အခန်း(၁၀၄)
Part-(1)
" ပြောလို့ရတယ်လေ မာမီရဲ့ ရုံးပိတ်ရက်မှမဟုတ်ဘူး အချိန်တိုင်းသာဆက်ရတယ် "
" ဟုတ်ပါ့မလားကွယ် အလုပ်ကပြန်လာရင်သားလေးပင်ပန်းနေမှာပေါ့ "
" မပင်ပန်းပါဘူးမာမီရယ်...သားက မာမီတို့မအားမှာစိုးလို့အရင်စမခေါ်တာ...မဟုတ်ရင်ခေါ်ပြီးသားပဲ "
" ဘယ်ကလာ မာမီလည်းခေါ်ချင်တာပေါ့...ဟိုတစ်ယောက်ကမခေါ်ခိုင်းလို့သာ "
အောက်ထပ်သို့ရောက်လာကတည်းက စကားအပြန်အလှန်ပြောနေကြသည့် မာမီ နှင့် Black အသံကိုကြားနေရခြင်းဖြစ်သည်။
ဖုန်းကိုစပီကာဖွင့်ထားပြီးပြောနေခြင်းကြောင့် အသံကြားနေရသည့် မီးဖိုခန်းဘက်သို့ Dark ကလျှောက်ဝင်လိုက်သည်။ထိုအခါ တစ်ခုခုကိုချက်ပြုတ်နေပုံရသည့် Black ၏ကျောပြင်လေးအား မြင်လိုက်ရသည်။
လက်ထပ်ပြီးသည့်အချိန်ကတည်းက Black တစ်ယောက်မီးဖိုခန်းထဲသို့ကိုယ့်ထက်အရင်ရောက်နေခြင်းဟာ ဒီနေ့ပထမဦးဆုံးဖြစ်သည်။
Black ၏အာရုံကဖုန်းထဲမှာပဲရှိနေပုံရသည်။
အနောက်ဘက်တွင်လူတစ်ယောက်လုံး လက်ပိုက်ပြီးရပ်ကြည့်နေတာကိုလုံးဝမသိ။" ဘယ်တစ်ယောက်လဲမာမီ "
" ဘယ်သူရှိရမှာလဲ သားရယ်မာမီသားကြီး Dark ပေါ့...သားငယ်လေးဆီကိုအချိန်တိုင်းဖုန်းမဆက်ခိုင်းဘူး...အလုပ်ကပြန်လာရင်ပင်ပန်းနေမှာစိုးလို့မနှောင့်ယှက်ပါနဲ့တဲ့ "
" အာ...ခေါ်ပါရပါတယ် မာမီစကားပြောချင်တဲ့အချိန်တိုင်းသာခေါ် သူ့ဆီကခွင့်တောင်းစရာမလိုဘူး "
" သူ့ကိုတော့မာမီလည်းကြောက်တယ်ကွယ် တော်ကြာအပြစ်တင်ခံနေရမှာစိုးလို့ "
" မာမီကလည်း ရပါတယ်ဆို "
ယောက္ခမနဲ့သားမက် အလွမ်းသယ်နေတာကိုDark ကအနောက်ဘက်ကနေ ခပ်ပြုံးပြုံးမျက်နှာထားနှင့်နားထောင်နေလိုက်သည်။
မာမီ တို့ကိုအချိန်တိုင်းဖုန်းမဆက်ခိုင်းတာက Black ကိုသနားသောကြောင့်ဖြစ်သည်။
အလုပ်နဲ့လက်မပြတ်ခဲ့သည့် သူ့လိုလူမျိုးကကိစ္စမရှိပေမယ့် ယခုမှလုပ်ငန်းခွင်ထဲသို့စဝင်သည့် Black ကတော့အနည်းနဲ့အများပင်ပန်းမှုလေးရှိနေနိုင်သည်။
YOU ARE READING
" Dark's Black " Season-(3) [Completed]
Romance" Dark's Black " Season-(3) Start (4.2.2022) ✍ [Darkness's own creation] 💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