လွန်ခဲ့သည့်သုံးနှစ်က သက်မင်းဘဝအခြေအနေမှာယခုလိုမျိုးအေးချမ်းနေတာမဟုတ်။
ဖခင်က သက်မင်းအထက်တန်းမအောင်ခင်မှာပင် ငှက်ဖျားရောဂါနှင့်ဆုံးသွားခဲ့သည်။
မိခင်ဖြစ်သူမှာလည်းနှစ်ပေါင်းများစွာ သားသမီးလေးယောက်ကို ပင်ပန်းစွာရှာကျွေးခဲ့ရသည့်ဒဏ်ဖြင့် ပန်းနာရင်ကျပ်ရောဂါကိုခံစားနေရလျက်။မောင်နှမများတွင် သက်မင်း ကအကြီးဆုံးသားဖြစ်ကာ အငယ်ဆုံးညီမလေးများကအမွှာဖြစ်သည်။
သက်မင်းအောက်ရှိဒုတိယညီလေးကတော့ လူပျိုပေါက်အရွယ်ရောက်နေပြီဖြစ်သည်။မိခင်တစ်ယောက်ထဲပင်ပန်းနေတာကို မကြည့်ရက်သောကြောင့် သက်မင်းမှာနောက်ဆုံးနှစ်မပြီးခင်မှာတင်ကျောင်းနားပြီး ညီလေးညီမလေးများ၏ကျောင်းစရိတ်များအတွက် ငွေကူရှာပေးခဲ့သည်။
ကျောင်းမပြီးသေးသည့် သက်မင်းအဖို့ နေရာကောင်းကောင်းတွင်ဝင်မဆန့်နိုင်။
Cloudy Bar ဆိုသည့်စားသောက်ဆိုင်မှာသာအဖျော်ဆရာအနေဖြင့်အလုပ်ရရှိခဲ့သည်။
ထို့နောက် မိခင်၏ထမင်းဆိုင်သေးသေးလေးက
ဝင်ငွေနှင့် သက်မင်း၏လစာ နှစ်ခုပေါင်းပြီး မိသားစုအခြေအနေလေးက အတော်အသင့် အဆင်ပြေလာခဲ့သည်။ပိုလျှံနေတာမျိုးမရှိပေမယ့် ယခင်ကလောက်လည်း ကျပ်တည်းနေတာမျိုးမရှိ။
သက်မင်း Bar မှာအလုပ်စဝင်သည့်အချိန်က ချစ်သူဖြစ်သည့် မ ကိုယ်တိုင်သူ့မိသားစု၏ဆန်ပွဲရုံကိုစတင်ဦးစီးသည့်အချိန်ဖြစ်သည်။
မ ကမိဘကိုကြောက်ရသူမို့ သက်မင်းနဲ့တွဲနေတာကိုအသိမပေးရဲ။
သက်မင်း ကိုယ်တိုင်ကလည်း မ ကိုချစ်ခဲ့တာဖြူစင်သည့်နှလုံးသားနှင့်မို့ မ ဘက်ကငွေရေးကြေးရေးကူညီပေးတာကိုတစ်ခါမှလက်မခံခဲ့။မ ၏မိဘများက သက်မင်း နှင့် မ တွဲနေတာကိုသိရင်လည်းသိနိုင်သည်။
သိပေမယ့် သူတို့သမီးနှင့်တွဲနေတာကိုသဘောမကျသောကြောင့် ခေါင်းထဲမထည့်တာဖြစ်မည်။တစ်ရက်တွင် Bar သို့အမြဲလာနေကျဖြစ်သည့် ခန့် ဆိုသောလူက သက်မင်း အားအလုပ်တစ်ခုကမ်းလှမ်းခဲ့သည်။
သူပြောခဲ့သည်က လူတစ်ယောက်အနားသို့ ပရိယာယ်သုံးပြီးလိမ္မာစွာချဥ်းကပ်ပေးဖို့ပင်။
ခိုင်းသည့်အလုပ်ကဘာမှမခက်။
သူချဥ်းကပ်ခိုင်းသည့် လူ၏ပုံကိုတော့မပြ။
သက်မင်းဘက်ကအလုပ်ကိုလက်ခံမယ်ဆိုမှ ပုံပြမယ်လို့ပြောလာခဲ့သည်။
သက်မင်း ကအလုပ်အားလက်မခံခင် " ဘာဖြစ်လို့ကျွန်တော်ကို ပိုက်ဆံတွေအများကြီးပေးပြီးကမ်းလှမ်းတာလဲ " လို့ပြန်မေးခဲ့သည်။
YOU ARE READING
" Dark's Black " Season-(3) [Completed]
Roman d'amour" Dark's Black " Season-(3) Start (4.2.2022) ✍ [Darkness's own creation] 💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