သခင့်အိုမီဂါFicတွင် ရိုင်းစိုင်းသော အသုံးအနှုန်းများပါတာမို့ သည်းခံပြီးဖတ်ပေးကြပါ warningပေးမို့မေ့ခဲ့လို့ ခုမှပေးပြီနော်😁
>>>>>>>>>>>>>>>>>>>>>>
သခင့်မိသားစုနဲ့အတူနေ့လည်စာစားနေသည့်
မိန်းကလေးကကြည့်ရုံနဲ့Alphaမှန်း
သိသာသည်။ရဲရင့်ပြီး စကားပြောတာကအစ
ပြတ်သားသည့်မိန်းကလေး......သခင်တို့စားသောက်ဝိုင်းနားရပ်ပြီး
လိုအပ်တာတွေယူပေးနေရသည့်
Omegaကိုသခင်မကြီးက
မျက်ထောင့်စူးစူးတွေနဲ့ကြည့်တတ်သေးသည်။
သခင်ကတော့ နဲနဲလေးတောင်သူကို
မကြည့်ခဲ့ဘူး......"ကိုတို့အိမ်မှာomegaအစေခံရှိတာလား
ဟန်တစ်ခါမှမတွေ့ဘူးဘူး"အမျိုးသမီးက ထမင်းစားဝိုင်းနဲ့
မလှမ်းမကမ်းကomegaလေးကို
ကြည့်ပြီးပြောတာမို့
ထယ်ယောင်းမှာ မျက်နှာလေးအောက်ချပြီး
ပြောသမျှတိတ်တိတ်လေး
နားထောင်နေတော့သည်။"မစိုးရိမ်ပါနဲ့ omegaက
စကားမပြောတတ်ဘူး
ပြီးတော့သူ့မှာmateရှိပြီးသား"သခင် မပြောခင်
သခင်မကြီးက၀င်ပြောတာကြောင့်
ဘာမဆိုင်ညာမဆိုင်သူက
စကားမပြောတတ်တဲ့လူဖြစ်သွားပြန်ပြီ
ပြီးတော့ Mateရှိပြီးသားတဲ့
ကျွန်တော့Mateကသခင်ပါလို့
ဘာကြောင့်ထည့်မပြောရတာလဲ......ဘေးကအန်တီဆောမှာ
သူ့ကျောလေးကိုပုတ်ပေးသည်။
ဒါကနှိမ့်သိမ့်ပေးတာဆို
မလိုချင်ဘူး......ကျွန်တော်ကနှိမ့်သိမ့်မှုကိုလိုချင်တာမဟုတ်ဘူး
သခင့်ဆီကတာ၀န်သိမှုကိုဘဲလိုချင်တာ"အဲ့တာတွေစိတ်မ၀င်ပါနဲ့ဟန်ရဲ့
ထမင်းစားပြီးရင် မင်္ဂလာကိစ္စဘဲ
ဆွေးနွေးရအောင်"မင်္ဂလာကိစ္စဆိုတော့
သခင်ကသူထင်သလို
သူ့ကိုစွန့်ပစ်တော့မှာလား
နုနယ်လွန်းတဲ့သခင့်အိုမီဂါလေးက
မျက်ရည်လဲလွယ်တတ်သေးတာ....
ဖိတ်မခေါ်ပါဘဲကျဆင်းလာတဲ့
မျက်ရည်တွေထက်
သူ့ရင်ထဲကပိုပူလောင်နေရပါတယ်...