Part 21

2.3K 186 5
                                    

တရားခွင်တွင်မဟူရာအားအပြစ်ပေါ့လျော့စေရန်မေယွန်းကြိုးစားသော်လည်းထောင်ဒဏ်၇နှစ်နှင့်ငွေဒဏ်ကျသင့်သွားသည်၊
'ကိုဇွဲ၊ညီမသူနဲ့စကားပြောချင်လို့ပါ၊ကူညီပါအကိုရယ်´
'အင်းပါ၊အကိုပြောပေးမယ်´
'ကျေးဇူးပါအကိုရယ်´
မေယွန်းကိုရဲစခန်းရဲအခန်းတစ်ခုစောင့်နေသည်၊
မျက်ရည်မကျစေရန်မိမိကိုယ်ကိုထိန်းထားသည်
သူမရှေ့မငိုဘူး
သို့သော်စူးရှတဲ့ဒီမျက်ဝန်းတွေ
သြဇာအပြည့်နဲ့အသံလှိုင်း
မိန်းမတစ်ယောက်ပေ့မဲ့အချိုးကျခန့်ညားနေတဲ့မျက်နှာ
ဒီရင်ခွင်ကျယ်ကျယ်ကြီးကငိုအောင်လုပ်ပြန်တယ်
ထောင်ဝတ်စုံလဲလိုက်တဲ့သူမကိုပြေးဖက်ကာအော်ဟစ်ငိုမိသည်၊
'တစ်နာရီအချိန်ရတယ်၊လက်ထိတ်သော့သွားတောင်းလိုက်ဉီးမယ်´
'ဟုတ်အကို၊ကျေးဇူးပါ´
ဒီမျက်ဝန်းတွေကပြတ်သားကြည်လင်နေသည်၊
မိမိပါးကိုရှိုက်ကာနမ်းတော့ပိုငိုချင်သည်၊
'မငိုနဲ့လေကွယ်၊သေသွားတာမှမဟုတ်တာ´
'ဒါတွေအားလုံးငယ်ကြောင့်၊ငယ်ကြောင့်ငယ်ဘေးကလူတွေဒုက္ခရောက်တာ၊ဖေဖေတုန်းကလည်းထောင်ထဲတောင်မထွက်နိုင်ခဲ့ဘူး၊အခုလည်း မ ကိုထောင်ထဲပို့မိပြန်ပြီ၊ငယ်သေသင့်တယ်၊ငယ်အမှား၊ငယ်ကိုခွင့်မလွှတ်ပါနဲ့´
ငိုနေတဲ့ကလေးမပါးတွေကိုလက်နှစ်ဖက်နဲ့ဖိညှစ်တော့နှုတ်ခမ်းကလေးကထော်လာသည်၊
မျက်ရည်တွေကျထားတော့မျက်နှာကရဲတွက်နေသည်၊
အသည်းယားလွန်းလို့သေတော့မှာပါပဲ
စိတ်ဓာတ်ကျနေတဲ့ကလေးလေးမျက်နှာနေရာအနှံ့ကိုနမ်းလိုက်ကာ
'မင်းအပြစ်မဟုတ်ဘူး၊မင်းကိုမင်းအပြစ်တင်နေတာကတို့ကိုအပြစ်တင်နေသလိုပဲဆိုတာမတွေးမိဘူးလား၊ကလေးမရဲ့၊´
ပင့်ရှိုက်ကာငိုကြွေးနေသည့်ဒီကလေးကိုဘယ်နှယ့်ထားခဲ့ရပါ့
'အချုပ်ထဲမှာနေတုန်းကအချုပ်စောင့်တဲ့ရဲကရေဒီယိုဖွင့်တော့လေစိုင်းထီးဆိုင်သီချင်းကိုနားထောင်ခဲ့ရတယ်´
မေယွန်းမော့မကြည့်ပဲရင်ခွင်ထဲခေါင်းအပ်ကာငိုနေတော့
'ဘယ်ဆီကိုရောက်လို့လေ ဘယ်လောက်ပဲ
ဝေးရလည်း ဘယ်တော့မှအထီးကျန်မဆန်ခဲ့....
