"သခင်!"
ဖြစ်ပျက်နေတဲ့အရာတွေနဲ့အတူသခင်ကသူ့အပေါ်မှAlphaကိုဆွဲထိုးပြီး Wolf formပြောင်းကာ
ကိုက်ဆွဲနေတာမို့ အခန်းထဲwolf 2ကောင်မှာ ထိန်းမနိုင်တော့အောင် ကိုက်ဖြတ်နေကြပြီ........အခန်းပြင်တွင်တော့ သခင်မကြီးကောသခင့်အမျိုးသမီးနဲ့ အိမ်စေတွေရှိသော်လဲတစ်ယောက်မှ၀င်မဆွဲကြ......သူကိုယ်တိုင်ကလဲ ခန္ဓာကိုယ်မှာဘာအ၀တ်အစားမှမရှိတာကြောင့်ရှက်လွန်းသော်လဲ သတ်ဖြတ်နေသည့်သူ့သခင်wolfကိုဆွဲရအုံးမည်လေ......
အခန်းထဲတွင်သူ့သခင်ရဲ့ပြင်းရှလွန်းသည့်Sauvage Pheromonesနံ့တွေထွက်လာကာ တစ်ခန်းလုံးလွှမ်းခြုံသွားတာကြောင့်omegaရဲ့Pheromonesနံ့တွေပျောက်သွားသော်လဲသခင်ကတော့အလွန်မှဒေါသဖြစ်နေသည်။
အရှေ့ကAlphaကိုကိုက်ထားလို့သွေးတွေကကြမ်းပြင်တွင်အလိမ်းလိမ်း သခင့်ရဲ့လက်တွင်လဲ ကုတ်ခြစ်ခံရသည့်အရာကြောင့်ထယ်ယောင်း၀မ်းနည်းလာကာwolf formပြောင်းပြီး ဟိုဘက်ကကောင်ကိုကူကိုက်ပေးတော့သည်။သခင်ကသူ့ကိုပါစိတ်တိုပြီး ခန္ဓာကိုယ်နဲ့တိုက်ထုတ်တာကြောင့်နာကျင်နေသည့်ခြေထောက်က ထပ်ပြီးမတ်တပ်ရပ်မရတော့........သူ့အကူအညီကိုမယူတဲ့သခင်ကိုလဲစိတ်ဆိုးပါသည်။မတတ်နိုင်သည့်အဆုံး
လူအသွင်ဖြင့်သာ ၀င်ဆွဲတော့သည်။သွေးထွက်နေသည့်ခြေထောက်ကိုဥပက္ခာပြုကာ သခင့်ရဲ့wolfကိုအရှေ့ကနေ ၀င်ပြီးဖက်ထားတာကြောင့် အနောက်မှအရှိန်နဲ့ပြေး၀င်လာသည့် wolfကိုမမြင်......
"တော်ပါတော့ သခင်ရယ် တော်ပါတော့"
သူ့မျက်ရည်တွေကျနေသည့်ကြားကမှသခင်ကရုန်းထွက်ကာ အိုမီဂါလေးကို ကြမ်းပြင်ပေါ်လှဲချပြီး သူ့ရှေ့တည့်တည့်ကိုပြေးလာသည့်ကောင်ကိုလည်ဂုတ်အားဖိကိုက်ပြီး တံခါးပေါက်ဘက်ပစ်လွှတ်လိုက်သည်။ပြီးတော့ သခင်က အိုမီဂါလေးကိုနာနာကြည်းကြည်းနဲ့ကို
ငုတ်ကြည့်လာသည်။"တောက်!!!!"
လူအသွင်ပြောင်းသွားသည့်သခင်ကအိုမီဂါကိုပါ တစ်စစီဆွဲဖြဲချင်နေပုံ.......ထပြီးထွက်သွားမည်ပြုနေသည့်သခင့်ခြေထောက်ကိုဆွဲထားကာ လွှတ်မပေး