Warning📣
မှန်ကာထားသည့်တစ်ဖက်ခြမ်းမှမြင်နေရသည့်
ညီမဖြစ်သူရဲ့ပုံစံ......ပွယောင်းနေသည့်ဆံပင်တွေနဲ့အတူ ငြိုစွဲနေသည့် မျက်နှာ သွေးစို့နေသည့် နှုတ်ခမ်းတွေကြောင့် မြင်ရတာစိတ်မချမ်းသာလှ.....
ညီမအရင်းမဟုတ်ပင်မဲ့ သူ့ရဲ့ညီမအရင်းလို ချစ်ပါတယ်
ဒီကောင်မလေးက သူမအမေအရင်းကိုမုန်းနေတာမို့
အမြဲတမ်းလူတိုင်းရဲ့ အပေါ်မှာရှိနိုင်အောင်ကြိုးစားနေခဲ့တာမဟုတ်ပါလားအနီရောင်တွေကိုသာ၀တ်ဆင်တတ်သည့်သူမက
အခုတော့ အပြာရောင်ထောင်၀တ်စုံကို၀တ်ဆင်ထား
ရသည်။သူမမိဘတွေက သေမိန့်ကိုလျော့ပေါ့ပေးမို့
ဂျောင်ကုကိုခွင့်တောင်းခဲ့သော်လဲ ဂျောင်ကုဘက်ကပြတ်သားစွာ ငြင်းဆိုခဲ့သည်။ထယ်ယောင်းကိုပြောရင်ရမယ်ထင်ပြီး ဆိုမီအဖေမှာသွားတွေ့တိုင်းလဲဂျောင်ကုက
သူ့အိုမီဂါငယ်နဲ့လုံး၀အတွေ့မခံ.....ဘာလို့ဆို အိုမီဂါက
စိတ်သဘောထားကောင်းတာမို့ ခွင့်လွှတ်ပေးလိုက်မှာကို
ဆိုးနေတာပင်....."ဆိုမီ အဆင်ပြေရဲ့လား"
"ဒီပုံစံကပြေနေပုံပေါက်လို့လား"
"မင်းအတ္တတွေကင်းပြီး မာနတွေကိုခဝါချသင့်ပြီမဟုတ်လား မင်းလုပ်ခဲ့တာတွေအတွက် နောင်တရသင့်ပြီလေ မင်းကမကြာခင်သေရတော့မှာ အနှောင်အချည်တွေ အတ္တတွေနောင်တတွေမာနတွေကင်းကင်းရှင်းရှင်းနဲ့ နောက်ဘ၀ကိုကူးလို့မရဘူးလား ညီမလေး"
"ဟက် ခုမှညီမလေးဆိုပြီးလုပ်မနေနဲ့ ဒီလိုတွေဖြစ်တာ
ဟိုအိုမီဂါကြောင့်ဘဲ သူသာဂျောင်ကုနားရှိမနေရင်
ကိုကလဲအဲ့ကောင်ကိုချစ်မိမှာမဟုတ်ဘူး သူကငါ့ဆီကနေအကုန်လုယူသွားတာသမီးကိုရောဘဲ အဲ့တာတောင်ရှင်ကသူ့ကိုစောင့်ရှောက်ပေးတယ်တဲ့လား ကျွန်မဒီလိုဖြစ်အောင် ရှင်ကိုယ်တိုင်လုပ်လိုက်တာသိလား ရှင်တို့၂ယောက်လုံးအဲ့ကောင်ပေါ် နစ်မြုပ်နေကြပြီ!!""ဟန်ဆိုမီ မင်းကဘယ်လိုလူစားမျိုးလဲ မင်းလိုလူမျိုးက သေရင်တောင် လူပြန်ဖြစ်မဲ့ဟာမဟုတ်ဘူးအဲ့တာသိလား"