"တယ်တီ တယ်တီ ထတော့"
ကုတင်ပေါ်ကိုကုပ်ခြစ်တက်လာပြီး သူ့ကျောပြင်ပေါ် တက်ထိုင်နေသည့် သမီးလေးကြောင့် ဂျောင်ကုနိုးလာခဲ့သည်။
"ဒယ်ဒီသမီးလေးက အစောကြီးဘဲနိုးနေတာဘဲလာပါအုံး ပိုပိုပေးမို့ အူးးမွ"
၄နှစ်အရွယ်သမီးလေးရဲ့ပါးဖောင်းဖောင်းလေးတွေကိုနမ်းရှိုက်တော့ ပန်းနံ့သင်းသင်းလေးတွေကထွက်ပေါ်လာသည်။အဖြူရောင်ဂါ၀န်လေးနဲ့သမီးလေးက သူနဲ့ချွတ်စွတ် တူလွန်းပြီးလေးထောင့်ဆန်ဆန်အပြုံးလေးရှိတာကြောင့်သမီးလေးပြုံးတဲ့အခါတိုင်း တစ်စုံတစ်ယောက်ကိုသတိရမိသည်။ပြီးတော့ မျက်ခမ်းစပ်အောက်မှာလဲမှဲ့သေးသေးလေးပါသေးတာကြောင့်
သမီးလေးကိုသည်းသည်းလှုပ်ချစ်မိသည်။"တယ်တီကညစ်ပတ်ရီး မျက်နှာသစ်ပြီးမှနမ်းလေ ခုတော့သရေတွေနဲ့ကို ဟွန့်"
စိတ်ဆိုးရင်လဲ ဆူထွက်လာတတ်သည့်နှုတ်ခမ်းလေးတွေက ချစ်ဖို့ကောင်းသည်။အရွယ်နဲ့မှ မလိုက်စကားတတ်လွန်းသည့်သမီးကို ချစ်လို့မဆုံး.....
"ဟုတ်ပါပြီ ဒယ်ဒီရေချိုးပြီးရင်ထွက်လာမယ်
စောင့်နေနော်""အဲ့ဒါချို တယ်တီတွက် ကျီကျီရွေးပေးထားမယ်နော်"
လက်တောက်လောက်လေးက အကျီရွေးပေးမို့ပြောနေတာကြောင့် ပါးဖောင်းဖောင်းလေးကိုကိုက်လိုက်သည်။
"ရွေးပေးစရာမလိုပါဘူးဗျာ ဒီမှာဘဲဒယ်ဒီသမီးလေးကထိုင်စောင့်နေနော် ဒါလေးသောက်ပြီး"
Banana milkလေးလက်ထဲထည့်ပေးတော့Boxy smileလေးနဲ့ ပြုံးပြလာသည့်သမီးလေး.....ဂျောင်ကုရေချိုးခန်းထဲဝင်လာကာ မှန်ရှေ့ရပ်ပြီးသွားတိုက်နေစဥ် တွေးမိသည်။သူနဲ့ဟန်ဆိုမီရဲ့ဆက်ဆံရေးက သူငယ်ချင်းလိုသာဖြစ်သွားသည်။သူ့စိတ်ထဲတွင် အိုမီဂါလေးရောက်လာထဲက သူမအပေါ်ထားတဲ့ စိတ်ကိုတစ်ဖြေးဖြေးသိလာရတာ....
သူငယ်ချင်းသံယောစဥ်နဲ့စခဲ့တဲ့သူတို့ကဟန်ဆိုမီရဲ့မိခင်ကြောင့် ဂျောင်ကုကသနားခဲ့ရုံသာဒါကိုအချစ်လို့ထင်ခဲ့ရုံလေး.....သူတို့၂ယောက်အတူနေခဲ့လို့ သမီးလေးရလာပင်မဲ့ မင်္ဂလာဆောင်ပြီးထဲကသူမဆီမသွားတော့သလို လက်ကိုင်ဖို့တောင်မဖြစ်နိုင်တော့......လက်ထပ်ထားပင်မဲ့Markမလုပ်ထားတာက ဂျောင်ကုwolfကmate
အဖြစ်သတ်မှတ်တာ အိုမီဂါလေးတစ်ယောက်ထဲမို့လို့ပင်