မိုးတွေအဆက်မပြတ်ရွာသွန်းနေပြီး
လျှပ်စီးတွေလဲအဆက်မပြတ်လက်နေတဲ့
မိုးကောင်းကင်နဲ့ လပြည့်ည.......ဆေးရုံကြီးတစ်ခုလုံးအမှောင်ကျသွားတယ်
ကြောက်ရွံအော်ဟစ်တဲ့အသံတွေက
မိုးခြိမ်းသံနဲ့အတူရောနှောလျက်......မကြာလိုက်မီးတွေအကုန်ပြန်လင်းလာပြီး
ရုတ်ရုတ်သဲသဲဖြစ်သွားတဲ့ ဆေးရုံ......
အော်ပရေးရှင်းအခန်းရှေ့
ကနာမငြိမ်ဖြစ်နေသည့်ကောင်လေးတစ်ယောက်"သားရယ် စိတ်အေးအေးထားပါ
အမေတို့မြေးလေးက ချောချောချူချူနဲ့
ထွက်လာမှာပါ"အမေရဲ့စကားကိုကြားသော်လဲ
သူ့စိတ်ကနာမငြိမ်နိုင်
သူဟာမကြာခင်ကလေးအဖေဖြစ်တော့မှာ
ခြေးချောင်းလက်ချောင်းသေးသေးလေးတွေနဲ့
ကလေးလေးတစ်ယောက်ကိုသ
သူ့ရဲ့ကမ္ဘာထဲဆွဲသွင်းရတော့မည်။
ခြေချောင်းသေးသေလေးတွေနဲ့
မြေကြီးပေါ်လမ်းလျှောက်တော့မည်။မွေးလာမဲ့သူ့ရဲ့သမီးလေးကလဲ
ကျိန်းသေပေါက်
သူ့အတိုင်းTrue Alphaဖြစ်မှာ.......Nurseတစ်ယောက်ထွက်လာတော့
ယောက္မခဖြစ်သူကပြေးသွားသည်။
ဂျောင်ကုနောက်ကပြေးလိုက်တော့
ယောက္ခမကမျက်နှာမကောင်း"ဟန်ဘာဖြစ်လို့လဲအမေ"
"ဘာမှမဖြစ်ပါဘူး သားမတ်လေးရဲ့
သွေးလိုလို့ပါ အမေသွေးသွင်းတဲ့နေရာ
လိုက်သွားလိုက်အုံးမယ်""ဆရာမ ဟန့်ကိုကောသမီးလေးကိုကော
သေချာပေါက် ခေါ်လာပေးပါ"သူ့လက်တွေတုန်နေသလို
မျက်ရည်တွေလဲ ကျနေတယ်.....
အသွေးအသားငယ်ကိုဆုံးရှုံးရမှာ
သေမတတ်ကြောက်ပါသည်။
တစ်ချိန်ကသူဆိုတဲ့မာနကြီးတဲ့Alphaက
Beta nurseမရှေ့မှာ
မျက်ရည်တွေကျနေတယ်တဲ့......ဒီအဖြစ်အပျက်တွေကို
အုတ်နံရံအကွယ်ကကြည့်နေတဲ့
အိုမီဂါကောင်လေး.....
မျက်၀န်းအိမ်တွေမှာလဲ
မျက်ရည်တွေကအစ်ထွက်လို့.....လက်ကဆေးအိတ်ချိတ်တဲ့တိုင်ကိုကိုင်ကာ
တစ်နေရာဆီသို့ထွက်လာခဲ့သည်။
Nurseမနဲ့ချစ်ရသောသခင်Alphaရဲ့
ယောက္ခမပြောနေတာတွေနားထောင်ပြီး
သူ့စိတ်ထဲတစ်ခုခုကိုဆုံးဖြတ်ချက်ချခဲ့တယ်
ပြီးတော့ အနံ့ပေါင်းစုံရောနေတဲ့ ဆေးရုံထဲကနေ
လက်ကဆေးချိတ်ကိုဖြုတ်ကာ
အဖြူအနှီးပွေ့လေးကိုပိုက်ပြီး
ဘယ်သူမှမမြင်အောင်ထွက်လာခဲ့သည်။
ပြီးတော့ ကားနက်လေးပေါ်သို့