'သမီး...သမီးလာတယ်´
'ဟွန့်....သမီးတဲ့လား?´
'ဒါဆိုဘာကိစ္စလဲ´
'သြော်အဲ့ကားလား´
'အင်း´
'ဒါဆိုခဏလေးနော်´
'ရော့၊ကားသော့´
'ဘရိတ်...ဘရိတ်က....shit!´
'ဟယ်လို၊မဟူရာပြော´
'ဘယ်လိုဖြစ်တာလဲ!´
*ကျွီ!ဝုန်း!ချွမ်း!*
'ဟုတ်ကျေးဇူးပါ´
'မဟူရာ၊ရှင်မသေရဘူး´
အခန်းထဲကိုရဲများနုင့်စကားပြောပြီးဝင်လာသောမဟူရာအလောင်းကိုသူမအထင်နုင့်ဖက်ငိုနေသောမေယွန်းကိုကြည့်ကာရယ်တော့သည်၊
'ဟဟားဟားဟား´
'မဟူရာ!´
'အ!နာတယ်ကွ´
'ရှင်သေပြီထင်နေတာ!´
'ဟုတ်လား´
'ဘာဖြစ်သွားသေးလဲ၊´
'ဒါဆိုဖုန်းကကော´
'ဟူး...တော်သေးတာပေါ့´
'စိတ်ပူသွားပဲလား´
'စိတ်ပူတာပေါ့´
'ဘာလို့.....´
'....´
'မသိဘူး!´
'အင်း´
'ဘာကိုလဲ´
'ဟမ်?´
'မေမေ´
'ဟုတ်အန်တီ´
'မေမေတို့တွဲနေပြီလား´
'အင်း´
'ဟာ...´
'ဟုတ်ပါပြီရှင်´
'မင်းလည်းပြန်နားလေ´
'အင်းမင်းကောဆာပြီလား´
'အင်းဆာပြီ´
'မင်းဖုန်းလေးပေး´
'ကောင်းလား´
'မေယွန်းဘာဖြစ်လို့လဲ´
'မေယွန်း.....´
'အဆင်ပြေရဲ့လား´
'အင်းပြေပါတယ်´
'အင်း´
'တို့ဖက်ထားပေးရမလား´
'အင်း´
ရှိုက်သံများနုင့်အတူစိုစွတ်လာသောမဟူရာပခုံး၊
ခဏအကြာအငိုတိတ်ကာ
'ရှင့်လက်သက်သာလား´
'အင်း၊ပြေသလိုလိုပါပဲ´
'တို့ရှိတယ်မေယွန်း၊´
'ဘာအတွက်´
Unicode
မဟူရာမိခင်ဖြစ်သူနိုးလာဖို့သာမျှော်မှန်းနေသည်၊သူမမေ့နေခဲ့သည်၊ဖုန်းကောက်ဆက်ကာဖေဖေတို့မှောက်ခဲ့တဲ့ကားကိုပြန်လည်ပြင်ဆင်ကာသိမ်းထားသည့်နေရာမေးလိုက်သည်၊ချက်ချင်းသူမထိုကားရှိရာဦးမင်းသိုက်တို့အိမ်ကိုTaxiငှားကာသွားသည်၊
'မမလေး...အကြီးရေ!မမလေးရောက်လာတယ်´
ထိုအခါအပေါ်ထပ်ကကပြာကယာဆင်းလားလာသည့်မဟူရာယောက္ခမဒေါ်နန်းမြိုင်
'သမီး...သမီးလာတယ်´
'ဟွန့်....သမီးတဲ့လား?´
'မေမေကလေသမီးကိုမျှော်နေတာ၊မြေးလေးတွေကောမပါဘူးလား´
'မပါဘူး၊ဒါနဲ့ဒီကအန်တီသိထားရမှာကကျွန်မနဲ့မောင်ကတရားဝင်ကွာရှင်းထားကြတာ၊အဲ့တော့အန်တီနဲ့ကျွန်မကဘာမှမသက်ဆိုင်တော့ဘူးရှင့်´
ဒေါ်နန်းမြိုင်ချက်ချင်းမျက်နုာပျက်သွားသည်၊
'ဒါဆိုဘာကိစ္စလဲ´
'ဖေဖေတို့စီးခဲ့တဲ့ကားလေ၊ဒီအိမ်မှာဆိုလို့ပြန်လာယူတာပါ´
'သြော်အဲ့ကားလား´
'အင်း´
'ဒါဆိုခဏလေးနော်´
ဒေါ်နန်းမြိုင်ခဏအကြာပြန်ရောက်လာသည်၊
'ရော့၊ကားသော့´
မဟူရာကားသော့ယူကာထွက်လာတော့
