တရားရုံးခုံတွင် ရောက်ရှိနေပြီဖြစ်သည့်မာမီနဲ့ဟန်ဆိုမီ......အိုမီဂါလေးကို လက်မှတွဲကာ၀င်လာသည့်ဂျောင်ကု......ဒယ်ဒီကရောက်နေနှင့်ပြီးသား မျက်နှာတော့မကောင်း။အိုမီဂါကိုတွေ့တာနဲ့Lunaက သူ့အနားကနေဆွဲခေါ်သွားသည်။ဂျောင်ကုမှာ တရားလိုနေရာတွင်၀င်ထိုင်ပြီးရှေ့နေနဲ့အတူရှိနေသည်။မျက်နှာချင်းဆိုင်မှ
မာမီမှာ မျက်ထောင့်နီတွေနဲ့သူ့ကိုကြည့်နေတာကြောင့်
မျက်နှာသေဖြင့်သာပြန်ကြည့်နေလိုက်သည်။
ရှေ့နေငှားခွင့်ပေးထားတာမို့ မာမီကမငြင်းဆိုဘဲ
ငှားခဲ့ကြသေးတယ်လေတရားလူကြီးရောက်လာတာနဲ့အကုန်လုံးမတ်တပ်ထပေးကြရသည်။ပြီးတာနဲ့ အမှုကိုစတင်ရတော့သည်။
သက်သေမှတ်တမ်းတွေနဲ့တကွ ရှင်းပြလိုက်
မာမီ့ဘက်ကရှေ့နေ့က မဟုတ်မှန်ကြောင်းငြင်းပယ်လိုက်ဖြင့် မပြီးနိုင်တော့......"ဒီသက်သေတွေနဲ့မလုံလောက်ရင် မျက်မြင်
သက်သေရှိပါတယ်"ဂျောင်ကုရဲ့စကားဆုံးတာနဲ့ မျက်မြင်သက်သေခုံရုံး
ပေါ်သို့လျှောက်လာသည့် Jeonစံအိမ်တော်မှအစေခံ(တစ်နည်းအားဖြင့်)Lunaလွှတ်ထားသည့်လူ"ကျွန်မကသခင်လေး၂ယောက်သေဆုံးမှုရဲ့မျက်မြင်သက်သေအဖြစ် လျှောက်တင်ပါမယ်"
ဖြစ်သမျှကို ပြောပြပြီးတဲ့နောက်မှာ မာမီ့ရှေ့နေက
ဆက်လက်ငြင်းပယ်နေဆဲပင်.....နောက်ဆုံးလက်လျော့သွားသည့် မာမီကသူကိုယ်တိုင်ဟုတ်မှန်ကြောင်း
၀န်ခံခဲ့သည်။"ဟုတ်တယ် ကျွန်မသတ်လိုက်တာကျွန်မသားနဲ့အဲ့omegaကို ကိုယ်တိုင်သတ်လိုက်တာ"
သူမစကားကြောင့် ရုံးခုံအောက်မှomegaLunaမှာ တစ်အီအီနဲ့ငိုရှိုက်တော့သည်။သူမရဲ့သားသေမှန်းသိပင်မဲ့ ခုလိုအသတ်ခံလိုက်ရတယ်ဆိုတာကို ကိုယ်တိုင်ကြားရတော့ မခံမရပ်နိုင်စွာရင်ကွဲရသည်။
နောက်တစ်ယောက်ဖြစ်သည့်ဟန်ဆိုမီ......
"တရားခံဟန်ဆိုမီက အောက်တိုဘာ 8ရက်နေ
2018မှာ Joha,Rika,Eunဆိုတဲ့ လူ၃ယောက်ကို
သတ်ဖို့ စေခိုင်းခဲ့တယ်ဆိုတာ ဟုတ်ပါသလား"