Dark's Black Final

1.1K 90 32
                                    

Love

အခန်း(၁၁၆)

" ဘယ်နားထားမိပါလိမ့် "

မေ့တတ်သည့်လူမဟုတ်သော်ငြား လွန်ခဲ့​သောအပတ်က သိမ်းထားခဲ့သည့် USB drive ကိုဘယ်နားပြန်ရှာရမယ်မသိ။
စစ်ဆေးပြီးသော အလုပ်စားပွဲပေါ်တွင်ရှိနေသည့် USB drive များမှာလည်းကိုယ်လိုချင်သည့်စာရင်းတွေကမရှိ။

အလုပ်ကိုအမြဲစနစ်တကျလုပ်ပေမယ့် ပစ္စည်း​ဖျောက်တတ်သည့်အကျင့်ကိုတော့ Black ယခုအချိန်ထိမပြင်နိုင်သေး။

ယခုဆိုရှာစရာက Dark ၏အလုပ်ခန်းတစ်ခုသာကျန်ရှိတော့သည်။
အလုပ်ပိတ်ရက်ရသည့် အချို့သောအချိန်များတွင် Dark နှင့်လုပ်ငန်းကိစ္စဆွေးနွေးရင်းထိုအခန်းထဲ၌ အလုပ်အတူတူလုပ်ခဲ့ဖူးသည်။

ထိုကြောင့်Dark၏အလုပ်ခန်းထဲတွင် ကျန်ခဲ့လိုကျန်ခဲ့ငြားရှာဖွေရန် Black အခန်းထဲမှထွက်သည်။
Dark ၏အလုပ်ခန်းက စာကြည့်ခန်းနှင့်မျက်နှာချင်းဆိုင် အိပ်ခန်း၏နှစ်ခန်းကျော်မှာဖြစ်သည်။

" ကျွီ...! "

" ချောက်...! "

အခန်းအတွင်းသို့ရောက်ကာ မီးဖွင့်ပြီးလျှင် Black အရင်ဆုံးရှာဖွေမိသည်က အလုပ်စားပွဲ၏အံဆွဲအကန့်တိုင်းကိုဖြစ်သည်။
သို့သော်ကြည့်ပြီးသည့် အံဆွဲအကန့်တိုင်းတွင် လိုချင်သည့်ပစ္စည်းကမရှိ။
ထို့ကြောင့် အခန်းအလယ်တွင်ခဏတာရပ်ရင်း ပစ္စည်းဘယ်နားမှာရှိနိုင်မလဲလို့စဥ်းစားသည်။
ကိုယ်ထားတတ်သည့်နေရာတိုင်းတွင် ပစ္စည်းမရှိသည့်အတွက် ဖြစ်နိုင်တာကတစ်ခုပဲရှိသည်။

" Dark များသိမ်းပေးလိုက်တာလား "

Dark ကမနက်ဖြန်နေ့လည် သို့မဟုတ်ညနေပိုင်းလောက်မှခရီးကပြန်လာမှာဖြစ်သည်။
ဖုန်းဆက်ပြီးလှမ်းမေးလို့ရပေမယ့် အလုပ်ရှုပ်နေသူကို ဒုက္ခမပေးချင်သည်မို့ကိုယ့်ဘာသာရှာဖို့ကိုပဲ Black စဥ်းစားလိုက်ကာအခန်းထဲတွင်ရှိနေသည့် စာအုပ်စင်များ နံရံကပ်ဖိုင်တင်စင်များကိုပတ်လည်ကြည့်သည်။

" Dark's Black " Season-(3) [Completed]Where stories live. Discover now