အခန်း(၁၀၄)
Part-(2)
ဆက်ပြီးသာရပ်နေမယ်ဆိုအချိုးမပြေသည့် မျက်နှာထားကိုကြည့်နေရအုံးမှာမို့ Dark ကခြေလှမ်းကိုအိပ်ခန်းဆီသို့ဦးတည်လိုက်သည်။
company မှာက Japan နှင့်ပူးပေါင်းလုပ်ဆောင်နေသော အရေးကြီးသည့် E&J နှစ်ဦးပိုင်းပရောဂျက်ကြောင့်ခေါင်းမထောင်နိုင်အောင်အလုပ်များနေခဲ့သည်။
ထိုကိစ္စများပြီးသွားမှ ခန့် ဆီကယူစရာရှိသည့်ပစ္စည်းကိုရအောင်ယူမယ်လို့ အစီအစဥ်များချထားခဲ့သည်။ဒီကြားထဲသူ့အသံပါသည့် ဖိုင်ကကိုယ့်ဆီမှာရှိနေသဖြင့် ခန့် ဘက်ကငြိမ်နေအုံးမှာပါလို့ တစ်ချက်လျှော့တွေးမိခဲ့သည်။
ယခုတော့ထင်ထားခဲ့သလိုမဟုတ်...
အရာအားလုံးရှုပ်နေသည့်အချိန်မှာမှ သူ့ဘက်ကဗွေထဖောက်လာခဲ့သည်။သူ့အိပ်ခန်းဆိုသည့်အသိနှင့် ခြေလှမ်းကိုအနည်းငယ်မျှ မလှမ်းချင်သော်လည်းစဥ်းစားဖို့ရာအချိန်မရှိသဖြင့် Dark ကကုတင်ဘေးရှိစားပွဲဆီသို့လျှောက်သွားသည်။
စားပွဲဆီသို့ရောက်သွားလျှင် ကိုယ်လိုချင်သည့်ပစ္စည်းအစား ပန်းအိုးနှင့်စာအုပ်အနည်းငယ်ကိုသာမြင်လိုက်ရသည်။
စိမ်းသက်သည့်အမွှေးနံ့ကြောင့် ကိုယ့်နောက်မှာခန့် ကပ်ပါလာတယ်ဆိုတာကိုသိသည်။
ထို့ကြောင့် အနည်းငယ်မျှပင်ပြန်လှည့်မကြည့်ဘဲ
သပ်ရပ်စွာလှန်တင်ထားသည့်ဆံသားများကို လက်ချောင်းများနှင့်အကြမ်းပတမ်းထိုးခွဲပစ်ကာ..." ပေးစရာရှိတာကိုမပေးရင် မရှိတဲ့အမှုတွေပါထပ်ဆင့်ရသွားလိမ့်မယ် ခန့် "
" ခြိမ်းခြောက်တယ်ပေါ့ မထင်ရဘူးနော် Darkက "
" ကျွတ်...! "
မျက်ထောင့်နီနှင့်စူးရဲစွာ လှည့်ကြည့်လာသည့်Dark ကြောင့်ခန့်က ပါးစပ်ကိုမပွင့်တပွင့်လုပ်ကာရယ်ရင်း...
" အာ...ဆောရီး ဆောရီး ပစ္စည်းကခေါင်းအုံးအောက်မှာရောက်နေတာ ဟိုမှာလေ အစွန်းလေးတောင်မြင်နေရပြီ "
Dark မှာကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည့်လက်ချောင်းများကို ဆုပ်ချည်ဖြန့်ချည်လုပ်ရင်း စိတ်ကိုမနည်းထိန်းလိုက်ရသည်။
ပြီးလျှင် မေးရိုးကြောများတင်းကားသည်အထိအံကိုကြိတ်ချလိုက်ပြီး သူညွှန်ပြသည့်နေရာကိုကြည့်သည်။
ထိုအခါမှဆင့်ထားသည့်ခေါင်းအုံးနှစ်လုံးအောက်တွင် အစွန်းပိုင်းလေးထွက်နေသည့် USB flash drive Box ကိုမြင်လိုက်ရသည်။
YOU ARE READING
" Dark's Black " Season-(3) [Completed]
Romance" Dark's Black " Season-(3) Start (4.2.2022) ✍ [Darkness's own creation] 💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