'ရွင္အေမကိုအခုဘယ္မွာထားလဲ´
မေယွန်းဖုန်းထုတ်ကာ
'သူတို့ကဘယ်လို´
'သုတ!´
'မေမေ၊´
'မေမေ!´
'ကြားတယ်နော်၊သွားကြပါ´
'သားကိုထားခဲ့မောင်၊´
'....´
'လိင်တူချစ်တာကိုလား´
'ဟုတ်ကဲ့ပါ၊တစ်ပွဲပဲ´
'အန်တီကလည်း၊တပွဲပဲ´
'မရဘူး၊အိပ်တော့´
'မင်းလည်းအိပ်လေ၊´
'မေမေ၊ကြိုက်နေတာလား´
'အန်တီရေ!´
'ယုယ...´
'ရှင်...ဘာလုပ်တာလဲ´
'...အင်း..အင်းပါ´
'အန်တီ!´
'အေး၊ပြောသမီး´
'ယုယ!´
'မေမေ!မလုပ်နဲ့!´
'ဘယ်လိုလုပ်မှာလဲ´
'မေမေဗိုက်ဆာတယ်၊´
'ဘာစားကြမလဲ´
'မုန့်တီ!´
'မြီးရှည်!´
'မင်းကော´
'ဒေါ်မဟူရာ...´
Unicode
'ရှင်အမေကိုအခုဘယ်မှာထားလဲ´
'မန္တလေးကအိမ်မှာ၊ရှင်သူ့ကိုသွားကောကြည့်ဖြစ်ရဲ့လား´
'မကြည့်ဖြစ်ဘူး၊တို့သွားမယ်လုပ်တိုင်းမောင်အမေကပြသာနာရှာတယ်´
'နေဦး၊ဒါဆိုရဲဘက်ကိုဆက်သွယ်ကြည့်တာကောင်းတယ်၊ကျွန်မသူငယ်ချင်းရဲမှူးကိုအကူအညီတောင်းကြည့်မယ်´
မေယွန်းဖုန်းထုတ်ကာ
'ဟယ်လို၊ကိုဇွဲ၊အင်းညီမလေမေယွန်း၊ဟုတ်တယ်ဟိုလေညီမတစ်ခုစုံစမ်းချင်လို့၊ကားaccidentတခုလေ၊မန္တလေးမြို့အဝင်မှာဖြစ်တာလေ၊Logo companyပိုင်ရှင်လေသိလား´
တော်တော်ကြာကြာစကားပြောပြီးတော့ဖုန်းချလိုက်ကာ
'သူတို့ပြောတာပုံမှန်လူသေမှုလို့ပြောကြတယ်တဲ့၊ရဲဘက်မှာအဲ့အမှုကတော်တော်နာမည်ကြီးသွားတာတဲ့၊တချို့ကလည်းလုကာပ်ကြံမှုတဲ့၊ရှင်ဘာကြောင့်ဘာမှမသိထားရတာလဲ၊´
'တို့မီးဖွားပြီးဘာမှမသိခဲ့ရဘူး၊တို့ဖေဖေသေတာကိုမီးတွင်းထဲကထွက်မှသိရတာ၊မေမေနဲ့တောင်သိသိချင်းချက်ချင်းပေးမတွေ့ဘူး´
'ဒါဆိုသေချာနေပြီ၊ရှင်တွေးတာမမှားနိုင်ဘူး၊ရှင့်ယောက္ခမကလောင်းကစားတွေဘာတွေလုပ်လား´
'လုပ်တယ်၊မောင်တို့နဲ့မညားခင်၃လလောက်မှာသူတို့မိသားစုcompanyဒေဝါလီခံသွားရတာ၊မောင်အမေကအဲ့ခါမှအသည်းအသန်တို့နဲ့လက်ထပ်ခိုင်းတာ´
'တရားခွင်ဝင်မယ်နေ့ကနောက်တစ်ပတ်လောက်မှဆိုတော့....မန္တလေးတချက်သွားရအောင်´
'အင်း၊ဒါဆိုအိမ်ပြန်ကြမယ်´
မေယွန်းအိမ်မှာလိုအပ်တာအမြန်ယူကာကားပေါ်တတ်မှ
'မောင်နဲ့၊သူ့အမေအိမ်ရောက်နေတယ်၊သမီးဖုန်းဆက်တယ်´
'သူတို့ကဘယ်လို´
'ဘယ်လိုသိသွားလဲတော့မသိဘူး၊သုတကလိုက်သွားတယ်၊ယုယကကျန်ခဲ့တယ်တဲ့´
