အိုမီဂါ~~~4

11.9K 957 75
                                    

​ဂျောင်ကုမှန်အ​ရှေ့အကျီ​သေချာ၀တ်ကာ အိမ်​အောက်ဆင်းလာလိုက်သည်။ည​ဘက်ဖြစ်​နေပြီမို့ အိမ်​စေ​တွေမရှိ​တော့

"သား ဘယ်သွားမို့လဲ 7နာရီ​ကျော်​နေပြီ​လေ"

"ဟန့်ဆီသွားမို့မာမီ ဒီညပါတီပွဲရှိလို့တဲ့"

"​​အော် ဟုတ်ပြီဟုတ်ပြီဆိုမီလေးကိုဂရုစိုက်အုံး"

"​မေ​မေ​ပြောတာ​တောင်​နောက်ကျ​နေပြီ သားက​ပို​တောင်သေချာဂရုစိုက်တယ်"

အိမ်ထဲကထွက်လာပြီး ကား​ပေါ်​ရောက်ပြီးမှပြန်ဆင်းကာ  အိမ်အ​နောက်ဘက်ကို​လျှောက်လာလိုက်သည်။
တဲအိမ်နဲ့နီးလာ​လေ  သီချင်းသံ​လေး​တွေကပိုကျယ်လာ​လေပင်..... ​တိုက်​ခတ်​နေတဲ့​လေ​တွေနဲ့အတူ အိုမီဂါရဲ့
ချိုမြိန်တဲ့အသံသြသြ​လေးက လွင့်ပါသွားသည်။

ကီးလွဲမှားစွာ ဆိုတတ်သလိုဆို​နေသည့် အိုမီဂါ​လေးက တစ်ခစ်ခစ်နဲ့ရီ​သေးတာ......တံခါး​သေချာပိတ်ထားပင်မဲ့
မီး​ရောင်နဲ့​အောက်ကိုဖြာကျ​နေတဲ့  အရိပ်​လေးကို​​တော့​တွေ့​နေရသည်။​ကောင်လေးကသီချင်းဆိုရင်းက​နေတာ.....​လေထဲမှာ ပျံ့ဝှဲနေတဲ့  အကျီတစ်ထည်ကိုဖက်ရင်း က​နေတယ် ကပြီးအရှိန်လွန်ရင် ​လေထဲမှာဖွာဖွာကျလာတဲ့ဆံပင်​လေး​တွေ.......
​တဲအိမ်​ရှေ့က​နေလှည့်ထွက်လာပြီး ဟန်နဲ့ချိန်းထားသည့်ပါတီဆီသို့......

"ဟန်"

Hotel၁ခုရဲ့အ​ပေါ်ဆုံးထပ်က ပါတီထဲကို၀င်လာတာနဲ့ ဟန်ကသူ့ဆီ အ​ရောက်လာသည်။

"ကို​နောက်ကျလိုက်တာ လူစုံ​နေပြီ"

ဟန်ကသူ့လက်ကိုဆွဲကာ သူ့သူငယ်ချင်း​တွေနဲ့ မိတ်ဆက်​ပေးသည်။

"ငါနဲ့မကြာခင်လက်ထပ်မဲ့​ယောကျ်ားဆိုပြီး​လေ"
ရုပ်​ချော​ချောနဲ့True Alphaတစ်​ယောက်ကို
ရတဲ့ဟန်ကို သူငယ်ချင်း​တွေက အားကျ​နေ​လေရဲ့.......

​သောက်​နေရင်းမိုက်ခနဲဖြစ်သွားတဲ့​ခေါင်း

"ကိုဘာဖြစ်လို့လဲ မဖြစ်ပါဘူး ဟန့်အခန်းဆီပို့​ပေးမယ်"

သူဘာမှမသိ​လောက်​အောင် ​မျက်လုံး​တွေ​ဝေဝါးလာပြီး
ဟန်​ခေါ်​ဆောင်တဲ့အခန်းဆီ လိုက်လာလိုက်သည်။
အခန်းထဲ​ရောက်တာနဲ့  သူ့နှုတ်ခမ်းကိုလာနမ်းတဲ့ဟန်...... ရဲတင်းလိုက်တာ သူမရဲ့နှင်းဆီနံ့Pheromone ​တွေကိုထုတ်လွှင့်ပြီး ​ဂျောင်ကုကိုနမ်းခဲ့သည်။မကြိုက်ဘူး အရမ်းစူးပြီးပြင်းတဲ့အနံ့ကို
သူ့သ​ဘောကျတာ Saigon Tulipနံ့​လေး.......

သခင့်အိုမီဂါ <<< Completed >>>Hikayelerin yaşadığı yer. Şimdi keşfedin