တရားခွင်ဝင်သောနေ့
'လျှောက်ထားစေ´
'မဟူရာ!´
'ရှင့်ယောက္ခမလား၊´
'အင်း´
'အင်း´
'အခုတော့ပြန်ကြမယ်လေ´
'အာ....မေ့နေတာ၊´
'ဘာကိုလဲ´
'ဘာဖြစ်လို့လဲ၊´
'ဘာလုပ်တာလဲ´
'အကြွေးပိုတင်အောင်´
'ရှင်လွန်နေပြီ´
'စားမယ်´
'ဟမ်´
'မုန့်လိုက်စားမယ်´
'မမကလည်း´
'မမမီးအကျီ င်္သွားကြည့်ဦးမယ်´
'အေးအေး´
'မင်းအဖေကကော´
'ဟင်´
'မင်းအဖေသေသွားပြီလား´
'ဟင့်အင်း၊ထောင်ထဲမှာ´
'....´
'နိုင်ငံရေးသမားလား´
'......´
'ရှင့်အဖေကော´
'ဆုံးသွားပြီ´
'ရောဂါနဲ့လား၊´
'မဟုတ်ဘူး၊ကားမှောက်တာ´
'စိတ်မကောင်းပါဘူး၊´
'တို့မသင်္ကာဘူး´
'ဘာကိုလဲ´
'ဖေဖေသေသွားတာ၊´
'ကိုမာဝင်နေတာလေ´
'ဘယ်သူကိုသံသယဝင်တာလဲ´
'မောင်အမေကို´
'ဘာလို့လဲ´
'အင်း´
Unicode
တရားခွင်ဝင်သောနေ့
'တရားသူကြီးမင်းရှင့်၊ကျွန်မရဲ့အမှုသည်ဟာဖောက်ပြန်ခြင်းမရှိပါဘူး၊ဒါကိုနှုတ်တိုက်လျှောက်ထားဖို့ရန်တောင်းဆိုပါသည်၊´
'လျှောက်ထားစေ´
ခက်ဇော်နှုတ်တိုက်လျှောက်ထားတာကိုလက်ခံလိုက်၍အခြေအနေကတပန်းသာသွားသည်၊
'တရားသူကြီးရှင့်၊ကျွန်မအမှုသည်ဆန္ဒကတော့ဒီကဦးမင်းသိုက်ကိုအပြီးတိုင်ကွာရှင်းဖို့ပါ၊´
'ဒီအဆိုကိုမလက်ခံပါဘူး၊တရားသူကြီးမင်း၊ဦးမင်းသိုက်နဲ့ဒေါ်မဟူရာတို့ပေါင်းသင်းလာတာနုစ်၂၀ရှိပါပြီ၊ဦးမင်းသိုက်ဟာဒေါ်မဟူရာပေါ်ဖောက်ပြန်ခြင်း၊ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းတစုံတရာမရှိခဲ့ပါဘူး၊´
'တရားသူကြီးမင်းရှင့်၊ကိုယ်ပေါ်အရာထင်မှဒဏ်ရာလို့မခေါ်ပါဘူး၊ကျွန်မအမှုသည်ဟာကိုယ်ပေါ်မှာဒဏ်ရာမရှိပေ့မဲ့၊နုစ်၂၀အတွင်းအကြိမ်ပေါင်းများစွာစိတ်ဒဏ်ရာရခဲ့ရပါတယ်၊တရားသူကြီးမင်းရှင့်၊ဒီအချက်ကိုထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်´
တရားခွင်အပြီးတရားသူကြီးထွက်သွားတော့
'မဟူရာ!´
မေယွန်းကစာရွက်တချို့ပြန်စီထည့်နေရင်းမော့ကြည့်လိုက်သည်၊အသက်ကြီးကြီးမိန်းမကမျက်နုာပျက်ကာမဟူရာရှေ့ရောက်လာသည်၊
'ညည်းအချိုးတွေသိပ်ပြောင်းနေတယ်၊ဘယ်နုယ့်၊ငါသားကိုညည်းကပဲကွာရှင်းမယ်ပေါ့၊မဟူရာ၊ညည်းကျပ်ကျပ်သတိထား´
'ဒီမယ်၊ကျွန်မသူ့ရှေ့နေတစ်ယောက်လုံးရှိနေတာတောင်ခြိမ်းခြောက်ရဲတာနည်းတဲ့သတ္တိတော့မဟုတ်ဘူးပဲ၊မဟူရာကကျွန်မအမှုသည်၊ရှေ့နေတစ်ယောက်အနေနဲ့အမှုသည်ကိုလာခြိမ်းခြောက်နေတာကိုမှတ်ထားပြီးရုံးမှာပြန်တင်သွင်းရင်ခြိမ်းခြောက်မှု၊အခုအမှုကလည်းပုံစံအားဖြင့်အသေရေဖျက်မှုဖြစ်နေတယ်ဆိုတာသိထားဖို့ကောင်းပါတယ်´
ထိုအမျိုးသမီးထွက်သွားတော့မဟူရာကိုတချက်ကြည့်မိသည်၊
'ရှင့်ယောက္ခမလား၊´
'အင်း´
'ရှင့်ကျွန်မမေးတာတချို့ကိုဖြေပေးရမယ်၊´
'အင်း´
'အခုတော့ပြန်ကြမယ်လေ´
လမ်းတွင်ဘာစကားမှာမပြောဖြစ်၊
