အပြင်ကပြန်ရောက်လာထဲကသူ့အနားတွင်သာကပ်နေသောသခင်ခါတိုင်းလဲသူ့အနားကော်လိုကပ်နေပင်မဲ့ဒီနေ့တော့အတော်မှအနားကမခွာ
"သခင် ကျွန်တော်ညစာအတွက် သွားဝိုင်းကူရအုံးမယ် ဖယ်ပါအုံး"
"မသွားနဲ့"
"ကျွန်တော်အလုပ်မလုပ်ရင် သခင်ကြီးနဲ့သခင်မကြီးကဆူမှာပေါ့"
"ကိုယ်ကကူပြောပေးမှာမို့ ကိုယ့်အနားလာခဲ့"
သခင့်အလိုကျ ကုတင်ပေါ်တက်ကာသခင့်အရှေ့တွင် ခြေထောက်လေးစုပြီးထိုင်တော့ သခင်ကသူ့ရင်ခွင်ထဲဝင်လာသည်။ဒီနေ့မှသခင်ကသူ့ကိုယုန်ပေါက်လေးလို
ချွဲနေသလို.......ကျောပြင်ကျယ်ကြီးကိုလက်လေးနဲ့ပုတ်သက်ပေးပြီး သခင့်ရဲ့စိတ်ရှုပ်မှုတွေကိုနှစ်သိမ့်ပေးမိသည်။"အိုမီဂါလေး ကလေးလေးတွေမရသေးဘူးလား"
သခင့်ကပွင့်လင်းစွာမေးလာတော့သူ့မှာရှက်ရပြန်သည်။
"အဲ့လိုမရှိသေးပါဘူး"
တကယ်လဲသူကလေးရမရဆိုတာမသိဘူး သူကmale omegaဆိုပင်မဲ့ ကလေးရမရကိုသူကိုယ်တိုင်လဲမသိ.....အမှန်တိုင်းပြောရရင်တော့သခင်နဲ့တူတဲ့ ပိစိကွေးလေးတွေကိုမွေးပေးချင်ပါသည်။
"ကိုယ်နဲ့တူတူ ဆေးရုံသွားကြမလား
ဒါမှမဟုတ် ဆရာ၀န်ခေါ်ပြီး စစ်ကြမလား""အဲ့လိုမလုပ်လဲရပါတယ် အချိန်တန်ရင်တော့ကလေးရမရသိရမှာဘဲကို"
"အင်းပါ ညစာပြင်မှာဆို သွားပြင်လေညကျရင်ပြောစရာရှိတယ်"
သခင့်ရဲ့ပြောစရာရှိတယ်ဆိုတာကဘာများလဲသူအရမ်းသိချင်မိသည်။ညကိုတောင်အမြန်ရောက်ချင်သွားသည်ထိ စိတ်လောနေမိသည်။
>>>>>>>>>>>>>>
ဂျောင်ကု ဟန်နေမကောင်းဘူးဆိုလို့၂ယောက်ထဲဆေးရုံကိုထွက်လာခဲ့သည်။ဘေးကသူမကတော့ ဂျောင်ကုကို
စကားတွေပြောနေပင်မဲ့ ဂျောင်ကုမှာတော့ပြောစရာမရှိ......"ကို ဟန်ခုတလောဖြစ်နေတဲ့လက္ခဏာတွေကလေကိုယ်၀န်ရှိချင်နေသလိုဘဲ"