Part 2

4.4K 368 1
                                    

'ဆင့်ခေါ်စာပြန်ပြ´
'ဟုတ်တယ်´
'ဘာလို့လဲ၊´
'တို့ကွာရှင်းချင်တယ်´
'ချေပချင်တာလား´
'အင်း´
'ဘယ်လောက်ပေးရမလဲ´
'မဟူရာနဲ့ကျွန်တော်ကသူငယ်ချင်းတွေ၊သူတို့သက်သေတင်ထားတဲ့ကော်ထီဆိုင်ကပုံတွေကရဲဘက်ကနေတောင်းကြည့်လိုက်သေးတယ်၊အဲ့တုန်းကကျွန်တော်အလှကုန်ဆိုင်ဖွင်ဖို့ပြောနေကြတာ၊အဲ့နေ့ကကျွန်တော်တို့အသိbeauty vloggerတွေနဲ့ဆက်သွယ်ခဲ့ကြသေးတယ်၊´
'ဦးမင်းသိုက်၊´
'ဒေါ်မဟူရာ၊ထမင်း....´
အိပ်ပျော်နေတာပဲ၊
'အင်း´
'မလိုက်ဘူး´
Unicode
မဟူရာဆိုသူမိန်းမနောက်နေ့ကျွန်မရုံးခန်းကိုရောက်လာသည်၊
'ဆင့်ခေါ်စာပြန်ပြ´
စာရွက်ကိုစားပွဲပေါ်ပစ်ချလိုက်တော့မေယွန်းဒေါသထွက်သွားသည်၊အမှုသည်ကိုအော်လိုသောစိတ်မေယွန်းမှာမရှိ၊စိတ်ကိုပြန်ထိန်းကာသေချာကြည့်သည်၊
'မယားခေါ်လိုမှု.....ရှင်နဲ့သူကခွဲနေတာလား´
'ဟုတ်တယ်´
'ဘာလို့လဲ၊´
'မောင်ကို့ကိုစွပ်စွဲတယ်၊ယောက္ခကလည်းမောင်းချတယ်လေ၊တို့အိမ်ပေါ်ကဆင်းလိုက်တယ်´
'ရှင်အိမ်ပြန်ရမယ်၊ရုံးကအမိန့်ချထားတယ်´
'တို့ကွာရှင်းချင်တယ်´
'ချေပချင်တာလား´
'အင်း´
'သူကအမှုကိုလှည့်လို့ရတယ်၊ရှင်ပြန်မလာရင်ရှင်နောက်တစ်ယောက်ကိုမယားခိုးမှုနဲ့တရားစွဲမှာ၊ဒါမှမဟုတ်ရှင့်ကိုပါထောင်ချလို့ရတယ်´
'တို့ကွာရှင်းချင်တယ်၊တို့သားနဲ့သမီးကောCompanyကိုပါမပေးရပဲကွာရှင်းတာမျိုး´
'အခုလိုအခြေအနေမှာရှင်လိုချင်သလိုမရနိုင်ဘူး´
'ဘယ်လောက်ပေးရမလဲ´
'ဒီမယ်!ဒေါ်မဟူရာ၊ဥပဒေကိုပိုက်ဆံနဲ့ပြစ်ပေါက်လို့ကြေအေးသွားမယ်ထင်နေလား၊ရှင်မှတ်ထား၊ဒီအမှုကိုကျွန်မလိုက်တယ်၊ဒါပေမဲ့ရှင်အတွက်တော့မဟုတ်ဘူး၊အပြစ်ရှိတဲ့သူကိုအပြစ်ပေးဖို့ပဲ´
'တို့မှာအပြစ်မရှိဘူး၊မေယွန်း၊တို့ဖောက်ပြန်တယ်ဆိုတာလည်းမဟုတ်ဘူး၊အခုလိုဖောက်ပြန်တယ်လို့စွပ်စွဲခံထားရတာကတို့သူငယ်ချင်း၊သူနဲ့တို့ခင်တာငယ်ငယ်ကတည်း၊မင်းမယုံရင်တို့ဖုန်းဆက်ခေါ်ပေးမယ်´
ခဏအကြာမှာသူဖုန်းဆက်ခေါ်လိုက်၍လူတစ်ယောက်ရောက်လာသည်၊
'မဟူရာနဲ့ကျွန်တော်ကသူငယ်ချင်းတွေ၊သူတို့သက်သေတင်ထားတဲ့ကော်ထီဆိုင်ကပုံတွေကရဲဘက်ကနေတောင်းကြည့်လိုက်သေးတယ်၊အဲ့တုန်းကကျွန်တော်အလှကုန်ဆိုင်ဖွင်ဖို့ပြောနေကြတာ၊အဲ့နေ့ကကျွန်တော်တ်ို့အသိbeauty vloggerတွေနဲ့ဆက်သွယ်ခဲ့ကြသေးတယ်၊´
'သက်သေလိုတယ်၊ဒီတိုင်းနှုတ်နဲ့လျှောက်တင်တာကာသက်သေသိပ်မဖြစ်ဘူး၊ဒါပေမဲ့လိုရမယ်ရအကိုအဲ့နေ့ကျလိုက်ခဲ့ပါ၊ကျွန်မပြန်လည်ချေပပြီးကွာရှင်းခွင့်တောင်းလိုက်မယ်၊ဒါနဲ့ခင်ပွန်းဖြသ်သူနာမည်က´
'ဦးမင်းသိုက်၊´
'အမှုကဘယ်လိုဖြစ်သွားမှာလဲ၊ရှေ့နေကြီး´