ရင်ထဲကတမ်းတလိုက်ရုံလေးနဲ့
ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိတယ်
လူတွေက ကိုယ်တို့နှစ်ယောက်ခွဲရလို့
အကုန်ဝိုင်းပြီးသနားကြသတဲ့
အချစ်ကလေးရယ်´
ခေါင်းမော့လာတဲ့ကလေးမျက်နှာကမျက်ရည်များကိုသုတ်ပေးလိုက်ကာဖက်ထားလိုက်သည်
'သားနဲ့သမီးကိုစောင့်ရှောက်ပေးပါဉီး၊ငယ်´
'ဘာမှမပူနဲ့နော်၊ငယ် မ ကိုလွတ်အောင်လုပ်ပေးမှာမို့လေမပူပါနဲ့နော်´
'ဟုတ်ပါပြီ၊ကလေးရယ်၊မငိုနဲ့တိတ်´
ဒီကလေးငယ်လက်ကိုလွှတ်ဖို့ဒီလောက်တောင်ခက်ခဲရသလဲ
အချုပ်ကားပေါ်ကနေသူမမျက်နှာကိုကြည့်လို့မဖြစ်ဘူး
သူမငိုနေမှာ၊ငါ့မပြတ်သားလို့မရဘူး
ဘယ်လောက်များကြာနိုင်မှာမို့လို့ငါ​ကြောက်နေရမှာလဲ
နေရမည့်နေရာမှာတိုက်ဆိုင်စွာဒေါ်နန်းမြိုင်ကိုတွေ့သည်၊
'ညည်းရောက်လာပြီပဲ´
မဟူရာကပြုံးကာဒူးထောက်ချလိုက်သည်၊
'အန်တီသမီးကအန်တီကိုချစ်တဲ့လိုပြောပေးဖို့ပြောလိုက်ပါတယ်၊´
'ပြောစမ်းပါဉီး၊ဘာအမှုနဲ့လဲ´
'လူသတ်မှု´
'ဟမ်´
'အန်တီသမီးကသူကိုယ်သူသတ်ပြီးကျွန်မကိုအမှုဆင်သွားတာပါပဲ၊အခုသူပြောခိုင်းတဲ့အရာကိုကျွန်မပြောပြီးပြီဆိုတော့ကျွန်မရိုင်းပျမှုတွေကိုတောင်းပန်သလို၊အန်တီတို့သားအမိကိုလည်းခွင့်လွှတ်တာမို့၊ရပ်လိုက်ရအာင်လား၊ကျွန်မတို့ကြောင့်လူတွေသေနေတာမြင်မကောင်းတော့ဘူးလေ´
'ဒါဆိုငါသမီးက...´
'စိတ်မကောင်းစွာပဲဆုံးသွားပါပြီ´
ဒေါ်နန်းမြိုင်သူအတ္တကြောင့်သမီးကိုဆုံးရှုံးရတာသိတော့ဝမ်းနည်းသွားသည်၊
'ရှင်မင်းလေး.....ငါ့သမီးလေး.....´
သွေးရင်းသားရင်းလိုချစ်ခဲ့ရတဲ့သမီးငယ်ဟာဆုံးပါးပြီးဆိုတော့မျက်ရည်နဲ့နောင်တကလွဲပြီးဘာမှမရှိတော့ပေ
အရာအားလုံးဟာလောဘတွေ၊အတ္တတွေကြောင့်သာဖြစ်ခဲ့ရတာမို့
နှစ်ယောက်ကြေအေးလိုက်ကြသည်၊
'မ ဘာလိုသေးလဲ၊ငယ်ဒီတခါဘာလချောင်ကြော်တို့ငပိကြော်တို့ထည့်ပေးထားတယ်၊ဆေးလည်းထည့်ပေးလိုက်တယ်၊´
'ဘာမှမလိုပါဘူးကွယ်၊သမီးတို့ကော´
'သမီးလေးတို့ကိုခေါ်မလာချင်ဘူး၊မိခင်ဒီလိုမျိုးဖြစ်နေတာကိုမမြင်သင့်ဘူးထင်တယ်´
'သြော်အင်းပါလေ´
'အမှုကိုပြန်ကြားနာတော့မယ်မ´
'ကျန်းမာရေးဂရုစိုက်ပါငယ်၊မကိစ္စအတွက်နဲ့မင်းပိန်နေပြီဆိုတာလည်းသတိထား´
အသေးစိတ်ကအစသိနေတဲ့သူမကြောင့်မျက်ရည်ကျမိသည်
