သခင်နဲ့အတူအနောက်တောင်အရပ်ကရေတံခွန်ဆီကနေ တူတူပြန်လာခဲ့တယ်ဖြစ်နိုင်ရင်တော့ သခင်နဲ့အတူအကြာကြီးရှိချင်တာ......သခင်ဆီသူ့အချစ်တွေကိုပြောပြခဲ့တယ်သခင့်ဆီကနေအချစ်ကိုပြန်မရရင်လဲကျေနပ်ပါသည်။
"မင်းနားနေသင့်တယ်"
အိုမီဂါလေးကိုသေချာအနားယူခိုင်းပြီးတဲအိမ်လေးကနေထွက်သွားသည့် သခင်.....သခင်ထွက်သွားတာကျိန်းသေမှခေါင်းအုံးအောက်ကစာအုပ်လေးကိုဆွဲထုတ်ပြီး သေချာကြည့်နေမိသည်။စာအုပ်အဖုံးလေးကအညိုရောင်လေး ပြီးတော့ ရေးထားတာက
*ချစ်ရသောလူသားနဲ့ကျွန်တော်၏အကြောင်း*
နဂိုထဲကစပ်စုတတ်သည့်အိုမီဂါလေးမှာ စာအုပ်ရဲ့ပထမဆုံးစာမျက်နှာကိုလှန်လိုက်သည်။
*5.5.2015*
"ကျွန်တော်ကိုမာမီကဒယ်ဂူကနေ ဆိုးလ်မှာကျောင်းတက်မို့ သူ့သူငယ်ချင်းအိမ်ကိုလွှတ်လိုက်တာ အဲ့နေ့ကကိုကိုနဲ့ စတွေ့ခဲ့တာပေါ့........ကိုကိုကလေ စစတွေ့တုန်းကမျက်နှာသေကြီးနဲ့ကျွန်တော့ကိုကြည့်နေတာ
သူ့ညီလေးကတော့ သဘောကောင်းပါရဲ့ကျွန်တော်နဲ့ရွယ်တူဘဲမို့ အဖော်ရတာပေါ့ကိုကိုကတော့ စကားတစ်လုံးလေးတောင် မပြောဘူး.....မျက်နှာဖြူနဲ့လူဆိုးကြီး"Flash back......
"သားလေးဦးနဲ့သေချာလိုက်သွားနော် ပြီးရင်အငယ်လေးကိုရှာခဲ့"
"ဟုတ်မာမီ နေကောင်းအောင်နေနော် သားကျောင်းပိတ်တာနဲ့ မာမီ့ဆီပြန်လာမယ်ညဘက်တွေနွေးနွေးထွေးထွေးအိပ်နော်ဒီနှစ်မိုးကုန်ရင် Matingကာလရောက်တော့မှာ Packကလူတွေကိုမာမီတစ်ယောက်ထဲ
နိုင်ပါ့မလား သားစိတ်မချဘူး"သူ့မာမီကOmegaတွေရဲ့Lunaတစ်ယောက်ပြီးတော့ omegaတွေမှာPackမရှိပင်မဲ့ မာမီကomegaတွေကိုသနားညှာတာလို့ Packသီးသန့်ဖွဲစီးခဲ့တယ်သူတို့PackမှာBetaတွေလဲရှိတယ်.....သူတို့ကတော့ စောင့်ကြပ်ရေးတွေပေါ့ ကျွန်တော့်ဒယ်ဒီကBetaတစ်ယောက် ငယ်ငယ်လေးထဲကဆုံးသွားတာ......