မဟူရာအိမ်အမြန်ပြန်တော့အိမ်တွင်မင်းသိုက်နုင့်သူအမေကိုတွေ့သည်၊
'သုတ!´
'မေမေ၊´
ကလေးကမအေဆီလာချင်ပေမဲ့လက်မောင်းကနေအတင်းဆွဲထားတာကြောင့်ရုန်းကန်နေသည်၊
'သားကိုလွှတ်လိုက်၊မောင်၊´
'မင်းငါနဲ့ပြန်လိုက်ခဲ့၊မဟူရာ´
'မောင်နားမလည်ဘူးလား၊သားကိုလွှတ်လိုက်၊´
'တော်ပါအေ၊ငါ့မြေးတွေကိုငါပြန်ခေါ်သွားမယ်´
'ကျွန်မဝမ်းနဲ့လွယ်မွေးထားရတာပါ၊သားနဲ့သမီးကိုယ်တိုင်လည်းကျွန်မနဲ့နေဖို့ဆန္ဒရှိတယ်´
'ညည်းလိုအကျင့်ပျက်တစ်ယောက်နဲ့ငါ့မြေးတွေကိုမထားနိုင်ဘူး၊ယုယဘယ်မှာလဲ´
'မေမေ!´
ယုယလေးကမိခင်ကိုပြေးပြီးပွေ့ဖက်သည်၊မဟူရာသမီးဖြစ်သူကိုချီလိုက်သည်၊
'ကျွန်မမန္တလေးအိမ်ကိုသွားမယ်၊ကျွန်မအမေနဲ့တွေ့မယ်၊သားနဲ့သမီးကိုခေါ်သွားမယ်၊´
'မဟူရာ၊မင်းကိုယ်ာကိုဘယ်တုန်းကများဒီလိုတွေလုပ်ရဲလာသလဲ´
'မောင်အပေါ်ကျွန်မဒီလိုတွေမလုပ်ခဲ့ဘူး၊မျက်စိပိတ်နားပိတ်ကျွန်မနေခဲ့တယ်၊မောင်သိရမှာကကျွန်မကရှင်အရင်ကတွေ့ခဲ့တဲ့မဟူရာမဟုတ်ဘူး၊ကျွန်မဘဝကျွန်မပိုင်တယ်၊ရှင်အမေဘာတွေလုပ်ခဲ့လဲဆိုတာကျွန်မခန့်မှန်းမိနေပြီ၊´
'မင်းအမေကိုပြောစရာမလိုဘူး၊မဟူရာ၊´
'ပိုင်နက်ကျူးလွန်မှု၊ကလေးအခွင့်အရေးချိုးဖောက်မှု၊ကလေးလက်မောင်းကိုအဲ့လောက်ညစ်ကိုင်ထားရင်နာကျင်အောင်လုပ်တဲ့အမှုတစ်မှုပါထပ်တိုးမယ်၊သူများမိသားစုထဲဝင်မပါချင်ပေမဲ့လွန်နေပြီရှင့်၊ရဲခေါ်ရမလား၊ဒေါ်မဟူရာ၊´
'နေပါစေ၊သူ့အသိစိတ်ဓာတ်နဲ့သူထွက်သွားပါစေ´
'ကြားတယ်နော်၊သွားကြပါ´
သုတလေးကိုဆွဲကာထွက်သွားတဲ့ဦးမင်းသိုက်ကို
'သားကိုထားခဲ့မောင်၊´
ကလေးကိုထားခဲ့ကာထွက်သွားတော့
'သွား၊အဝတ်အစားသွားထည့်ကြ၊မေမေတို့မန္တလေးတက်ကြမယ်´
ကလေးများကိုကျောင်းကိုခွင့်တိုင်ကာမန္တလေးကိုတတ်လာကြသည်၊
'မီးလေး၊မေမေကိုဆေးတိုက်လိုက်နော်....မမနောက်တစ်ပတ်ရုံးချိန်းမှီပြန်လာခဲ့မယ်နော်၊မမသိပါတယ်၊အင်းပါ၊မီးလေးလည်းဂရုစိုက်....ဒါပဲနော်´
ဖုန်းချပြီးမဟူရာကိုတချက်ကြည့်နေချိန်
'မေမေ၊ညီမလေးကပြောတယ်၊ဒီအန်တီကမေမေရည်းစားဆို!´
ကလေးများကိုမေယွန်းကြောင်ကာကြည့်နေမိသည်၊မဟူရာကတော့အေးဆေးတည်ငြိမ်စွာ
'ယုယပေါက်ကရတွေပြောတာရပ်၊အိပ်တော့´
'မေမေသမီးမအိပ်ချင်ဘူး၊´
