*အဟွတ်အဟွတ် ဝေါ့*
ကုတင်ပေါ်ကနေပြေးဆင်းတာနဲ့ကြမ်းပြင်ပေါ်လှဲကျကာအန်မိသည့် သွေးတွေ.......သခင့်ဆီကrejectခံရတာဟာသူ့ကိုသေမတတ်ခံစားစေရသည်။သူ့ရဲ့နာကျင်မှုတွေက သူ့ရဲ့မပေါက်ဖွားသေးတဲ့မျိုးဥကလေးတွေထိပါ ထိခိုက်လာမှာကိုမလိုလား
"သွေးတွေ"
လက်ဖဝါးမှာပေနေတဲ့သွေးတွေကိုကြည့်ပြီး သူအလွန်လန့်မိသည်။သခင်အောက်ဆင်းပြီးပြန်တက်လာလို့
တွေ့သွားလို့မဖြစ်တာကြောင့်ဗီရိုထဲမှအ၀တ်တစ်ထည်ဆွဲထုတ်ကာကြမ်းပြင်ပေါ်ကသွေးတွေကိုအမြန်သုတ်ကာရေချိုးခန်းထဲ ပြေး၀င်ပြီး ထိုအ၀တ်ကို
အမှိုက်ပုံးထဲထည့်လိုက်သည်။သူ့လက်ကသွေးတွေကိုလဲရေနဲ့ဆေးကြောပြီးအကျီမှာပေနေသည့် သွေးတွေကိုလဲရေနဲ့ဖျက်နေမိသည်။အလောတစ်ကြီးဖြစ်နေတဲ့အိုမီဂါလေးမှာစိတ်မရှည်စွာ အကျီကိုဆွဲဖြဲသော်လဲခုချိန်အားနည်းနေသည့် အိုမီဂါကအကျီတစ်ထည်က်ုဖြဲဖို့တောင်အားအင်မရှိ.......
ရှုပ်ထွေးနေတဲ့စိတ်တွေနဲ့အတူရေချိုးခန်းကြမ်းပြင်ပေါ် ထိုင်ချပြီးအော်ငိုမိသည်။"ဘာလိုလဲ!!!!!ဘာလို့ငါ့ကိုမှလဲ"
နာကျင်ရပါတဲ့ စိတ်ကိုမအောင့်နိုင်ဘဲအော်ဟစ်မိသည်။သူကမချစ်သင့်မိတဲ့သူကိုဘဲချစ်ခဲ့မိတာကို ဘာလို့နာကျင်ရတော့ သူဘဲလဲ.......တစ်ခါမှနွေးထွေးမှုမရတဲ့သူက သခင့်ဂရုစိုက်မှုတွေအောက် နေသားကျနေမှဘာလို့ စွန့်ပစ်လိုက်ရတာလဲ......။
"ရက်စက်လိုက်တာ"
အိုမီဂါလေးမှာအတော်ကြာမှ ရေချိုးခန်းထဲကပြန်ထွက်လာခဲ့တော့ ရေချိုးခန်းရှေ့ရပ်နေသည့် သခင့်ကိုတွေ့သည်။သခင်က သူ့ကိုမချစ်တော့ ဘယ်နာကျင်
ပါ့မလဲ.....ဘယ်လိုလုပ်သူ့ခံစားချက်တွေကိုနားလည်ပါ့မလဲ"မင်းနေမကောင်းဘူးထင်တယ်ဆရာ၀န်ခေါ်ပေးရမလား"
"မလိုဘူး"
သခင့်ကိုလျစ်လျူရှုကာ ဖယ်ခွာခဲ့ပင်မဲ့သူ့လက်ကိုဆွဲထားပြန်သည့်သခင်