အခန်း ၂၄

11.3K 996 32
                                    

မေတ္တာနှောင်ကြိုး

အခန်း၂၄

''အတည်..''

''ရောက်လာပြီလား၊ ကလေးတွေရော''

''သူတို့ အဘွားအိမ်သွားမှာဆိုလို့ ပို့ခဲ့ပါပြီဗျာ''

ထိုစဉ် အတည်က စားပွဲပေါ်ကို ဘူးလေးတစ်ဘူးချပေးသည်။

''ရော့...ဒါ ဒီတစ်ခါထုတ်တဲ့နာရီ၊ မင်းအတွက်''

မဟူရာနဲ့ စိန်ကို တစ်မျိုးဆန်းသစ်အောင်စီခြယ်ထားတဲ့ နာရီလေးက မျက်လုံးထဲ ခမ်းနားထည်ဝါသည်။

''အတည်ကရော''

''ငါက နာရီတွေရှိပါတယ်''

''အသစ်ထုတ်တိုင်း မောင့်ကိုဘဲပေးဝတ်နေတော့မှာလား၊ အတည့်အတွက်ရော ဝတ်ပါအုံး''

''မင်းဝတ်ရင် နာရီတွေကပိုလှတယ်။ ''

မရှက်စဖူး ရှက်သွေးတောင်ဖြာသွားသလိုပင်။

''အတည်ကလဲ နောက်ပြီ..''

''ငါမနောက်ပါဘူး..မင်းနဲ့ပက်သက်သမျှ တစ်ခါမှ မနောက်ဖူးဘူး..''

''ဒါဆို..တကယ်ချစ်တာပေါ့လေ''

''အွန်း''
အတည်က.. အွန်း...လို့ပြောပြီးမျက်နှာလွှဲသွားပြန်သည်။

သူကဘဲ ရှက်ရတယ်ရှိသေး။

''Boss....အစ်မညိုပြာဝိုင် ရောက်နေပါတယ်''

''အေး..ဝင်ခဲ့ခိုင်းလိုက်လေ..''

သရုပ်ဆောင်ညိုပြာဝိုင်ရဲ့ပုံစံကို တကယ်မကြိုက်ပါ။
ပွဲတက်အဝတ်အစားတွေ..လက်ဝတ်ရတနာတွေ ကို orderတင်တာကနည်းနည်း...စကားကများများပြောနေတာ။

စိတ်ထဲ မနောပျက်နေစဉ်..တံခါးက ''ဂျောက်''ခနဲ့ မြည်ကာ ပွင့်လာသည်။

..
''hi အစ်ကို''

''မင်္ဂလာပါဗျာ...မနက်ဖြန်မှ လာမယ်ထင်ထားတာ ညီမကို''

''အစကတော့ မနက်ဖြန်မှ လာမလို့ဘဲ၊ ဒါပေမဲ့ အခုလာချင်စိတ်ပေါက်သွားလို့...အောက်မှာ အင်တာဗျူးမယ့် လူတွေ ဝိုင်းအုံနေခဲ့တယ် အစ်ကိုရေ...''

သြော်...အေးပါ၊ အံ့သြဘ။ ဘယ့်နှယ်....စကားပြောတာကိုက ညုတုတု နဲ့ ၊သူများယောက်ျားကို။

Love Knot (Completed)Where stories live. Discover now