အခန်း(၁၀၂)
အိပ်ယာကနိုးလာပြီးပြီးချင်း Black စိတ်ဝင်စားနေမိတာ တစ်ခါကပျောက်သွားခဲ့ဖူးသည့် လက်ထပ်လက်စွပ်အကြောင်းကိုပင်။
ကိုယ့်ဘာသာတောင် ပျောက်လို့ပျောက်မှန်းမသိဖြစ်ခဲ့သည်ကို ဘယ်လိုကြောင့်များ Dark ကပြန်ရှာတွေ့ခဲ့တာလဲ။ထိုကိစ္စကိုယခင်ကမေးခဲ့ဖူးသော်လည်း Dark ဆီကနေတိကျသည့်အဖြေကိုပြန်မရခဲ့။
ထို့ကြောင့်ကိုယ့်ခေါင်းအောက်လျှိုသွင်းပေးထားသည့် သူ့လက်မောင်းသားကျစ်ကျစ်ကို မရှိသည့်လက်သည်းနှင့်အသာဆိတ်ကြည့်သည်။ပထမအကြိမ်ဆိတ်ကြည့်လျှင် တုပ်တုပ်မျှမလှုပ်ဘဲအိပ်မြဲသာအိပ်နေသူကြောင့် Black ကနောက်တစ်ကြိမ်ထပ်ဆိတ်သည်။
နောက်တစ်ကြိမ်ထပ်ဆိတ်သော်လည်း Dark ဆီကတုံ့ပြန်မှုကို မရတာကမရတာပဲမို့ Black မှာစိတ်မရှည်နိုင်ဘဲ သွားနှင့်သာကုန်းကိုက်ပစ်လိုက်သည်။ထိုအခါမှ ကိုယ်မြင်ချင်သည့်မျက်ဝန်းညိုများက ဖျတ်ခနဲဆိုသလိုပွင့်ဟလာခဲ့ပြီး...
" အဟွန်း...ကိုက်လိုက်တာလား ကိုယ့်ကို "
Black ကဖွေးစွတ်သည့်သူ့သွားတန်းများကို တမင်စေ့ပြလိုက်ပြီး...
" ဟုတ်တယ်လေ နှိုးနေတာကိုလှုပ်မှမလှုပ်တာ "
Dark က " သြော်..." လို့သာဆိုပြီး ရင်ခွင်ထဲရှိခန္ဓာကိုယ်လေးအား အသားကုန် ဖျစ်ညှစ်ဖက်သည်။ပြီးလျှင် မည်းနက်သည့်ဆံနွယ်များကို မြတ်နိုးစွာရှိုက်နမ်းလိုက်ရင်း...
" ဘာလဲ နောက်တစ်ချီပြန်စချင်လို့လား...အဆင်သင့်ပဲနော်ကိုယ်က "
Feb20,2022 ✍
___________________________________________
အဆင္သင့္ပဲေနာ္
အခန္း(၁၀၂)
အိပ္ယာကနိုးလာၿပီးၿပီးခ်င္း Black စိတ္ဝင္စားေနမိတာ တစ္ခါကေပ်ာက္သြားခဲ့ဖူးသည့္ လက္ထပ္လက္စြပ္အေၾကာင္းကိုပင္။
ကိုယ့္ဘာသာေတာင္ ေပ်ာက္လို႔ေပ်ာက္မွန္းမသိျဖစ္ခဲ့သည္ကို ဘယ္လိုေၾကာင့္မ်ား Dark ကျပန္ရွာေတြ႕ခဲ့တာလဲ။ထိုကိစၥကိုယခင္ကေမးခဲ့ဖူးေသာ္လည္း Dark ဆီကေနတိက်သည့္အေျဖကိုျပန္မရခဲ့။
ထို႔ေၾကာင့္ကိုယ့္ေခါင္းေအာက္လွ်ိုသြင္းေပးထားသည့္ သူ႕လက္ေမာင္းသားက်စ္က်စ္ကို မရွိသည့္လက္သည္းႏွင့္အသာဆိတ္ၾကည့္သည္။ပထမအႀကိမ္ဆိတ္ၾကည့္လွ်င္ တုပ္တုပ္မွ်မလႈပ္ဘဲအိပ္ၿမဲသာအိပ္ေနသူေၾကာင့္ Black ကေနာက္တစ္ႀကိမ္ထပ္ဆိတ္သည္။
ေနာက္တစ္ႀကိမ္ထပ္ဆိတ္ေသာ္လည္း Dark ဆီကတုံ႕ျပန္မႈကို မရတာကမရတာပဲမို႔ Black မွာစိတ္မရွည္နိုင္ဘဲ သြားႏွင့္သာကုန္းကိုက္ပစ္လိုက္သည္။ထိုအခါမွ ကိုယ္ျမင္ခ်င္သည့္မ်က္ဝန္းညိုမ်ားက ဖ်တ္ခနဲဆိုသလိုပြင့္ဟလာခဲ့ၿပီး...
" အဟြန္း...ကိုက္လိုက္တာလား ကိုယ့္ကို "
Black ကေဖြးစြတ္သည့္သူ႕သြားတန္းမ်ားကို တမင္ေစ့ျပလိုက္ၿပီး...
" ဟုတ္တယ္ေလ ႏွိုးေနတာကိုလႈပ္မွမလႈပ္တာ "
Dark က " ေၾသာ္..." လို႔သာဆိုၿပီး ရင္ခြင္ထဲရွိခႏၶာကိုယ္ေလးအား အသားကုန္ ဖ်စ္ညွစ္ဖက္သည္။ၿပီးလွ်င္ မည္းနက္သည့္ဆံႏြယ္မ်ားကို ျမတ္နိုးစြာရွိုက္နမ္းလိုက္ရင္း...
" ဘာလဲ ေနာက္တစ္ခ်ီျပန္စခ်င္လို႔လား...အဆင္သင့္ပဲေနာ္ကိုယ္က "
Feb20,2022 ✍
___________________________________________
YOU ARE READING
" Dark's Black " Season-(3) [Completed]
Romance" Dark's Black " Season-(3) Start (4.2.2022) ✍ [Darkness's own creation] 💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