ဘယ်လိုမြင်ခဲ့လဲဆိုတာကို စာဖွဲ့ပြရမယ်ဆိုရင်တော့ အတော်လေးခက်လိမ့်မည်။
ယခင်ကတည်းက နူးနူးညံ့ညံ့မပြောတတ်သူဆိုတော့ပို၍ပင်ဆိုးသည်။ကိုယ်ပြောလိုက်သည့်စကားက လိုရင်းမရောက်ဖြစ်သွားမှာကိုကြောက်မိသည်။နှုတ်ဖျားကနေဖွင့်ဟမပြောတတ်ပေမယ့် နှလုံးသားထဲမှာတော့ခံစားမိသည်။
Dark ကိုစမြင်ခဲ့သည့် နေ့တွင်ဖြစ်ပေါ်ခဲ့သော သဘောကျမှုက ဘဝတွင်ပထမဦးဆုံးအကြိမ်ဖြစ်တည်ခဲ့သောခံစားချက်ဆိုတာအား။ဆိုးနေကျမို့ သူ့မေးခွန်းအားပြန်မဖြေရန်စဥ်းစားလိုက်ပေမယ့်အရမ်းတွေသိချင်နေပုံရသည့် Dark မျက်ဝန်းများကြောင့် စိတ်ကိုတထစ်ပြန်လျှော့ချလိုက်သည်။
ကိုယ့်အလှည့်တုန်းက သူ့ဘက်ကဘယ်လိုမြင်ခဲ့မလဲဆိုတာကိုသိချင်ခဲ့သည်မို့ Dark ဘက်ကလည်းသိချင်နေမှာသေချာသည်။သို့သော်ကိုယ့်ရင်ဘတ်ထဲက ခံစားချက်များအား ဖွဲ့နွဲ့ပြရန် အကောင်းဆုံးသောစကားလုံးများကအချိန်ခဏလေးအတွင်းပေါ်ထွက်မလာ။
နောက်ဆုံးဘယ်လိုမှစဥ်းစားမရတော့သည်နှင့်
ခါးပေါ်သို့လာတင်ထားသော Dark ၏လက်ဖမိုးကိုတင်းကျပ်စွာဆုပ်ထွေးယူလိုက်ပြီး..." သဘောကျတယ်... အဲဒီနေ့မှာစမြင်ခဲ့ရတဲ့ မင်းကို...ဘာကြောင့်မှန်းမသိဘူး စကားမပြောဘဲလှည့်ထွက်သွားဖို့ကိုလုံးဝမလုပ်နိုင်တာ "
Black ကထိုမျှသာပြောပြီး အခန်းထောင့်ဆီသို့အကြည့်များကိုရွှေ့သည်။
အတိတ်အကြောင်းအား ပြန်စဥ်းစားနေမှန်းသိသာစွာ တစ်နေရာထဲသို့သာအာရုံစိုက်နေသည့်အကြည့်များကလွန်စွာမှတည်ငြိမ်သည်။
Black ၏စကားတစ်လုံးချင်းစီတိုင်းကို တန်ဘိုးထားသည့် Dark ကတော့ဘာဆက်ပြောမလဲဆိုတာကို စိတ်ရှည်စွာဖြင့်စောင့်သည်။
Dark ကစောင့်နေပေမယ့် Black ၏အာရုံကတော့အတိတ်ကိုပြန်ရောက်သွားသည်။ဖြူသန့်သောရှပ်လက်ရှည်ကော်လံကတုံးအားယောပုဆိုး အညိုရောင်နှင့်သာ ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားပေမယ့် အကြည့်မလွှဲချင်လောက်အောင် ပြည့်စုံလွန်းသည့်လူသားတစ်ယောက်။
ချောတာတစ်ခုထဲကိုကြည့်ပြီးသဘောကျခဲ့တာမဟုတ်။
YOU ARE READING
" Dark's Black " Season-(3) [Completed]
Romans" Dark's Black " Season-(3) Start (4.2.2022) ✍ [Darkness's own creation] 💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