အခန်း(၁၀၅)
Part(1)
" ကျွီ...! "
ကားပေါ်ကဆင်းသည်နှင့် Black ကခြံထဲသို့ တလိမ့်လိမ့်မောင်းဝင်လာသော Dark ၏ကားကိုတစ်ချက်စောင်းငဲ့ကြည့်သည်။
မလိုက်လာနဲ့လို့ပြောခဲ့သည့်ကိုယ့်စကားအား အတော်လေး အလေးထားပုံရသည်။အနားကနေ ကပ်မလိုက်လာတာတစ်ခုပဲရှိသည်။
ကွန်ဒိုကနေ အငှားကားနှင့်အိမ်သို့ပြန်လာသည့်လမ်းတစ်လျှောက်လုံးကို Dark ကထပ်ကြပ်မကွာလိုက်နေခဲ့လျက်။
လမ်းမပေါ်ဆင်းပြီး မလိုက်နဲ့လို့ ရန်တွေ့ရအောင်လည်း ဒီလမ်းကကိုယ်ပိုင်နေသည့်အရာမဟုတ်။" ဟွန်း..."
Black ကအငှားကားပြန်မောင်းထွက်သွားသည်နှင့် မမြင်ချင်ယောင်ဆောင်ပြီးအိမ်ထဲသို့ဝင်လိုက်သည်။
အိမ်ထဲသို့ရောက်လျှင် လွယ်ထားသည့်ကျောပိုးအိတ်အားဆိုဖာပေါ်သို့ပစ်တင်လိုက်ပြီး အပေါ်ထပ်သို့အပြေးအလွှားတက်သည်။Black ကလှေကားဆင့်များအားအပြေးနင်းလျှောက်နေသည့်အချိန်Dark ကအိမ်ထဲသို့ဝင်လာခဲ့ပြီဖြစ်သည်။
လက်ထဲတွင် Black စိတ်ဆိုးပြီးထားပစ်ခဲ့သည့် ထမင်းခြင်းတောင်းကိုပါဆွဲထားခဲ့လျက်။
ကွန်ဒိုခန်းမှာတုန်းက Black ကိုအလျှော့ပေးပြီးလွှတ်ပေးခဲ့တာ အိမ်သို့ရှောရှောရှူရှူပြန်မလာမှာစိုး၍ဖြစ်သည်။
ခဏလောက်လေးပဲဖြစ်ဖြစ်စိတ်ငြိမ်ပါစေဆိုပြီး အဝေးကနေသာကြည့်ပြီးလိုက်လာခဲ့ရသည်။ကိုယ်လိုချင်သည့်ပုံစံအတိုင်းအိမ်သို့ရောက်လာပြီဆိုရင်တော့ မရရင်ရတဲ့နည်းနဲ့စကားပြောနိုင်ဖို့ကို ကြိုးစားမည်ဟုတွေးထားခဲ့သည်။
ထို့ကြောင့် ကိုင်ထားသည့်ခြင်းတောင်းကိုဆက်တီခုံပေါ်သို့တင်ထားလိုက်ပြီး အပေါ်ထပ်သို့လိုက်တက်သည်။
အပေါ်ထပ်သို့ရောက်လျှင်တံခါးပွင့်နေသည့်အိပ်ခန်းထဲသို့ဝင်လိုက်သော်လည်း Black ကိုရှာမတွေ့။ဒါဆိုလျှင် Black ရှိနိုင်သည့်နေရာက အတွင်းထဲဘက်ရှိ အဝတ်လဲခန်းထဲမှာသာဖြစ်နိုင်သည်။
ထို့ကြောင့် တုံ့ဆိုင်းမှုအလျဥ်းမရှိဘဲ Dark ကအဝတ်ခန်းရှိရာဆီသို့လျှောက်သွားသည်။
ထိုအခါ...
YOU ARE READING
" Dark's Black " Season-(3) [Completed]
Dragoste" Dark's Black " Season-(3) Start (4.2.2022) ✍ [Darkness's own creation] 💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