နောက်ဆုံး-(2)

1K 68 12
                                    

အခန်း(၁၀၅)

Part(2)

" ဘာလာလုပ်တာလဲ "

တံခါးတော့လာဖွင့်ပေးဖော်ရပေမယ့် မေးလာသည့်အသံက ရင်ဝကိုဆောင့်ကန်ချလိုက်သလိုပင်။
အခြားလူသာဆို နားရင်းပါးရင်းတွေချလိုက်မိမှာအမှန်။

ယခုက ကိုယ်အပါအဝင်တစ်မိသားစုလုံး၏အချစ်ရဆုံး အသည်းကျော်လေးမို့ အိမ်စီးဖိနပ်ကိုပြောင်းစီးလိုက်ရင်း...

" မသိလို့မေးနေတာလား ငါ့တူ အိမ်မှာဘယ်လောက်ထိကမ္ဘာပျက်နေတယ်ဆိုတာကိုမသိဘူးလား... သွား သွား ထိုင်ပြီးပြောရအောင် "

" ဦးနိုင်ကလည်း နားလာပူမယ်ဆိုရင်တော့ စောစောစီးစီးထွက်သွားတာပိုကောင်းမယ်...သားအကြောင်းကိုလည်းသိတယ်နော်...ဦးလေးဆိုပြီးအားနာမှာမဟုတ်ဘူး "

" အေးပါကွာ ဦးလေးသိပါတယ်...မသိတာကမင်းအဘိုးလေ အဲ့တော့မခက်ဘူးလား "

ဒီကလေးနှစ်ယောက်ရန်ဖြစ်ပြီး အိမ်ခွဲနေတာလေးငါးရက်မကတော့။
အတော်လည်းလိုက်ဖက်ညီကြသည့်စုံတွဲလို့ပြောရ​ပေမည်။နှစ်ယောက်စလုံးက ပြဿနာတက်နေသည့်ကိစ္စကို လူကြီးတွေအားလုံးဝအသိမပေး။

" ခက်လည်းမတတ်နိုင်ဘူး...အဘိုးကဘယ်သူပြောလို့သိသွားတာလဲ သူပြောတာလား "

ဦးနိုင်က ခေါင်းကိုဘယ်ညာရမ်းခါရင်း ဆိုဖာပေါ်သို့ထိုင်ချလိုက်ကာ...

" Dark ကမပြောပါဘူးကွာ တို့အဖေ မင်းအဘိုးကိုယ်တိုင်သိသွားတာ...တစ်နေ့က ဘာစိတ်ကူးပေါက်တယ်မသိဘူး သူ့မြေးနှစ်ယောက်ကိုသွားကြည့်အုံးမယ်ဆိုပြီးထွက်သွားတာ ဟိုမှာက တစ်ယောက်ပဲရှိတယ်လေ "

" အဘိုးကလည်း "

" အဘိုးကမလည်းနဲ့...ပိတ်ရက်နေ့ကြီးကိုမှတစ်ယောက်ထဲရှိတော့ ဟိုကစမေးတာပေါ့... Dark ကလည်းမလိမ်တတ်တဲ့လူဆိုတော့ အမှန်အတိုင်းပြောပြလိုက်တာ "

" သားမကောင်းကြောင်းတွေလား ဟွန်း "

" တူလေး မ​ကောင်းကြောင်းတွေမပြောပါဘူး...သူ့အကြောင်းကိုပဲရှင်းပြခဲ့တာ အဲဒီကိစ္စကိုမနေ့က အားလုံးသိအောင်အဖေကိုယ်တိုင်ပြောပြပြီးပြီ...တူလေးတစ်ယောက်ပဲမသိသေးတာ "

" Dark's Black " Season-(3) [Completed]Where stories live. Discover now