အိုမီဂါ~~~2

14K 1K 155
                                    

"ကိုကိုဒါကဒီလို​လောင်းရတာ"

ခြံ၀င်းထဲမှာရှိတဲ့
နှင်းဆီပန်းခင်း​တွေကို
​ရေ​လောင်း​နေသည့်
Omega​ကောင်​လေး....
တစ်ခါမှပန်း​ရေမ​လောင်းဘူးတာ​ကြောင့်
ပန်းအိုးအရင်းထဲ ​
ရေ​တွေ​လောင်းထည့်​နေလို့
ချွန်းဆိုတဲ့က​လေးမ​လေးက
သင်ပြ​နေခြင်းပင်......

"​အော်"

"​ရော့ ကိုယ့်ဘာသာ​​လောင်းကြည့်"

သူ့လက်ထဲထည့်​ပေးလာသည့် ​ရေပိုက်
ချွန်း​လေး​လုပ်သလို လက်​ချောင်း​လေးနဲ့
​ရေပိုက်အ​ပေါက်ကို ​ပိတ်လိုက်ကာ
ပတ်ဖြန်း​တော့ ပန်း​တွေအများကြီး​ပေါ်
​ရေ​တွေက ဖိတ်စင်ပြီး
ချွန်း​လေးကိုယ်ကိုလဲ​ရေ​တွေစိုကုန်လို့

"ကိုကို ဒီမှာ​ရေ​တွေစိုကုန်ပြီ​နော်"

"ဟဟ ကြွက်စုတ်​ချွန်း​လေးဖြစ်​နေပြီ"

"ကိုကိုကအဲ့လို​ပေါ့"

ဆိုပြီး သူ့လက်ထဲက​ရေပိုက်ကိုဆွဲလုကာ
လိုက်ပတ်​နေသည့်​ ချွန်း​လေး......
သူလဲပန်းခင်းကြီးထဲ​ပတ်​ပြေးရင်း
တစ်ကိုယ်လုံးလဲ​ရေ​တွေရွှဲ​နေ​လေပြီ......

"အင့်"

အ​နောက်ကို​ကျောခိုင်း​ပြေးရင်း
တစ်ခုခုကိုတိုက်မိတာ​ကြောင့်
​ကြောင်အသွားစဥ်ချွန်း​လေးမျက်နှာကပါ
အပြုံး​တွေ​ပျောက်သွားပြီး
​ရေပိုက်ကိုလွှတ်ချကာ
လက်​လေး၂ဖက်စုပြီး
အရိုအ​သေ​ပေးသည်။

"အ​စေခံက အလုပ်မလုပ်ဘဲ
အ​​လေလိုက်​နေတာလား!"

ဒီအသံကိုသူမှတ်မိသလိုရှိတာ​ကြောင့်
​နောက်လှည့်ကြည့်လိုက်​တော့
မျက်စံနက်နက်​တွေနဲ့စိုက်ကြည့်​နေတဲ့
အိမ်​တော်ကသခင်​လေး......
​ရေပန်း​ရှေ့မှာ​တွေ့ပြီးထဲက
မ​တွေ့ရ​တော့တဲ့
မျက်နှာ​ချော​ချောနဲ့Alpha

ဟို​နေ့ကလိုAlpha toneကို
သုံးပြီး​ပြောမှာ​ကြောက်လို့ ​
ခြေ​ထောက်​လေးကို​နောက်​ရွေ့ကာ
အရိုအ​သေ​ပေးပြီး......

"​နောက်မဖြစ်​စေရပါဘူး"

"မင်းရဲ့Pheromone​ကို
ဘာအတွက်​ကြောင့်ထုတ်​နေတာလဲဟမ်
အဲ့​​လောက်မြူစွယ်ချင်​နေရင်
ဟိုအတန်းကိုသွားပါလား
ဒီအိမ်မှာလာ​နေ​နေတာ
ငါနဲ့ငါ့အ​​ဖေကို မြူစွယ်မို့မှတ်လား"

သခင့်အိုမီဂါ <<< Completed >>>Where stories live. Discover now