'ငယ်မငိုပါနဲ့ကွာ၊မ မင်းမျက်ရည်တွေကိုမသုတ်ပေးနိုင်ချိန်တွေမှာမင်းအတတ်နိုင်ဆုံးမင်းမျက်ရည်ကိုထိန်းပါ၊ငယ်မျက်ရည်ကျတာကို မ လည်းခံစားရတာမို့၊ကျေးဇူးပြုပြီမျက်ရည်မကျပါနဲ့ငယ်´
မေယွန်းမျက်ရည်များကိုသုတ်ကာချစ်သူကိုပြုံးပြလိုက်သည်၊
ဒီလက်တွေကိုပြန်လည်ဆုပ်ကိုင်ဖို့အရေးကြိုးစားရပြန်ပေဉီးမည်
ဒီရင်ခွင်ထဲပြန်ခိုနားဖို့အရာရာစွန့်ရလည်းဖြစ်ပါပေတယ်
အချစ်ရယ်၊ဘာမှမလိုဘူး
လိုတာမင်းပဲမို့
မင်းကိုပြန်ရဖို့ရာကိုယ့်အသက်ထက်ကိုအရေးကြီးတယ်
ဒီမျက်ဝန်းတွေတဖက်တချက်စည်းတွေကြောင့်ငေးနေရသော်လည်းကျေနပ်မှုမရပေ၊
အနီးအနားရောက်ဖို့အရေးငယ်ကြိုးစားပေရဉီးမည်
တထစ်ရှိငိုဖို့ကြံနေမိတာတွေကိုရပ်တန့်ကာအခင်းနေရာတွေကိုသေချာစစ်ဆေးပြီးအချက်အလက်များပြန်ထုတ်ကာမဟူရာမှာအပြစ်မရှိကြောင်းရုံးတော်တင်လိုက်သည်၊
'အဆင်ပြေတယ်၊ရုံးကစာကျရင် မ လွတ်ပြီ´
'အင်း´
'မပျော်ဘူးလား´
'ပျော်တာပေါ့၊လူဆိုးမလေးကိုအပြစ်ပေးရဉီးမယ်´
မေယွန်းစိတ်လှုပ်ရှားနေမိသည်၊
စာကျသည်နှင့်နောက်နေ့မှာမဟူရာလွတ်မည်မို့စောင့်ရန်သွားလေတော့တော်တော့နဲ့ထွက်မလာ၊ထောင်စောင့်ကိုမေးတော့ကားတစ်စီးလာခေါ်သွားသည်ဟုဆို၍ပူထူသွားသည်၊
သွားတတ်သည့်နေရာများကိုသွားကြည့်သော်လည်းမတွေ့
ခဏအကြာဖုန်းဝင်လာသည်
လူကတုန်ယင်နေသော်လည်း
'ဟယ်လို၊´
'မေယွန်း၊မင်းချစ်သူငါတို့လက်ထဲမှာ´
'ရှင်တို့ရူးနေလား!သူကိုမထိနဲ့!´
'မသေစေချင်ငါတို့ပြောတဲ့နေရာကိုလာခဲ့´
ထိုဖုန်းကျသွားသည်နှင့်ဖုန်းထဲကလူပြောသည့်နေရာကိုအရောက်သွားသည်၊
အထဲရောက်တော့ကုလားထိုင်ပေါ်ကလူလို့ထင်ရသည်အရာကိုသေနတ်နဲ့ပစ်သံအကျယ်ကြီးကြားလိုက်သည်၊
မေယွန်းလန့်ကာတချက်တွန့်သွားပြီး
မဖြစ်ဘူးဟုအကြိမ်ကြိမ်ရေရွတ်နေသည်၊
'မ!မ!´
အပြေးသွားတော့ခုံပေါ်ကလူမဟုတ်ပဲအရုပ်ဖြစ်နေသည်၊
ထိုအချိန်မေယွန်းနောက်မှ
'ဝါး!´
'အား!´
မေယွန်းလန့်ကာမျက်နှာကိုဖြတ်ထိုးလိုက်သည်
မဟူရာလည်းနောက်လှန်ကျကာမေယွန်းလက်လည်းနာသွားသည်
'ငယ်!´
မဟူရာနာသွားတော့အော်လိုက်ပေ့မဲ့မေယွန်းကတော့မျက်ရည်များပိုးပိုးပေါက်ပေါက်ကျကာမတ်တပ်ကလေးငိုနေသည်၊
'ဆောရီးပါ၊မငိုနဲ့တော့´
အငိုမတိတ်တဲ့အပြင်ပိုလို့တောင်အော်ဟစ်ငိုကြွေးလာသည်၊
'နာသွားလား´
'မနာပါဘူး၊မငိုနဲ့တော့နော်´
