို့ Companyသွားရင် သူလိုက်လာတယ်။ နေ့လယ် ၂နာရီကျ သူပြန်သွားပြီ။ ၆နာရီလောက်ကျ... ဒီလူက ပြန်လာတာ...သူနဲ့မတွေ့ရရင် အလွန်ဆုံး ၅နာရီပေါ့။ အရေးကြီးတဲ့နေ့တွေမှသာ ည၁၀နာရီရောက်တာ။

Love Knot (Completed)Where stories live. Discover now