"အိုမီဂါ!ဘယ်ကပြန်လာတာလဲ"
ထယ်ယောင်းကိုပတ်ဆောဂျွန်ဆိုတဲ့ လူကခြံရှေ့ထိလိုက်ပို့ပေးတာကြောင့် ကျေးဇူးတင်စကားပြောပြီး
ခြံထဲ၀င်လာတော့ သခင့်ကားရှိနေသည်။ထင်သည့်အတိုင်း သခင်က အိမ်တော်အပေါက်ကနေ သူ့ကိုလှမ်းအော်သည်။"သခင်လေး"
"ပြော ခုဏကဘယ်သူလဲ Alphaလား ဘယ်ကိုသွားတာလဲ ဘယ်သူနဲ့ရှိ နေတာလဲ မှန်မှန်ဖြေ!"
သခင်ရယ် မေးခွန်းတွေကလဲများလိုက်တာ.... သခင်မချစ်တဲ့အိုမီဂါက သခင့်ကိုဘဲ ချစ်တာမို့......ခုလိုမေးတာမျိုးမလုပ်ဘဲ ယုံကြည်စေချင်တယ် ကျွန်တော်ကအချစ်ကိုဖော်မပြနိုင်ရင်တောင် သခင့်ကိုတော့ သိစေချင်တယ် ဒါပင်မဲ့ အဲ့စကားကို ဒီတစ်သက်သေတဲ့ထိမပြောဘူး သခင့်မိန်းကလေးကိုချစ်နေသ၍ ကျွန်တော် အဆင့်မပိုတော့ဘူး
"သူငယ်ချင်းပါ"
"မင်းလိုအိုမီဂါမှာ သူငယ်ချင်းရှိတယ်ပေါ့ ဘယ်သူလဲအဲ့သူငယ်ချင်းက မင်းနဲ့အရမ်းရင်းနှီးလား!!"
Omegaတွေကသူငယ်ချင်းတောင် မထားရဘူးလား သခင်ရယ်......
"ကျွန်တော်လဲလူဘဲလေ သူငယ်ချင်းတော့ရှိတာပေါ့
သူနဲ့လဲအရမ်းမရင်းနှီးပါဘူး""အရမ်းမရင်းနီးတဲ့လူရဲ့ကားပေါ်ကနေ မင်းကဆင်းလာတယ်ပေါ့ မင်းခေါင်းထဲ Alphaတွေကိုမြူစွယ် မို့ဘဲသိတာလား"
"သခင်ထင်သလိုဘဲပြောမနေနဲ့ ကျွန်တော်တို့ကဒီတိုင်းရိုးရိုးသားသား ခင်တာ"
"မကြိုက်ဘူး နောက်ဘယ်သူငယ်ချင်း နဲ့မှ မဆက်သွယ်နဲ့ မင်းမှာMateဖြစ်တဲ့ ငါတစ်ယောက်လုံးရှိတယ်"
"သခင်..."
"အိုမီဂါက Mateရဲ့စကားကို လွန်ဆန်မို့လုပ်နေတာလား!!"
အိုမီဂါလေးရဲ့မျက်၀န်းလေးတွေက မှေးမှိန်လာတယ်......သူဒေါသထွက်ပြီး အော်လိုက်မိတာ
"သွားတော့ မင်း"
သူ့စကားအတိုင်း လှည့်ထွက်သွားတဲ့ အဖြူရောင်ကျောပြင်လေး..... Omegaတွေကပျော့ညံ့တယ်ဆိုရင်တောင် မင်းကတော့ ပျော့ညံ့လို့မရဘူး ငါအော်တာလဲခံနိုင်ရမယ် ငါဆူလဲခံနိုင်ရမယ် ငါလက်ပါခဲ့ရင်တောင်
ခံနိုင်ရည်ရှိရမယ်......