'အာ....မေ့နေတာ၊´
'ဘာကိုလဲ´
'ကျွန်မကိုရှေ့မှာချပေး´
'ဘာဖြစ်လို့လဲ၊´
'ကျွန်မမီးလေးကိုကျောင်းကြိုမယ်ပြောထားတာ၊ကျောင်းတောင်ဆင်းတော့မယ်ရပ်´
ရုတ်ရပ်ကားပြန်ကွေ့လိုက်၍မေယွန်းအံသြသွားသည်
'ဘာလုပ်တာလဲ´
'အကြွေးပိုတင်အောင်´
'ရှင်လွန်နေပြီ´
မဟူရာမသိမပြုံးလိုက်သည်၊မူကြိုဆရာမဖြစ်နေတာတောင်အမကိုကပ်ချွဲနေသေးသည့်မေသူ
'မမ!သြော်၊ဟိုအမလည်းပါတာပဲ၊´
'မီးလေး၊မမနောက်ကျသွားတာSryနော်၊မမမေ့သွားလို့´
'ထင်သားပဲ၊ကဲ..အဲ့တော့အပြစ်ရှိတဲ့မမကိုအပြစ်ပေးရမယ်၊လှည်းတန်းမှာမုန့်လိုက်ဝယ်ကျွေး´
'ဟုတ်ပါပြီ၊ဒါဆိုရှင်ပြန်တော့´
'မမကလည်းကျေးဇူးရှင်ကိုမုန့်လိုက်ဝယ်ကျွေးမှပေါ့´
'မီးလေးရယ်၊သူလည်းပင်ပန်း...´
'စားမယ်´
'ဟမ်´
'မုန့်လိုက်စားမယ်´
'အာ...အင်းပါ၊အားမနာတတ်လိုက်တာ´
'မမကလည်း´
မဟူရာမကြားချင်ယောင်ဆောင်နေလိုက်သည်၊လှည်းတန်းမှာငါးကင်ထိုင်စားနေကြရင်း
'မမမီးအကျီ ၤသွားကြည့်ဦးမယ်´
'အေးအေး´
'မင်းအဖေကကော´
'ဟင်´
'မင်းအဖေသေသွားပြီလား´
'ဟင့်အင်း၊ထောင်ထဲမှာ´
'....´
အံသြစွာကြည့်နေသည့်မဟူရာကိုမေယွန်းပြုံးကာ
'ဖေဖေကနိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့တစ်သက်တစ်ကျွန်းကျနေတာလေ´
'နိုင်ငံရေးသမားလား´
'အင်း၊ကျွန်မရှေ့နေဖြစ်ချင်ခဲ့တာဖေဖေကြောင့်၊ဖေဖေကိုထောင်ထဲကထုတ်ပေးချင်ခဲ့တာ၊သို့သော်အချိန်ကာလတခုမှာသိလိုက်ရတာကဖေဖေအမှုကိုအစဆွဲထုတ်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာ၊ရှင်ပြောတာမှန်တယ်၊လူတွေကယုတ်မာကြတယ်၊ငွေကအရေးကြီးဆုံးပဲဆိုတာ´
'......´
'ရှင့်အဖေကော´
'ဆုံးသွားပြီ´
'ရောဂါနဲ့လား၊´
'မဟုတ်ဘူး၊ကားမှောက်တာ´
'စိတ်မကောင်းပါဘူး၊´
'တို့မသင်္ကာဘူး´
'ဘာကိုလဲ´
'ဖေဖေသေသွားတာ၊´
'ဖေဖေသေသွားတာဆိုတော့၊ရှင့်အမေကကော´
'ကိုမာဝင်နေတာလေ´
'ဘယ်တုန်းကဖြစ်သွားတာလဲ´
'ယုယကိုမွေးတုန်းက၊မောင်နဲ့မန္တလေးပါအိမ်မှာရောက်နေတုန်းမေမေရယ်ဖေဖေရယ်၊မောင်မေမေရယ်ကရန်ကုန်ကမန္တလေးအတတ်မှာကားမှောက်တာ´
'ဘယ်သူကိုသံသယဝင်တာလဲ´
'မောင်အမေကို´
'ဘာလို့လဲ´
'ရန်ကုန်ကအထွက်မှာမောင်အမေကတံတားဦးမှာကျန်ခဲ့တယ်၊အဲ့တာကြောင့်တို့မသင်္ကာတာ´
'ရှင်ပြောချင်တာသူကရှင့်မိဘတွေကိုသတ်ခဲ့တယ်လို့ပြောတာလား´
'အင်း´
YOU ARE READING
law of love(Completed)
Romanceမေယွန်း ကျွန်မရှေ့နေသက်တမ်း၅နုစ်မှာရှင်လိုမိန်းမမျိုးတခါမှမမြင်ဖူးဘူး၊မိန်းမသိက္ခာကျတယ်ရှင့်! မဟူရာ ဒါမင်းစောက်ကြောင်းလေ၊မေယွန်း၊ တရားရင်ဆိုင်ရန်ငှားလိုက်သောရှေ့နေနဲ့.... Erica ဥပဒေဘက်တော့သိပ်မသိတာကြောင့်အမှားပါရင်အရင်ဆုံးတောင်းပန်အပ်တယ် Unicode မယှေ...