တင်းကြပ်စွာဖက်ထားပြီးအလွမ်းသယ်ကြသည်၊
ဒီနှုတ်ခမ်းလေးကိုလွမ်းနေရသည်မှာရက်ပေါင်းများစွာ
ထို့ကြောင့်အချိန်ကြာကြာနီးကပ်လိုက်သည်၊
သူမရင်ခွင်ရဲ့နွေးထွေးမှုတွေ
ချိုမြမြအနမ်းတြွေပန်ခံစားရသည်
'မ ကိုပြစရာရှိတယ်´
ကားပေါ်မှာရှိနေချိန်တောင်သူမလက်တွေကတင်းကြပ်အောင်ဆွဲကိုင်ထားတုန်း
မဟူရာမျက်လုံးတွေကိုပဝါနဲ့စည်းကာခြံရှေ့ရပ်လိုက်သည်
'ဖြုတ်လို့ရပြီ´
စက္ကူပန်းအပန်းရောင်တွေခြုံလွှမ်းထားတဲ့ခြံလေး
သူမထားခဲ့တုန်းကနှင့်မတူပဲရိုးရှင်းစွာလှပနေသည်၊
'သဘောကျရဲ့လား မ´
'သဘောကျတာထက်ပိုတယ်ငယ်´
မျက်ရည်များကျမိသည်
ဒီအိမ်ကလေးမှာချစ်တဲ့သူတွေနဲ့အချိန်ကုန်ဆုံးမည်ဟုတွေးထားသည်
ဘဝသစ်တစ်ခု
ထိုဘဝထဲမှာသားရယ်သမီးရယ်၊ချစ်ရတဲ့သူမရယ်သာရှိသည်
အချစ်တွေနဲ့ပြည်နှက်နေပါစေ
ရယ်သံမောသံများခြုံလွှမ်းနေပါစေ
လေပြေအေးများတိုက်ပါစေ
ချစ်တဲ့သူလက်ကိုကိုင်ကာဒီအိမ်ကိုဝင်လိုက်သည်နှင့်ပျော်နေမိသည်
အိမ်ပုံစံကိုပြန်ပြင်ထားပုံကသဘောကျစရာပင်
ဒီတစ်နေ့တော့လွမ်းနေမိသည်အငွေ့အသက်များကိုအပြည့်အဝခံစားပစ်သည်
အကောင်းစားဇိမ်ခံကုတင်မဟုတ်ပဲလေထိုးမွေ့ရာပေါ်၌လည်းသုခဘုံကိုမဟူရာတွေ့ရှိလိုက်သည်
ဆောင်းရာသီမနက်ခင်းမြူနှင်းတို့ကိုနေသူရိန်ကဖြိုခွင်းနေလေပြီ
နေခြည်နွေးနွေးကိုမတပ်မက်ပါ
အနွေးဓာတ်တို့ကိုသူမဆီကသာရလိုသည်
အဝတ်ဗလာနှင့်ပင်ပန်းကာအိပ်နေသူလေးကိုမနိုးပဲမျက်နှာသစ်ရေချိုးကာအိမ်ပြင်ထွက်လာသည်
မကြာခင်မေယွန်းနိုးလာသည်
ဘေးကပိုင်ရာဆိုင်ရာလေးပျောက်တော့ရွှေပျောက်သလိုငွေပျောက်သလိုအင်္ကျီတောင်မဝတ်နိုင်ပဲစောင်ပတ်ကာဆင်းရှာသည်၊
မဟူရာကော်ဖီဖျော်နေတာမြင်တော့မှစိတ်သက်သာရာရသည်
မေယွန်းမဟူရာခါးကိုနောက်မှတင်းကြပ်စွာဖက်လိုက်သည်
'နိုးပြီလား´
'နိုးပြီ´
'မနက်စာဝယ်ထားတယ်၊စားလိုက်ဉီး´
'ဟုတ်´
'သားနဲ့သမီးကိုလည်းဒီမှာပဲနေခိုင်းတော့မယ်၊´
'ဟိုအိမ်ကကော´
'ငှားပေါ့၊မိဘအိမ်ဆိုတော့မရောင်းချင်ဘူး´
စကားတွေအများကြီးပြောဖြစ်ခဲ့သည်၊
နေလည်စာအတူချက်ပြုတ်ပြီး
ဧည့်ခန်းထဲမှာဇာတ်ကားထိုင်ကြည့်ကြသေးသည်၊
ဇာတ်ကားကြည့်ရင်းအိပ်ပျော်သွားတဲ့မဟူရာကိုရင်ခွင်ထဲကနေမေယွန်းငေးရင်း
ထိုင်ငိုက်နေတဲ့မဟူရာကိုသဘောကျကာဖုန်းနဲ့မှတ်တမ်းထားသည်၊