'သွားလမ်းခရီးဖြောင့်ဖြူးပါစေ´
စိတ်ထဲထင့်စေသောစပးကားကိုမမူပဲထွက်လာသည်၊
ကားကအစကတေည့အကောင်းပင်ပေမဲ့ဘရိတ်ကိုနင်းတော့
'ဘရိတ်...ဘရိတ်က....shit!´
မဟူရာကားကိုထိန်းမရပေ၊သူမကြံရမရဖြစ်ကာမေယွန်းဆီဖုန်းဆက်လေသည်၊
'ဟယ်လို၊မဟူရာပြော´
'မေယွန်း!တို့ကားဘရိတ်မမိဘူး´
'ဘယ်လိုဖြစ်တာလဲ!´
'မောင့်အမေလုပ်တာ၊ဟုတ်တယ်!မောင့်အမေ!´
*ကျွီ!ဝုန်း!ချွမ်း!*
ဆူညံတချို့ကြောင့်မေယွန်းလန့်သွားသည်
'ဟယ်လို...မဟူရာ!မဟူရာဘာဖြစ်သွားသေးလဲမဟူရာ!´
ဖုန်းကကျသွားသည်၊မေယွန်းအသိစိတ်မဲ့စွာဖုန်းကိုပြန်ခေါ်နေသည်သို့သော်ဖြေကြားသူမရှိ၊မေယွန်းရုံးခန်းကိုအမြန်ပိတ်ကာထွက်လာသည်၊ခဏအကြာဆိုရှယ်မီဒီယာပေါ်သတင်းတတ်လာသည်၊တချို့သတင်းတွေကြောင့်မေယွန်းမျက်ရည်များကျလာသည်၊
'မဟူရာ...ဖုန်းကိုင်ပါဦး၊ကျွန်မကိုလန့်အောင်မလုပ်ပါနဲ့´
နောက်ဆုံးမဟူရာရောက်သွားသောဆေးရုံကိုသိရ၍လိုက်သွားသည်၊
'ဟိုလေ၊ဒီကိုaccidentလူနာရောက်လားရှင့်´
'နာမည်လေးတစ်ချက်လောက်ပြောပြပေးပါ´
'ဒေါ်မဟူရာပါ၊အသက်က၄၅ပါ´
'သြော်သူကအခန်း၁၆၆မှာပါရှင့်၊ဒုတိယအထပ်ကိုတက်သွားပေးပါရှင့်´
'ဟုတ်ကျေးဇူးပါ´
သူမလှေကားကနေအပြေးတတ်သွားသည်၊အခန်း၁၆၆မှာပဝါအဖြူအုပ်ထားသည့်လူတစ်ယောက်ကိုတွေ့တော့မေယွန်းထိုင်ကျသွားသည်၊ထိုအလောင်းကိုဖက်ကာငိုတော့သည်၊
'မဟူရာ၊ရှင်မသေရဘူး´
ရင်ထဲမှာဟာလာဟင်းလင်းခံစားချက်ကြီးရလာသည်၊မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာသည်၊ရပ်တန့်ရင်မကြိုးစားပဲလွှတ်ချထားသည်၊
'ကျွန်မရှင့်ကိုပြောစရာတွေရှိသေးတယ်၊မဟူရာ၊မသေပါနဲ့´
အခန်းထဲကိုရဲဲများနုင့်စကားပြောပြီးဝင်လာသောမဟူရာအလောင်းကိုသူမအထင်နုင့်ဖက်ငိုနေသောမေယွန်းကိုကြည့်ကာရယ်တော့သည်၊
'ဟဟားဟားဟား´
မျက်ရည်တွေကောနုပ်တွေပါထွက်အောင်ငိုနေသောမေယွန်းမဟူရာကိုမြင်တော့
'မဟူရာ!´
တင်းကျပ်စွာခါးကိုသိုင်းဖက်လိုက်သည်၊
'ဒါဆိုကျွန်တော်တို့အမှုဖွင့်ဖို့လုပ်လိုက်ပါ့မယ်သွားခွင့်ပြုပါဦး´
မဟူရာခေါင်းတချက်ညိမ့်ကာကျေးဇူးတင်ကြောင်းပြောလိုက်သည်၊တအင့်အင့်နုင့်ရှိုက်ပင်ငိုနေသည်ကောင်မလေးကိုပြန်ဖက်ပေးတော့ရင်ဘတ်ကိုထုပါလေရော
'အ!နာတယ်ကွ´
'ရှင်သေပြီထင်နေတာ!´
