အခန်း၆

14.4K 1.5K 29
                                    

မေတ္တာနှောင်ကြိုး
အခန်း၆

''တကယ်''

စကားဝိုင်းတွင် သုတဦး ၏ အသံသည် အကျယ်ကြီးထွက်လာသည်။

''ဟဲ့ ဖြေးဖြေးပြောပါ သုတရယ်၊ မဟုတ်ဘဲနဲ့တော့ ဒီလိုကိစ္စမျိုးကို တည်ကြည်က ပြောပြပါ့မလား''

ရနံ့... ၏ ကြားဖြတ်ရှင်းပြမှုကြောင့် သုတဦးတစ်ယောက် ငြိမ်သွားသော်လည်း အံ့သြမှုသည်အပြည့်။

''တကယ်ကြီးပါဆို။ တကယ်ကြီး ငါဘဲ ရသွားတာ''

သုတဦး သည် ပါးစပ်ဟောင်းလောင်းဖြင့်ငေးကြည့်နေပြီး၊ ရနံ့ နှင့် နွေးနွေး သည်လည်း အံ့သြမှုအပြည့်ဖြစ်နေပြန်သည်။

''ဘယ်သူလဲ၊ ဘယ်ကလဲ ။ တည်ကြည်ငြိမ်းချမ်း ကို ရင်ခုန်အောင်လုပ်နိုင်တဲ့လူကို ဖူးမျှော်ချင်မိလို့ပါ''

သုတဦးသည် လက်အုပ်ချီမိုးလျက် အင်အားအပြည့်နှင့်ပြောနေသည်။

''ဟုတ်တယ် တည်ကြည်၊ နင်က ဘယ်သူ့မှ စိတ်ထဲအရောက်မခံခဲ့တဲ့သူ ၊ သူ့ကျမှ ဘယ်လိုဖြစ်တာတုန်း၊ ပြောကအုံး သူကဘယ်သူလဲ''

စိတ်ထဲကို ကျော်ပြီး အိပ်မက်ထဲထိလာတဲ့လူကို နင်တို့မှ မသိကြဘဲ။

''ဘယ်သူလဲဆိုတော့ 'သုနွယ်ဂုဏ်ချီ'တဲ့။ ဘယ်ကလဲဆိုတော့  ''သုဝဏ္ဏနွယ်''စံအိမ်က သား အငယ်''

ထိုစကားကိုကြားရချိန် ရနံ့သည် လက်ခုပ်တစ်ချက်ကို ဖြောင်းခနဲ့ တီးကာ...

''ဟယ်...ဘယ်ဆိုးလို့လဲ။ ရွေးတက်သားဘဲ၊ ဒါနဲ့ 'သုဝဏ္ဏနွယ် စံအိမ်' မှာ သားအငယ် ရှိသေးတာလား''

''ရှိတယ်။ အခု ငါ့ဘေးမှာ ထိုင်နေတာ''

တည်ကြည်ငြိမ်းချမ်း သည် ဘေးကခုံအလွတ်ကို ကြည့်လိုက်သည်။
ထိုစကားကြောင့် သူငယ်ချင်းသုံးဦးသည် အချိုရည်ကိုသာ ငုံ့သောက်နေတော့သည်။
မယုံဘူးနဲ့တူပါရဲ့။

''ငါ နောက်နေတာမဟုတ်ဘူးနော်၊ အခုငါ့ဘေးမှာပါတယ်။ သူက နာမ် ရှိပြီး ရုပ် မရှိတဲ့လူခြောက်''

အသံကိုမြှင့်ကာ ပြောလိုက်ချိန်တွင်...

''စိတ်ကူးယဉ်လွန်နေပြန်ပြီကွာ။ မဟုတ်တာ''

Love Knot (Completed)Where stories live. Discover now