လေပြေတိုးတော့စက္ကူပန်းရုံတွေကလေနဲ့အတူယိမ်းနွဲ့နေသည်၊
မြေပြင်ပေါ်မှာပန်းခင်းကြီးကြဲချထားသလိုပင်ချစ်တဲ့သူကိုစောင်ခြုံပေးထားပြီးခြံထဲကပန်းတွေကိုအံသြမှင်သက်စွာကြည့်နေသည်၊
တစ်လှမ်းချင်းပွင့်ဖတ်တွေကို​နင်းရင်းဒီအလှတရားကိုသဘောကျနေသည်၊
ဘာကြောင့်လဲလောကကြီး
သိပ်ကိုလှနေပါလား၊
ချစ်တဲ့သူ​နဲ့အတူရှိနေပေလို့လား
ကောင်းကင်ကြီးကအပြာရောင်ပေါ်ဝယ်တိမ်လွှာများပြေးနေသည်၊
လှလိုက်တာဟုတွေးကာနေမိသည်၊
ဒါဟာအချစ်ကြောင့်ပဲ
ဒါဟာသုမကြောင့်ပဲ
သူမကိုယ့်ဘေးရှိနေလို့လောကကြီးရဲ့အလှတွေပိုနေတာပဲနေမည်
ဟုတ်ပါတယ်၊သူမကြောင့်ပဲ
ထိုအချိန်နောက်ကနေ
'အပေါ်ထပ်မဝတ်ပဲဘာရပ်လုပ်နေတာလဲ´
မဟူရာခြုံလွှာလေးခြုံပေးကာနှုတ်ခမ်းတို့ကိုနမ်းလိုက်သည်၊
'ဗိုက်ဆာပြီလား´
'ဆာပြီ၊သားနဲ့သမီးတို့ကိုဘယ်အချိန်သွားခေါ်ကြမလဲ´
'သြော်မေမေတို့ညနေလာမှာလေ၊ပါလာလိမ့်မယ်၊အင်္ကျီတွေပါယူခဲ့ဖို့ပြောထားတယ်´
'ထမင်းစားပြီးရေမိုးချိုးပြီးရင်ငယ်တို့ညနေအကင်ကင်စားမယ်၊အဲ့အတွက်ပစ္စည်းတွေသွားဝယ်ရမယ်´
'ဟုတ်ကဲ့ပါ၊သခင်မလေးသဘောပါ´
ပါးကလေးကိုနမ်းရှိုက်လိုက်တော့ကလေးငယ်ရှက်ပြုံးပြုံးတယ်
ထမင်းစားရေမိုးချိုးပြီးနှစ်ယောက်သားMallကိုထွက်လာကြသည်
'ဒါယူ´
'မယူဘူး´
'ယူလိုမှာပေါ့´
'မလိုဘူးလို့´
'ငယ်´
'ဘာကိုတုန်းတကယ်ပဲ´
စိတ်ဆိုးကာမဟူရာထွက်လာသည်
'ဘယ်လဲ!´
'ဘာမြှပန်မဖြေပဲထွက်သွားသူကိုစိတ်တိုစွာမမေးပဲထားလိုက်သည်၊
ခဏအကြာ
'ငယ်´
'ဘာလဲ´
နေကြာပန်းတပွင့်ကိုမျက်နှာကိုလွဲထားကာပေးနေသည်သူမ​ကိုကြည့်ကာပြုံးမိသည်၊
နေကြာပန်းလေးကိုယူကာမဟူရာပါးကိုနမ်းလိုက်သည်
'ကျေးဇူးပါရှင်´
ဒီကလေးငယ်ကထိုပန်းကလေးကိုအမြတ်တနိုးကြည့်နေသည်၊
မဝေးတော့တဲ့လှပတဲ့အနာဂတ်တွေကိုတွေးကာပျော်မိသည်
ထိုကလေးငယ်ကိုတင်းကပ်စွာဖက်ထားလိုက်သည်၊
ကလေးငယ်သဘောကျကာရယ်ပြီးပြန်ဖက်ထားသည်၊
ဘာတွေပဲဖြစ်ခဲ့ပါစေ
ဒီမိန်းကလေးကိုတော့အမြတ်တနိုးချစ်မိတာအမှန်ပင်
Ericaတရားခွင်အပိုင်းတွေကိုကျော်ရေးထားတယ်ဆိုတာlawကိုသေချာမသိပဲရေးမချချင်လို့ပါ၊
ဒါဟာစိတ်ကူးယဉ်ဇာတ်လမ်းပေ့မဲ့ဥပဒေနဲ့ပတ်သတ်ပြီးအမှားမပါချင်လို့ပါ

law of love(Completed)Donde viven las historias. Descúbrelo ahora