'Gummy bearတွေမစားနဲ့တော့၊ကြားလား၊နုစ်ယောက်စလုံး၊သုတTabletသိမ်းမယ်၊အိပ်တော့၊၉နာရီရှိနေပြီ´
'ကားပေါ်မှာမအိပ်ချင်ဘူး၊မေမေသားပြောတာမဖြေသေးဘူး´
'....´
'အန်တီဟုတ်လား၊အန်တီကမေမေရည်းစားဆိုတာ´
'မဟုတ်ပါဘူး၊မဟုတ်ဘူး၊ဒေါ်မဟူရာဖြေလေ၊မဟုတ်ဘူးလို့´
'ဘာလဲ၊မင်းကကြောက်တာလား၊တို့ရည်းစားဆိုတော့လားဘာအရေးလဲ၊ဘာနစ်နာလို့လဲ´
'ကျွန်မမကြိုက်ဘူးရှင့်´
'လိင်တူချစ်တာကိုလား´
'ဟင့်အင်း၊ရှင့်ကိုမကြိုက်တာ´
'ဒါဆိုလိင်တူချစ်တာကိုကော´
'ကျွန်မချစ်တဲ့သူကဘယ်လိုပုံစံပဲဖြစ်နေပါစေ၊ကျွန်မချစ်မှာ၊မိန်းမဖြစ်စေ၊ယောကျာ်းဖြစ်စေ၊သစ္စာရှိပြီးယုံကြည်ပေးရင်ရပြီ၊ကျွန်မဘက်ကရပ်တည်ပေးမယ်သူမျိုး´
'.....သုတမင်းကိုမေမေပြောနေတယ်လေ၊gameမဆော့တော့နဲ့တော့လို့´
'ဟုတ်ကဲ့ပါ၊တစ်ပွဲပဲ´
မေယွန်းTabletကိုယူလိုက်ကာ
'မေမေစကားနားထောင်လေ၊သားရဲ့´
'အန်တီကလည်း၊တပွဲပဲ´
'မရဘူး၊အိပ်တော့´
ဆူပုတ်နေတဲ့ကောင်လေးကစောင်ခြုံပြီူအိပ်သွားသည်၊
'မင်းလည်းအိပ်လေ၊´
'ရတယ်၊ရှင်နဲ့အဖော်လုပ်ပေးမယ်၊မဟုတ်ရင်ရှင်အိပ်ငိုက်နေမယ်´
နာရီတော်တော်ကြာမောင်းလာလိုက်ရာယာဉ်ရပ်နားစခန်းတခုတွင်ဝင်ရောက်နားရန်ရပ်လိုက်သည်၊မေယွန်းကိုတချက်ကြည့်ကာ
'ပြောတော့၊အဖော်ပြုပေးမယ်တဲ့၊အခုကျအိပ်နေတာသိုးနေတာပဲ´
'မေမေ၊ကြိုက်နေတာလား´
ဂျယ်လီစားရင်းယုယလေးကပြောနေသည်၊
'ယုယ၊Gummy bearတွေစားတာရပ်စမ်း´
'အန်တီရေ!´
ကလေးမထအော်တာကြောင့်မဟူရာမေယွန်းနားကိုအသာအယာလက်ဖြင့်အုပ်လိုက်သည်၊
'ယုယ...´
'ရှင်...ဘာလုပ်တာလဲ´
နီးကပ်နေတဲ့အနေအထားကြောင့်မေယွန်းရှက်သွားသည်၊
'သမီးအော်လိုက်တာမင်း..မင်းနိုးသွားမှာစိုးလို့၊´
'ရတယ်၊နောက်...နောက်ဆိုအဲ့လိုမလုပ်ပါနဲ့´
'...အင်း..အင်းပါ´
နုစ်ယောက်သားစကားများအထစ်ထစ်အငေါ့ငေါ့ပင်ဖြစ်ကုန်သည်
'အန်တီ!´
'အေး၊ပြောသမီး´
'မေမေကလေ၊အန်တီကိုထိုင်ကြည့်နေတာ´
'ယုယ!´
'မေမေမျက်လုံးကြီးကအန်တီဆီရောက်နေတာသမီးမျက်စိနဲ့တွေ့လိုက်တာ´
'ကျွန်မTiloetခဏသွားဦးမယ်´
မေယွန်းထွက်သွားတော့ယုယခွက်ထိုးခွက်လန်ရယ်နေသည်၊မဟူရာဂျယ်လီထုတ်ကိုယူလိုက်ကာ
'ယုယ၊မင်းကိုမေမေဂျယ်လီထပ်မကျွေးတော့ဘူး´
'မေမေ!မလုပ်နဲ့!´
