အခန်း၃

15.8K 1.7K 88
                                    

မေတ္တာနှောင်ကြိုး
အခန်း၃

စက်ဘီးကိုထုတ်ရင်း ပါးစပ်ကနေတိုးတိုးလေးရေရွတ်လိုက်သည်။

''ကျွန်တော့် စက်ဘီးပေါ်ကလိုက်စီးချင်လား။အနောက်မှာထိုင်လိုက်လေ။ ဆင်းချင်တဲ့နေရာရောက်ရင် ဆင်းနေခဲ့ပေါ့''

ချွင်..ချွင်...ချွင်...
ချွင်..ချွင်..

ထိုအချိန် နွေးနွေးသည် ပခုံးကိုလှမ်းပုတ်ကာ

''ဟဲ့ တည်ကြည်... နင်ဘာတွေပြော နေတာလဲ''

''ဟင့်အင်း..ငါ စာပြန်ရွတ်ကြည့်နေတာ''

''အိမ်ပြန်ရောက်မှ ရွတ်စမ်းပါ''

နွေးနွေးသည် တတွတ်တွတ်နဲ့ပြောပြီး ထမင်းချိုင့်ကို စက်ဘီးခြင်းထဲ ထည့်နေသည်။

''တက်ပြီးပြီလား။ ကျွန်တော် နင်းပြီနော်''

ချွင်...ချွင်..ချွင်...

ဘာမှ မမြင်ရပေမယ့် အနောက်က တစ်ယောက်ထိုင်နေတယ်ဆိုတာ သိပါသည်။

စက်ဘီးနင်းနေစဥ်... အဝါရောင်လိပ်ပြာလေးများသည် ဘယ်ကဘယ်လိုရောက်လာမှန်းမသိ ရောက်လာတက်သည်။

ခြူသံ တချွင်ချွင်သည်လည်း ချစ်စရာကောင်းအောင်ကြားနေရ၏။
စက်ဘီးယိုင်သွားချိန်တွင် ခါးကိုလာဖက်တဲ့ အထိအတွေ့ တစ်ခုကြောင့် ကိုယ်တိုင်တောင် မသိဘဲ ပြုံးမိသွားသည်။

''အို..လန့်သွားလား။ Slowdown ကြောင့်ပါဗျာ''

လေညင်းလေးများသည် နဖူးစပ်မှ ဆံပင်များကြား တိုးဝင်ကာ ကျီစယ်နေသည်။
ထိုစဥ်...
ခြူသံသည် ထပ်မံထွက်ပေါ်လာလေသည်။

ချွင်..ချွင်...ချွင်...

ယခုတစ်ခါကြားရသည့် ခြူသံသည် နားရွက်နားတွင်ကပ်ကာ ကြားလိုက်ရပြီး...စက်ဘီးသည် တစ်စုံတစ်ခု ဆင်းနေခဲ့သလို ပေါ့ပါးသွားသည်။

စက်ဘီးကိုရပ်ပြီး အနောက်ကိုလှည့်ကြည့်လိုက်ချိန်...အဝါရောင်လိပ်ပြာလေး၂ကောင်သည် ဆန့်ကျင်ဘက်သို့ပျံသန်းသွားပြီး ခြူသံသဲ့သဲ့လေးသည် လိပ်ပြာလေးတွေနောက်ပါသွားလေသည်။

...ချွင်...ချွင်...ချွင်
ချွင်...ချွင်...

''တည်ကြည်...ဘာရပ်လုပ်တာလဲ။ တစ်ခုခုကျန်ခဲ့လို့လား''

Love Knot (Completed)Donde viven las historias. Descúbrelo ahora