"သမီးလေး ကျောင်းသွားမယ်လေ"
"သွားဝူး"
"ဘာလို့လဲ"
"တယ်တီနဲ့ခွဲနိုင်ဝူးးး"
ဆိုဖာပေါ်ခြေထောက်သေးသေးလေးတွေဆင်းကာထိုင်နေသည့် သမီးလေးကကျောင်းမသွားချင်လို့ ဂျစ်တိုက်နေခြင်းပင်
"ဒယ်ဒီကျောင်းထိလိုက်ပို့ပေးမယ်လေအပြန်လဲလာကြိုမယ်နော်သမီးကလိမ္မာပါတယ် ကျောင်းသွားမယ်မို့လား"
"ကိုရယ် အဲ့လိုချော့ပြောနေလို့ကတော့ရမှာမဟုတ်ဘူး ဟယ်ယွန်းစာမတတ်ရင်လမ်းဘေးမှာတောင်းစားရမှာ သိတယ်မှတ်လားခုကျောင်းသွား"
ဆိုမီရဲ့ စကားကသမီးရဲ့ စိတ်ထဲ၀မ်းနည်းခြင်းများစွာကို ကိန်းအောင်းစေသည်။
"မာမီပြောတာတွေ သမီးကနားမထောင်နဲ့ဒယ်ဒီ့ကိုဘဲကြည့်ဟုတ်ပြီလား"
"ဟုတ်"
"လိမ်မာလိုက်တာ ဒယ်ဒီ့သမီးလေးကတူတူကျောင်းသွားရအောင်"
ကျောပိုးအိတ် ခရမ်းရောင်လေးလွယ်ပြီးရှူးဖိနပ်သေးသေးလေးကို ကောက်စွတ်နေသည့်သမီး......
"ဒယ်ဒီ၀တ်ပေးရမလား သမီးလေး"
"ဟင့်အင်း ယွန်းဘာတာ၀တ်မယ်ယွန်းတိုယ့်အားတိုတိုးနိုင်နေပါပြီနော်"
(ကိုယ့်အားကိုကိုးနိုင်)အရွယ်နဲ့မှမလိုက်စွာ အရာအားလုံးကိုလုပ်တတ်သည့်သမီးလေး.....ဖိနပ်လေး၀တ်ပြီးတာနဲ့ချီကာ မူကြိုကျောင်းဆီ သွားနေတဲ့လမ်းတစ်လျှောက်ဘာစကားမှမပြောတဲ့ အပြင် အံလေးကြိတ်ထားတာမို့ သမီးလေးငိုချင်တာကိုသိသည်။
"သမီးလေး ကျောင်းမှာသူငယ်ချင်းတွေနဲ့သင့်သင့်မြတ်မြတ်နေရမယ်နော် ဒယ်ဒီကညနေကျရင် လာခေါ်မယ်ဟုတ်ပြီလား"
မူကြိုကျောင်းထဲ သမီးလေးကိုပို့ပြီးဆရာမတွေဆီအပ်ပေးကာ သမီး၀င်တော့ဆိုတာကိုဒယ်ဒီသွားတာကြည့်ပြီးမှ ၀င်ပါမယ်တဲ့သမီးစိတ်တိုင်းကျ လှည့်ထွက်လာတော့အနောက်ကနေ ပြေးဖက်သည့်သမီး