အခန်း ၂၃

12.6K 1K 26
                                    

မေတ္တာနှောင်ကြိုး

အပိုင်း ၂၃

ရာသီအလီလီပြောင်းကာ ခုနှစ်သက္ကရာဇ်တွေပြောင်းကုန်၏။
ဆေးရုံခွဲစိတ်ခန်းရှေ့တွင် အလှုပ်ရှုပ်နေကြသော... အမျိုးသားနှစ်ယောက်သည် စာအုပ်တစ်အုပ်စီဖြင့် အင်္ဂုလိမာလသုတ်ကို အထစ်ထစ်အငေါ့ငေါ့ ရွတ်နေကြသည်။

''ခက်တယ်နော် ဒီသုတ်က''

''အွန်း...ဘာကြီးမှန်းမသိဘူး''

သိုက်ဆက်နွယ်၏ ပြောစကားကို တည်ကြည်ငြိမ်းချမ်း လက်ခံလိုက်ပါသည်။
သူသည်လည်း တကယ်အခက်တွေ့နေတာမလား။

ဘာလို့.... အင်္ဂုလိမာသုတ်ကိုရွတ်နေရပါသနည်း။
အကြောင်းသည် လွန်ခဲ့တဲ့နှစ်က သိုက်ဆက်နွယ် ၏ ပူဆာမှုကြောင့်ပင်။
ကလေးလိုချင်သည်တဲ့။
သူ့ကလေးတင်မဟုတ်ဘဲ... တည်ကြည်ငြိမ်းချမ်း ကလေးရောပါ နှစ်ယောက်လိုချင်တာပါတဲ့လေ။
တစ်လလောက် ဆန္ဒပြနေတာမို့...မိန်းကလေးနှစ်ယောက်ကိုရှာရသည်။
ကံကောင်းချင်တော့...ရုရှားသွားရင်း... ကျောင်းတက်ခဲ့တုန်းက သူငယ်ချင်းနဲ့တွေ့သည်။
သူက ညီအစ်မနှစ်ယောက် အမွှာရှိတာမို့ သူက ကူညီမယ်တဲ့လေ။
ကျေးဇူးတင်လွန်းလို့မဆုံးဘူး။
ဒါဆို...ကလေးအမေတွေက အမွှာမို့ သိပ်တော့ ပြဿနာမရှိ။

ဒါပေမဲ့...ဒေါက်တာဆီကို... ဘယ်သူ့ကိုယ်ထဲ ဘယ်မျိုးဆက်ဆက်ခံခိုင်းခဲ့တယ်လို့ အသိမပေးခိုင်းခဲ့ပါ။

ကိုယ်တွေလဲ မသိပါ။သိလည်းမသိချင်ဘူး။သေချာတာက မွေးလာမယ့်ကလေးနှစ်ယောက်လုံးက... တစ်ယောက်က သိုက်ဆက်နွယ် မျိုးဆက်၊ နောက်တစ်ယောက်က တည်ကြည်ငြိမ်းချမ်း မျိုးဆက် ဖြစ်သည်။
ဘယ်ကလေးက ကိုယ့်ကလေးလဲဆိုတာတော့ ဆရာဝန်ကလွဲပြီး ဘယ်သူမှသိမည်မဟုတ်။
ကလေးအမေတွေကလည်း ရုရှားသူတွေလည်းဖြစ်၊ မြန်မာနိုင်ငံကလည်းမဟုတ်တော့ သိပ်ပြီးစိတ်ပူစရာမရှိတော့ပေ။

...''အတည်....ကလေးကမထွက်သေးတာလားမသိဘူး''

''ငါလည်း ကလေးမမွေးဖူးတော့မသိဘူး''

ထိုစဉ်ခွဲစိတ်ခန်းတွင်းမှ Nurseတစ်ယောက်ထွက်လာပြီး။

''မွေးပါပြီရှင်...ယောက်ျားလေးတစ်ယောက်.၊ မိန်းကလေးတစ်ယောက်ပါ၊ မိနစ်၂၀ခြားပြီးမွေးခဲ့တာပါ''

Love Knot (Completed)Where stories live. Discover now