အခန်း(၁၀၉)
" အာ့... ! "
" ဆောရီး...နာသွားလား "
Black ကသွေးစများပေနေသည့် လက်ကိုအပေါ်သို့ရုတ်ခနဲပြန်မလိုက်ပြီး ထိတ်ထိတ်ပြာပြာမေးသည်။
Dark ခြေထောက်တွင်က ကြမ်းရှသောအမွှေးအမျှင်များရှိနေသဖြင့် ထိုအမွှေးများနှင့်ရောနေသည့် သွေးခဲများကခွာရခက်နေခြင်းဖြစ်သည်။
ခြေသလုံးအနောက်သားပင်ဖြစ်သော်ငြား ရှိနေသည့်အမွှေးအမျှင်များက ပါးပါးလျလျမဟုတ်။
တော်တော်လည်းအမွှေးအမျှင်ထူသည့်လူလို့သာ Black အော်ချလိုက်ချင်သည်။
ရှိနေသည့်အမွှေးကြမ်းများက ကြံ့ခိုင်သည့်ရင်အုံကျစ်လျစ်သည့်ဝမ်းဗိုက်ကြွက်သား တစ်နေရာမှမလွတ်။လက်ချောင်းခြေချောင်းများတွင်ရှိနေသည့် အမွှေးရှည်များကတော့ပို၍ဆိုးသည်။မလုပ်ပါနဲ့ ကိုယ်ကအဆင်ပြေတယ်... လို့သူ့ဘက်ကပြောနေသော်လည်း ကိုယ့်စိတ်ကမဖြောင့်။
ခြေသလုံး၏အတွင်းသားတွင်ရှိနေသည့်ဒဏ်ရာမို့ သူ့ဘာသာဆေးထည့်လျှင်လည်း နေရာကနှံ့စပ်စွာရောက်မှာမဟုတ်။
စိတ်ဆိုးပြေသွားတာမဟုတ်သော်ငြား ကိုယ့်ကြောင့်ရခဲ့သည့်ဒဏ်ရာမို့ ဒီလောက်ကတော့လုပ်ပေးသင့်တယ်လို့ Black ထင်မိသည်။
ထို့ကြောင့် Dark ကိုမွေ့ယာထက်ဝမ်းလျားထိုးမှောက်ခိုင်းပြီး ကုတင်ဘေးဝင်ထိုင်ကာဆေးထည့်ပေးနေခြင်းဖြစ်သည်။အစကအမွှေးများကြားကပ်နေသည့် ထိုသွေးခဲများဖယ်ရှားရလွယ်ကူစေရန် ဂွမ်း၌အရက်ပြန်စွတ်၍ Black ကစိတ်ရှည်လက်ရှည်ပွတ်ပေးခဲ့သည်။
အနည်းငယ်ကြာလာသည့်အခါစိတ်ကသိပ်မရှည်တော့။
ဒါကလည်း သူ့ကိုငြိုငြင်လို့မဟုတ်။တူညီသည့်အလုပ်တစ်ခုကို ထပ်ခါထပ်ခါ လုပ်ရသည့်အချိန်တိုင်းဖြစ်ပေါ်လာသည့်ခံစားချက်နှင့်
ကိုယ်တိုင်ကိုက စိတ်မရှည်တတ်သည့်လူတစ်ယောက်ဖြစ်နေသောကြောင့်ပင်။Black ကနှစ်ခါပင်ပြန်မတွေးဘဲ လက်ထဲရှိဂွမ်းဖတ်ကိုအမှိုက်တောင်းထဲသို့ပစ်ထည့်လိုက်သည်။ပြီးလျှင် ခေါင်းကိုအနည်းငယ်ငုံ့၍ အရက်ပြန်စိုနေပြီးဖြစ်သောအမွှေးစုများကို လက်နှင့်အသာသပ်ဆွဲသည်။
ထိုကဲ့သို့ဆွဲနေရင်းက သွေးခဲများအရည်ပျော်ဟန်ရှိလာသည့်အခါ အဆင်ပြေတော့မည်အထင်နှင့် လက်ကိုဆောင့်ဆွဲပစ်လိုက်ခြင်းဖြစ်သည်။
ထိုကဲ့သို့ဆောင့်ဆွဲပစ်လိုက်သည့်အချိန်မှာမှ Dark ကထအော်လာခြင်းဖြစ်သည်။
YOU ARE READING
" Dark's Black " Season-(3) [Completed]
Romance" Dark's Black " Season-(3) Start (4.2.2022) ✍ [Darkness's own creation] 💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