'ဟုတ်လား´
ကလေးတစ်ယောက်လိုချော့မရအောင်ငိုနေသည်၊
'ဘာဖြစ်သွားသေးလဲ၊´
'လက်နည်းနည်းအက်သွားတယ်´
'ဒါဆိုဖုန်းကကော´
'ဖုန်းကအရှိန်ကြောင့်ကွဲသွားပြီးပါဝါဖွင့်မရတော့တာ´
'ဟူး...တော်သေးတာပေါ့´
'စိတ်ပူသွားပဲလား´
'စိတ်ပူတာပေါ့´
'ဘာလို့.....´
'....´
'တို့ကမင်ူအမှုသည်မို့လို့တော့မပြောနဲ့နော်၊မင်းကိုတို့အမှုမအပ်ထားဘူး´
'မသိဘူး!´
'တို့သေသွားမှာစိုးတာပဲလား´
'အင်း´
'ဒီလောက်ဆိုလုံလောက်ပါပြီ´
'ဘာကိုလဲ´
'တို့မင်းကိုချစ်ရတာ၊မင်းဂရုစိုက်နေပြီဆိုတာနဲ့တင်လုံလောက်ပြီ´
'ပြီးတာပဲ၊မသေရင်ပြီးရောပြန်မယ်´
'ဒါနဲ့မင်းသိလား၊စောစောကမင်းဖက်ငိုနေတာကုလားကြီးဆိုတာ´
'ဟမ်?´
ခဏအကြာကလေးများရောက်လာသည်၊
'မေမေ´
'သမီး၊မေမေကိုအရမ်းမလုပ်နဲ့နော်၊မေမေကနာနာဖြသ်နေတာ´
'ဟုတ်အန်တီ´
မေယွန်းပန်းသီးကိုဆေးရုံအောက်ကဆိုင်မှာဝယ်ကာပန်းသီးခွဲပြီးပန်းသီးတစ်စိတ်ကိုမဟူရာပါးစပ်ထဲထည့်ပေးလိုက်သည်၊
'မေမေတို့တွဲနေပြီလား´
'အင်း´
'ဘာတွေလျှောက်ပြောနေတာလဲ´
'မေမေတကယ်လား၊အဲ့ဒါဆိုမီးပန်းကြဲမယ်!´
ယုယလေး၏စကားကြောင့်မေယွန်းရှက်သွားသည်၊
'ယုယပေါက်ကရတွေပြောတာရပ်၊မေမေတို့မတွဲကြသေးဘူး၊အိမ်ပြန်ကြတော့၊´
'ဟာ...´
'မေမေနားပါစေ၊ပြန်ကြတော့နော်´
'အန်တီမေမေကိုဂရုစိုက်ပေးပါဦးနော်´
'ဟုတ်ပါပြီရှင်´
ကလေးများကိုအိမ်ပြန်ရန်အိမ်ကကားမောင်းနုင့်ပြန်လွှတ်လိုက်ပြီးမေယွန်းဆေးရုံစောင့်နေသည်၊
'မင်းလည်းပြန်နားလေ´
'ဟင်အင်း၊ကျွန်မရှင့်ကိုစောင့်ပေးမယ်၊ဗိုက်ဆာပြီလား၊ဘာစားမလဲ´
'အင်းမင်းကောဆာပြီလား´
မေယွန်းသွားပေါ်ရုံပြုံးကာ
'အင်းဆာပြီ´
'မင်းဖုန်းလေးပေး´
အတွင်းရေးမှူးကိုမဟူရာဖုန်းဆက်ကာစားစရာဝယ်လာခိုင်သည်၊မေယွန်းဗိုက်ဆာဆာနုင့်ဟန်မဆောင်နိုင်ပဲဝယ်လာသည့်ခေါက်ဆွဲကြော်ကိုစားနေသည်၊
'ကောင်းလား´
'အင်း၊ခေါက်ဆွဲကြော်မြင်တော့ဖေဖေကိုသတိရတယ်´
မေယွန်းခေါင်းလေးကိုပုတ်ကာမဟူရာပြုံးလိုက်သည်၊
'စိတ်ချပါ၊မင်းနဲ့တို့ချစ်နေတာဘယ်သူမှအမှုမပြီးမချင်းမသိစေရဘူး၊´
'တိုးတိုးလေးချစ်တယ်ဆိုတာတခါတလေကောင်းပါတယ်၊ရှင်ကောကျွန်မကောအန္တရာယ်ကင်းတဲ့အချိန်ထိတော့ဒီလိုပဲနေတာကောင်းတယ်´
