အခုချက်ချင်းကြီးလား

1.9K 76 17
                                    

အပိုင်း(၁၀၀)

Part-(1)

Dark မှာလွတ်ချင်​နေသည့်စိတ်အားမနည်းပြန်ထိန်းရင်းအတင်းဖိဆုပ်ထားမိသည့် လက်မောင်းသွယ်လေးကို​လွှတ်ချလိုက်သည်။
တစ်ခါမှ Black အပေါ် ဒီလိုမျိုးအသံကျယ်ကျယ်မပြောခဲ့ဖူး။
ယခုလောက်ထိလည်း ကိုယ်ထိလက်ရောက်ကြမ်းတမ်းစွာ မထိတွေ့ခဲ့ဖူးပါ။

Black ပါးစပ်ကနေ နာကျင်တယ်လို့မပြောပေမယ့်လက်မောင်းနှစ်ဖက်စလုံးကို ဖိဆုပ်ထားမိသည့် ကိုယ့်လက်အားကလုံးဝမပျော့ဘူးဆိုတာကို Dark သိသည်။
ထို့ကြောင့်...

" ဆောရီး...ကိုယ်လွန်သွားတယ် "

Black ကိုယ်တိုင်လည်းတစ်ခါမှမမြင်ဖူးသည့် Dark ၏အမူအရာများကြောင့် နီထွေးသည့်နှုတ်ခမ်းလွှာများကိုအသာဟရင်း အတော်ကြာသည်အထိငြိမ်သက်နေမိသည်။

Dark ကတော်ရုံနှင့်ချွေးပြန်တတ်သည့် လူမဟုတ်ဘူးဆိုတာကို Black သိသည်။
သို့သော် ယခုမြင်နေရသည့် မျက်နှာတစ်ပြင်လုံးမှာတော့ ပြောင်လက်သောချွေးသီးချွေးပေါက်များကနေရာအနှံ့တွင်ရှိသည်။

အရမ်းအေးနေသည့်အချိန်မှာတောင် Dark မျက်နှာကရေဆေးချထားသလိုမျိုး စိုရွှဲနေတာဖြစ်သည်။
မူမမှန်သည့် Dark ပုံစံကြောင့် Black ကလက်ထဲရှိထမင်းခြင်းတောင်းကို ကားနောက်ခန်းဆီသို့ပစ်ထည့်လိုက်သည်။
အရှိန်နှင့်ထည့်လိုက်သည့်အတွက် ထမင်းဘူးဟင်းဘူးများက တောင်းထဲကနေ ဂလုံဂလွမ်နှင့်အသံစုံမြည်ပြီးထွက်ကျကုန်သည်။

Black ကကားနောက်ခန်းရှိ ထိုကိစ္စများကိုဂရုမစိုက်နိုင်တော့ဘဲ ယခုထိဒူးထောက်ထိုင်ချကာကိုယ့်ကိုမော့ကြည့်နေဆဲဖြစ်သည့် Dark ကိုပြန်လှည့်ကြည့်သည်။
ထိုအခါတစ်စထက်တစ်စပိုနီရဲလာသည့် Dark မျက်နှာကြောင့် Black မှာ စိတ်ဆိုးနေတာတောင် ဘယ်နားရောက်သွားသည်မသိ။

စိုးရိမ်သည့်စိတ်များကသာ ခေါင်းထဲတွင်ပြည့်သိပ်​နေခဲ့သည်မို့ နောက်ကျောရှိကျောပိုးအိတ်ကိုလည်းလျှင်မြန်စွာချွတ်ပစ်သည်။

" Dark's Black " Season-(3) [Completed]Where stories live. Discover now