အခန်း(၁၀၃)
အစကသူဘာပြောနေတယ်ဆိုတာကို Black သဘောမပေါက်။
ခဏလေးကြာသွားမှ သူ့ဆိုလိုရင်းကိုနားလည်သွားပြီးအဝတ်မရှိသည့်ရင်ဘတ်ကိုတဘုန်းဘုန်းထုရိုက်ကာ..." သေလိုက်ပါလား လူကိုများအရုပ်လို့ထင်နေတာလား...မင်း "
" ဟား...ဟား "
ကိုယ့်စကားကြောင့် အားရပါးရထရယ်နေသူကို Black ဘာဆက်ပြောရမယ်မသိ။ဘယ်လောက်ပဲထုရိုက်ခံနေရပါစေ သူ့အတွက်ကတော့ ပုရွက်ဆိတ်ပြေးနေသလောက်ပဲခံစားနေရပုံပေါ်သည်။
ရိုက်နေသည့်ကိုယ့်လက်တွေသာ အသားကုန်နီရဲလာပြီမို့ Black ကသူရယ်လို့ပြီးသည်အထိစောင့်နေလိုက်သည်။Dark ကသဘောတကျ ရယ်လို့ပြီးသွားလျှင် Black ၏ဆံနွယ်များကိုဆက်၍ရှိုက်နမ်းသည်။
ထိုအခါ Black ကရင်ခွင်ထဲကနေတိုးလျသောလေသံလေးနှင့်..." လက်စွပ်ကိုဘယ်မှာပြန်တွေ့တာလဲ "
မွှေးပျံ့သည့်ဆံနွယ်များအား တမြေ့မြေ့နမ်းရှိုက်နေသူမှာ ရင်ခွင်ထဲတွင်ရှိနေသူ၏အမေးစကားကြောင့် မျက်ခုံတန်းကိုအသာပင့်တင်လိုက်သည်။
ကိုယ့်ကိုမရမကနှိုးယူနေတာဒီကိစ္စကိုသိချင်လို့လား။
အတိတ်ကအကြောင်းကိစ္စတွေနှင့်ပတ်သက်လာလျှင် Black ကိုဘာမှမသိစေချင်။
ကောင်းလာစရာမရှိတဲ့ဖြစ်ရပ်တွေမို့ အတိတ်မှာပဲအကုန်ထားခဲ့ချင်သည်။ကြည်လင်နေသော Black ၏စိတ်နှလုံးအင်ထဲကို မကောင်းသည့်ခံစားချက်အငွေ့အသက်များမရောက်စေချင်။
Dark ဆီကဖြေသံကိုမကြားရလျှင် ထုံးစံအတိုင်းပြာလဲ့သောမျက်လုံးရွဲကြီးများနှင့် Black ကမော့ကြည့်လာခဲ့သည်။
ထိုအခါ Dark ကတစ်ချက်သာပြုံးပြလိုက်ပြီး နီစွေးသည့် နှုတ်ခမ်းလွှာများကိုငုံ့နမ်းဖို့ကြိုးစားလျှင်...
" မေးနေတာကိုကျမဖြေဘဲနဲ့ "
Black ကစူပုတ်စွာပြောပြီး စိမ်းမြမြပါးသိုင်းမွှေးရာများရှိသည့်သူ့မေးရိုးကြောကိုလက်နှစ်ဖက်နှင့်တွန်းကန်သည်။
" နမ်းမယ်ကွာ တစ်ခါပဲ "
" မရဘူး အရင်ဖြေဘယ်မှာရှာတွေ့တာလဲလို့ "
YOU ARE READING
" Dark's Black " Season-(3) [Completed]
Romance" Dark's Black " Season-(3) Start (4.2.2022) ✍ [Darkness's own creation] 💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