အစေခံကောင်မလေးလာပို့သွားသည့်ထမင်းတွေဟင်းတွေကိုကြည့်ပြီးသက်ပြင်းသာချလိုက်မိသည်။သူကထောင်သားလိုဘဲပဲထမင်း ပဲဟင်းကိုစားရသည်။အစားဂျေးမများတတ်တာမို့ ပဲဟင်းကိုစားနိုင်ပင်မဲ့ထမင်းကတော့ သိုးနေပြီ......
ထမင်းကြမ်းကိုသူစားနိုင်တယ် ထမင်းသိုးတော့မစားနိုင်......ခွေးသွားကျွေးရင်တောင်စားမှာမဟုတ်ဘူး ဆာလောင်နေတဲ့ဗိုက်ကလေးကို ဥပက္ခာမပြုနိုင်တာကြောင့်
သိုးနေလဲစားနိုင်သလောက်စားရမှာဘဲနံတယ် ပြီးတော့ခံတွင်းထဲမှာဘယ်လိုကြီးမှန်း မသိတာကြောင့် ထိုးအန်တော့သည်။
"ဝေါ့"
ရင်ဘက်ကိုထုကာ အန်ပြီးရေအမြန်ပြေး သောက်ရသည်။သူဒီထမင်းကိုဆက်စားနေရင် သေသွားနိုင်တယ် ဆိုးရွားလိုက်တာ ဘယ်သူကများဒီလိုထမင်းကိုကျွေးရသလဲ အိမ်တော်ထိန်းတော့မဖြစ်နိုင် အန်တီဆောကသူ့အပေါ်ကောင်းသည်ကို......
"ဒီကအကိုအတွက်"
သူ့ကိုထမင်းတွေလာပေးတဲ့ကောင်မလေး ထွက်သွားပြီးကာမှမကြာပြန်ရောက်လာသည်။ လက်ထဲမှာလဲအစာကြေဆေးဘူးလေး
"ဘာလဲ"
"မမလေးပေးခိုင်းလိုက်တာပါ"
"ကျေးဇူးဘဲ ဒါတွေပြန်ယူသွားလို့ရပြီ"
အများကြီးကျန်သေးတဲ့ထမင်းနဲ့ပဲဟင်းကို ကောင်မလေးကိုသာပြန်ပေးလိုက်သည်။အနံ့အသက်မကောင်းတော့ကောင်မလေးတောင်နှုတ်ခေါင်းရှုံ့သည်။သူမလက်ထဲကအစာကြေဆေးဘူးကိုယူကာ လက်ထဲအမှုန်လေးအနည်းငယ်ထည့်ကာသောက်လိုက်သည်။
ပြီးတော့ဆာလောင်နေတဲ့ဗိုက်ကိုဖြည့်ဖို့ရာ အိမ်တော်ဆီသွားရအုံးမယ်......သခင့်ဆီကကြမ်းတမ်းမှုတွေကိုလက်ခံခဲ့တာမို့သူ့ဗိုက်တွေအောင့်နေသော်လဲ သည်းခံရင်းသာ ခြေလှမ်းတွေကိုအိမ်တော်ဆီလှမ်းခဲ့သည်။
>>>>>>>>>>>
အိမ်တော်ထဲ၀င်လာတာနဲ့ ဧည့်ခန်းထဲမှာထိုင်နေသည့်သခင့်အမျိုးသမီးနဲ့ လူတစ်ယောက်......မသိသလိုနေကာ အနောက်ဘက်၀င်လာတော့အပေါ်ထပ်ကနေဆင်းလာသည့်သခင်.....အဖြူရောင်လက်ရှည်အကျီနဲ့သခင်ကချောလိုက်တာလို့တောင် သူ့ရဲ့စိတ်ကနေမှတ်ချက်ပေးနေမိသည်။