အခန်း(၁၁၃)
Dark ကတစ်ဖက်လှည့်ပြီးပြောနေပေမယ့် သူဘာပြောလိုက်တယ်ဆိုတာကိုBlack ကကြားသည်။
သို့သော်ရန်ဖြစ်ရတာမောနေပြီဖြစ်သောကြောင့်
ဘာစကားမှပြန်မပြောဘဲ Dark မျက်နှာရှေ့သို့သာ လက်သီးဆုပ်ကိုထောင်ပြလိုက်သည်။ထို့နောက် ခေါင်းကိုဘယ်ညာရမ်းခါပြီး ကားခုံနောက်မှီသို့စိတ်ပျက်လက်ပျက်မှီချသည်။
ရှေ့လျှောက်အရင်ကလိုမျိုး စိတ်ရှိတိုင်းလုပ်ခွင့်ရတော့မှာမဟုတ်။ကိုယ့်မိသားစုဝင်များက ကိုယ်ဆိုးတာကိုသိနေပြီးသားမို့ကိစ္စမရှိပေမယ့် Dark မိဘများကတော့မတူ။
လက်ထပ်ပွဲပြီးသည်နှင့် သိပ်မကြာခင်မှာ ပြင်သစ်ကိုပြန်သွားခဲ့သည်မို့သူတို့မျက်စိရှေ့မှာရှိနေသည့်ကိုယ်ဆိုတာ အရမ်းကိုလိမ္မာရေးခြားရှိသည့်သားငယ်လေးတစ်ယောက်ပင်။ထိန်းသိမ်းလို့ပင်မရအောင် ကိုယ်ဆိုးနေတာအားသိသွားခဲ့မယ်ဆို ယောက္ခမနှစ်ယောက်စလုံး စိတ်ပျက်သွားလိမ့်မည်။
ယခင်ကအခြေအနေအတိုင်းသာဆို ကိုယ့်ကိုမကြည်ဖြူလည်းကိစ္စမရှိ။
သို့သော် Dark အပေါ်ထားသည့် လက်ရှိစိတ်ထားက ယခင်ကနဲ့လုံးလုံးကွာခြားသည်။
တော်ကြာသူတို့သားကိုနှိပ်စက်နေလို့ဆိုပြီး ကိုယ် နဲ့ကွာရှင်းခွင့်တွေဘာတွေတောင်းလာလျှင်..." မဖြစ်ဘူး "
Dark ကရှပ်အင်္ကျီလက်ဖျားရှိ ကြယ်သီးနှစ်လုံးကို ဖြုတ်နေရင်းက Black ကိုလှည့်ကြည့်သည်။
Black ပါးစပ်ကနေ တစ်ခုခုရေရွတ်လိုက်သံကိုကြားပေမယ့် တိကျမှုတော့မရှိ။
မျက်ခုံးတန်းများကို အတင်းအကျပ်တွန့်ချိုးပြီးစဥ်းစားနေပုံက တစ်ခုခုဆုံးရှုံးသွားမှာအားကြောက်နေသည့်ပုံ။
ထို့ကြောင့်ကြယ်သီးပြုတ်သွားသည့် ရှပ်အင်္ကျီလက်ကို တံတောင်ဆစ်နားထိရောက်အောင်ခေါက်တင်ရင်း..." Black "
" ဟင် "
ခေါ်လိုက်တော့လည်းအလိုက်သင့်လေးထူးရှာပါသည်။
ထူးပြီးသွားမှစိတ်ပြန်ကပ်ပုံရသည်။
မျက်စောင်းတစ်ချက်ခဲ၍အံကြိတ်ပြသည်။
ထိုအခါDark က...
YOU ARE READING
" Dark's Black " Season-(3) [Completed]
Romance" Dark's Black " Season-(3) Start (4.2.2022) ✍ [Darkness's own creation] 💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