'ရှင်တို့ပြောတာကိုကြည့်ရမယ်ဆိုသူတို့ဘက်ကလိမ်လည်လီဆယ်တိုင်တာဖြစ်သွားပြီး၊လိမ်လည်မှုနဲ့ပါထပ်ဆွဲလို့ရတယ်၊ပြီးတော့အသရေဖျက်မှုနဲ့ကောပဲ၊ဒါဆိုကွာရှင်းခွင့်ရဖို့သေချာသွားပြီသူဘက်ကအကျိုးခံစားခွင့်မရှိပဲ´
'ဟုတ်ကဲ့၊ကူညီပေးပါဦးရှေ့နေကြီး၊ကျွန်တော်နာမည်ခက်ဇော်ပါ၊လိုအပ်တာရှိရင်လဲပြောပါဦးနော်´
မေယွန်းစတင်စာရိုက်နေရင်းတော်တော်ကြာအချိန်ကိုကြည့်တော့၁၂နာရီထမင်းစားချိန်ပင်ဖြစ်နေလေသည်၊
'ဒေါ်မဟူရာ၊ထမင်း....´
အိပ်ပျော်နေတာပဲ၊
ခက်ထန်စွာအကြည့်တွေမရှိ
ဂုဏ်မောက်စွာမပြောတော့တဲ့ဒီမျက်နုာဟာအလွန်တရာကြည်လင်နေသည်၊
အမှုသည်အပေါ်ဘာတွေတွေးနေမိပါလဲ၊မျက်နုာပူစွာနောက်ဆုတ်ရပ်လိုက်သည်၊သိပ်မကြာခင်မှာပဲသူမနိုးလာသည်၊
'နိုးပြီလား၊ထမင်းသွားစားမယ်၊ထ´
'အင်း´
ရုံးခန်းကထွက်လာတော့ကားတစ်စီးမေယွန်းတို့ရှေ့အရှိန်ဖြင့်ထိုးရပ်လာသည်၊
'မဟူရာ၊မင်းကိုယ်နဲ့ပြန်လိုက်ခဲ့ပါ!´
'မလိုက်ဘူး´
အတင်းဆွဲကာကားထဲထည့်နေတော့မေယွန်းကပါဝင်တားသည်၊
'ဒီမယ်၊ရှင်ကျွန်မအမှုသည်ကိုဒီလိုလုပ်စရာမလိုဘူ၊လွှတ်လိုက်ပါ!´
'ခင်ဗျားနဲ့ဘာဆိုင်လို့လဲ၊ဖယ်စမ်းပါ´
ယောကျာ်းအားဖြင့်တွန်းလိုက်သဖြင့်မေယွန်းလဲကျသွားသည်၊
'ဦးမင်းသိုက်!ရှင့်လုပ်ရပ်တွေရပ်တန်းကရပ်တော့´
'မောင်အားလုံးကိုခွင့်လွှတ်တယ်၊မောင်နဲ့ပြန်လိုက်ခဲ့၊မဟူရာ´
'ခွင့်လွှတ်ရအောင်ကျွန်မဘာမှားလို့လဲ!´
မေယွန်းသေချာကြည့်မိသည်၊
'ကျွန်မရှင့်ကိုမယူခင်အချိန်တုန်းကကျွန်မဘဝမှာကျွန်မကဘုရင်ပဲ၊ကျွန်မကြိုက်သလိုနေ၊ကြိုက်သလိုစား၊Logo companyပိုင်ရှင်ရဲ့သမီးဆိုပြီးလူတိုင်းအပေါ်သြဇာညောင်းတယ်၊၊ျင့်ကိုယူပြီးဘာကောင်းကျိုးပေးလဲ!ကျွန်မကခေူနုစ်ယောက်မွေးပြီးတယ်၊အိမ်ကကျွန်မငှားထားတဲ့အိမ်ဖော်ကတောင်မခန့်လေးစားလုပ်လာတဲ့အထိရှင့်အမေသင်တယ်၊မဟူရာကမာကျောသွားရင်ပြန်ပျော့ပြောင်းဖို့မဖြစ်နိုင်ဘူး၊တရားခွင်မှာရှင့်ကိုတရားဝင်ကွာရှင်းမယ်၊ရှင့်အမေကိုပြောလိုက်မဟုတ်တာလုပ်ထားရင်ဝန်ခံလို့companyကရှယ်ယာကိုလာလုဖို့မစဉ်းစားနဲ့Companyရဲ့အရိပ်တောင်မနင်းရအောင်ကျွန်မလုပ်ပေးမယ်၊´
'မင်းအမေ့ကိုပြောစရာမလိုဘူးကွ၊ပါအမေကမင်းကောင်းစားဖို့က!မင်းနောင်တရစေရမယ်´
ကားမောင်းထွက်သွားမှာမဟူရာထိုင်ချသွားသည်၊သေချာသူမကိုကြည့်မိတော့
'၂၅မှာသူနဲ့ညားတယ်၊ကျွန်မအသက်၄၅၊ကျွန်မသက်တမ်း၂၀လုံးလုံးအိမ်ထဲမှာနေခဲ့တယ်၊သူတို့သားအမိကိုပြုစုရတယ်၊ဒါပေမဲ့ပြန်ရလိုက်တာတွေကစော်ကားမော်ကားတွေချည်းပဲ၊တန်ပြီလား၊ကျွန်မကွာရှင်းဖို့´
မျက်ရည်များကသက်သေပင်ဒီအမျိုးသမီးမျိုသိပ်ခဲ့သည်၊သူမခံစားချက်ကိုအော်ဟစ်ပြောဆိုခြင်းမရှိခဲ့၊
သူမမျက်လုံးများကပင်ပင်ပန်းနေပြီဟုပြောနေသည်၊
သူမအတွက်အိမ်ထောင်ပြုခြင်းဆိုတာလှပတဲ့အကျဉ်းထောင်သက်သက်ပေ၊

law of love(Completed)Where stories live. Discover now