အခန်း၇

13.7K 1.4K 55
                                    

မေတ္တာနှောင်ကြိုး
အခန်း၇

ဝဏ္ဏမာန်ချီ သည် စားပွဲပေါ်တွင်တင်ထားသော ပါဆယ်ပုံးနှင့် နှင်းဆီဝါ ပန်းစည်းကြီးကိုကြည့်ကာ မှိုင်နေသည်။

တဆိတ်...ညီငယ် ဘာဖြစ်ချင်နေတာတုန်း။

သူ့ကောင်လေးကို တစ်လပြည့်အထိန်းအမှတ်ပေးဖို့ ဒီလူကို ဝယ်ခိုင်းရသလား။
စီစဥ်ခိုင်းရသလား။
ခပ်ခွာခွာနေနေကာမှ သူကရှေ့ကိုအရောက်ပို့နေပြန်သည်။
ဒီကောင်လေးနဲ့ တွေ့ပြီးကတည်းက အကိုဖြစ်သူရဲ့ စိတ်ထဲကိုဝင်ပြီး ဖတ်မကြည့်တာဘဲ တော်ပါသေးရဲ့။
တော်ကြာ ညီအစ်ကိုနှစ်ယောက် စစ်တိုက်နေမှာရယ်။

ဟူး....သက်ပြင်းကိုအရှည်ကြီးချကာ ခေါင်းတစ်ခါခါနှင့် ပစ္စည်းတွေ ကားပေါ်တင်ကာ
တည်ကြည်ငြိမ်းချမ်း ရှိသော အရပ်ဆီမောင်းနှင်ခဲ့ပါသည်။

🔹🔹🔹

''ကဲ ရော့ မင်းအတွက်''
''ကိုဝဏ္ဏ က ကျွန်တော့်ကိုပေးတာလား''

ပျော်မြူးကာမေးလာတဲ့ကလေးဟာ Supriseပုံးကြီးကိုကိုင်ကြည့်နေသည်။

အူကြောင်ကြားလေးဘဲ။

''ငါက ပေးစရာလားကွ။ သုနွယ်အလုပ်ရှုပ်လို့ ငါလာ​ပေး ရတာ။ ပါဆယ်ပုံးဖွင့်ကြည့်လိုက်''

ကိုယ်တိုင်ပြင်ဆင်လာတာမို့ တစ်ဖက်လူသဘောကျ ၊ မကျတော့ သိချင်တာအမှန်။

တည်ကြည်ငြိမ်းချမ်း သည် ပါဆယ်ပုံးလေးကို အဖုံးဖွင့်လိုက်တယ်ဆိုရင်ဘဲ မိုးပျံပူပေါင်း များသည် အပေါ်ကို ပျံတက်သွားလေသည်။

အပေါ်တက်သွားသော ဘောလုံးများကိုငေးကြည့်ပြီး ပုံးထဲ ကြည့်လိုက်ချိန်တွင်....
နှင်းဆီပန်းအဝါရောင်ပွင့်ချပ်များဖြင့် ပိုက်ဆံ တစ်အုပ်။

''ဟင်...လက်ဆောင်လည်း မဟုတ်ဘူး''

''ဟာ...သုနွယ်က မုန့်ဖိုးပေးခိုင်းတာလေ။ အဲ့ဒါကြောင့် ပိုက်ဆံတစ်အုပ်ထည့်လာတာ ၊များရင်ပြန်ပေးလိုက် တစ်ဝက်''

''အို ပြန်ပေးစရာလား၊ ကိုယ့်ရှေ့ရောက်လာတဲ့ ပိုက်ဆံကို။၊ ဒီ....နှင်းဆီပန်းတွေကရော''

Love Knot (Completed)Where stories live. Discover now