မဟူရာကားထဲကထွက်ကာမတ်တပ်ရပ်နေသည်၊
'နင်ဘယ်လိုသိတာလဲ၊မေမေနဲ့အဲ့အန်တီကရည်းစားတွေပါလို့´
'ရည်းစားမဖြစ်သေးဘူး၊ကိုကို၊သမီးတို့လုပ်ပေးရအောင်´
'ဘယ်လိုလုပ်မှာလဲ´
'ဟိုရောက်မှplanဆွဲကြမယ်လေ´
ကလေးနုစ်ယောက်ဟာအတိုင်အဖောက်ညီစွာမေယွန်းနဲ့မဟူရာနီးစပ်ရေးကြိုးစားပေးနေကြသည်၊
မနက်စောစောမန္တလေးထဲဝင်လာကြသည်၊
'မေမေဗိုက်ဆာတယ်၊´
'ဘာစားကြမလဲ´
'မုန့်တီ!´
'မြီးရှည်!´
တစ်ယောက်တစ်မျိုးထအော်ကြတဲ့ကလေးတွေကြောင့်မေယွန်းပြုံးနေသည်၊
'မင်းကော´
'ရတယ်၊ကလေးတွေကြိုက်တာစားပါစေ´
ဆိုင်တစ်ဆိုင်ဝင်ကာမနက်စာစားကြသည်၊မန္တလေးဆိုသည်နုင့်မနက်နိုးထလာချိန်မှစ၍ညဘက်လူခြေတိတ်ချိန်ထိဆိုင်ကယ်သံများနုင့်သက်ဝင်လှုပ်ရှားသောမြို့ပြဖြစ်သည်၊ကျုံးဘေးမှာလေ့ကျင့်ခန်းလုပ်သူများနုင့်စည်းကားနေပြီးဆိုင်ခန်းများလည်းစတင်အသက်ဝင်လှုပ်ရှားစပြုနေသည်၊မေယွန်းမန္တလေးကိုပထမဆုံးရောက်ဖူးသူဖြစ်၍သဘောကျကာဓာတ်ပုံရိုက်နေသည်၊
'အန်တီတောသားမြို့တက်သလိုပဲ´
မေယွန်းယုယစကားကြောင့်ရယ်ချလိုက်သည်၊မဟူရာကြည့်မိသည်၊ပညာဂုဏ်မောက်သောမိန်းကလေးဟာဒီလိုကျပြန်တော့လည်းရိုးရှင်းလှပပါသည်၊
အိမ်ရောက်သည်နုင့်မဟူရာမိခင်ရှိရာအခန်းထဲဝင်နေသည်၊
မေယွန်းအထုတ်တွေချပြီးမဟူရာကိုလိုက်ရှာရာမိခင်လက်ကိုဆုပ်ကိုင်ကာထိုင်နေသည့်သူမကိုတွေ့တော့
'ဒေါ်မဟူရာ...´
'သြော်Sryနော်၊အထုတ်တွေချဖို့မေ့နေတယ်´
'ကျွန်မချလိုက်ပြီ၊ဒါရှင့်အမေလား´
'အင်း၊ရှင်ကရှင်အမေနဲတူတယ်´
'မေမေကတို့ကိုမွေးတော့၊အနက်ရောင်ကျောက်ကလေူလိုမဲနက်နေတဲ့မျက်လုံးတွေဆံပင်တွေကြောင့်မဟူရာလို့မှည့်လိုက်တာ၊´
'ရှင့်အမေမှန်ပါတဟ်၊ရှင်မျက်လုံးတွေကသိပ်လှတယ်´
အကြည့်ချင်းဆုံးချိန်ခဏလေးတောင်မှရင်ခုန်သံဟာအလွတ်မပေးပေ၊
ESTÁS LEYENDO
law of love(Completed)
Romanceမေယွန်း ကျွန်မရှေ့နေသက်တမ်း၅နုစ်မှာရှင်လိုမိန်းမမျိုးတခါမှမမြင်ဖူးဘူး၊မိန်းမသိက္ခာကျတယ်ရှင့်! မဟူရာ ဒါမင်းစောက်ကြောင်းလေ၊မေယွန်း၊ တရားရင်ဆိုင်ရန်ငှားလိုက်သောရှေ့နေနဲ့.... Erica ဥပဒေဘက်တော့သိပ်မသိတာကြောင့်အမှားပါရင်အရင်ဆုံးတောင်းပန်အပ်တယ် Unicode မယှေ...