ရုတ်တရပ်ဝင်လာသောမေယွန်းဖုန်းကြောင့်အရာအာလုံးဟာကြည်နူးစရာအခြေအနေကနေဝမ်းနည်းဖွယ်အခိုက်အတန့်ဖြစ်သွားသည်၊တုန်လှုပ်နေသောမေယွန်းလက်တွေ၊ဆွံအသွားသောနှုတ်ဖျား၊ကျဆင်းလာသောမျက်ရည်တို့ကြောင့်မဟူရာအထိတ်တလန့်ဖြစ်သွားသည်၊
'မေယွန်းဘာဖြစ်လို့လဲ´
'ဖေဖေထောင်ထဲမှာခိုက်ရန်ဖြစ်ပြီးဆုံးပြီတဲ့၊ဖေဖေ...ဖေဖေဆုံးပြီတဲ့မဟူရာ၊ကျွန်မ...ကျွန်မဘာလုပ်ရမလဲ´
'စိတ်ကိုငြိမ်ငြိမ်ထားပါ၊အခုမင်းဖေဖေကိုသွားတွေ့ကြမလား´
'မတွေ့ချင်ဘူး၊မတွေ့ဘူး၊ဖေဖေမသေဘူး´
အဖြစ်အပျက်များဟာမြန်ဆန်လွန်းသည်၊
မနေ့တစ်နေ့ကတွေ့ခဲ့သောဖေဖေဟာဆုံးပြီးတဲ့လား၊
ရက်လည်ကိုအိမ်မှာပဲလုပ်ကြသည်၊
မဟူရာမေယွန်းရှိရာအခန်းထဲဝင်လာသည်၊
အရင်ကဆိုသပ်သပ်ရပ်ရပ်နုင့်လှပနေသောမေယွန်းဟာဒီနေ့တစ်ရက်တော့နွမ်းလျနေသည်၊အခန်းပြတင်းပေါက်မှတိုးဝင်လာသောလေပြည်နုင့်အတူအဖေကိုလွမ်းနေသည်၊
'မေယွန်း.....´
Make-upမလိမ်းထားပေသောမျက်နုာလေးဟာငိုထားတာကြောင့်ဖောင်းအစ်နေသည်၊
ချည်နောင်မထားသောဆံနွယ်တို့ဟာလေပြည်လာရာအတိုင်းလွတ်လပ်စွာဝေ့ဝဲနေသည်
'အဆင်ပြေရဲ့လား´
'အင်းပြေပါတယ်´
သူမဆံပင်တို့ကိုသပ်တင်ပေးကာနဖူးလေးကိုနမ်းလိုက်သည်၊
'မေယွန်း၊ငိုချင်နေသေးလား´
'အင်း´
'တို့ဖက်ထားပေးရမလား´
'အင်း´
ရှို်က်သံများနုင့်အတူစိုစွတ်လာသောမဟူရာပခုံး၊
တင်းကျပ်စွာဖက်ထားသည့်သူမ...
ခဏအကြာအငိုတိတ်ကာ
'ရှင့်လက်သက်သာလား´
'အင်းသက်သာတယ်၊မင်းကောအဆင်ပြေလား´
'အင်း၊ပြေသလိုလိုပါပဲ´
'တို့ရှိတယ်မေယွန်း၊´
'ဘာအတွက်´
'မင်းငိုဖို့တို့ပခုံးငှားမယ်´
'ဟုတ်ကဲ့ပါ၊ကျေးဇူးအများကြီးတင်ပါတယ်´
စားပွဲပေါ်ကခေါင်းစည်းကြိုးအမည်းလေးကိုယူကာမေယွန်းရဲ့ဆံပင်တို့ကိုစည်းနေုာင်ပေးလိုက်သည်၊
'မင်းအတွက်တို့ရှိတယ်၊အဲ့အတွက်ကျေးဇူးတင်စရာမလိုဘူးမေယွန်း၊ဘာလို့လဲဆိုတော့ငါကိုယ်တိုင်မင်းနားရှိဖို့ရွေးချယ်ထားလို့ပဲ´
YOU ARE READING
law of love(Completed)
Romanceမေယွန်း ကျွန်မရှေ့နေသက်တမ်း၅နုစ်မှာရှင်လိုမိန်းမမျိုးတခါမှမမြင်ဖူးဘူး၊မိန်းမသိက္ခာကျတယ်ရှင့်! မဟူရာ ဒါမင်းစောက်ကြောင်းလေ၊မေယွန်း၊ တရားရင်ဆိုင်ရန်ငှားလိုက်သောရှေ့နေနဲ့.... Erica ဥပဒေဘက်တော့သိပ်မသိတာကြောင့်အမှားပါရင်အရင်ဆုံးတောင်းပန်အပ်တယ် Unicode မယှေ...