အခန်း(၁၁၂)
" အဟက် ရယ်ရတယ်...ရုံးခန်းထဲကိုလား သူ့အကြံကိုငါကမသိဘူးဆိုတော့လေ ဆောရီးပဲ "
" ဘုတ်...! "
Black ကကျောနောက်တွင်လွယ်ထားသည့် အိတ်ကိုဆွဲချွတ်ပြီး ကားနောက်ခန်းထဲသို့ပစ်ထည့်သည်။
သူမွှေချလိုက်တာကိုကြည့်။
ကိုယ့်မှာမျက်နှာတွေပူလွန်းလို့ မဇူး ကိုတောင်မကြည့်ရဲ။အခြားဝန်ထမ်းတွေလည်းထိုနည်းလည်းကောင်းပင်။ဆွေးနွေးဧည့်ခံစရာရှိသည့်ကိစ္စများကြောင့် အစ်မဇူး ကအပေါ်မှာနေခဲ့တာ။
မနက်ဖြန်အလုပ်ရောက်ပြီဆို ဘယ်လိုတောင်ရှင်းပြရမယ်မသိ။အစ်မဇူးကိုရှင်းပြပြီးရင်လည်းတစ်ဌာနလုံးရှိလုပ်ဖော်ကိုင်ဖက်များ။
သေလိုက်တော့ Black...ညကတည်းက မနက် Head Office ကိုတန်းသွားရမယ်ဆိုပြီးအစ်မဇူးက email ပို့ထားခဲ့ခြင်းဖြစ်သည်။
အစ်မဇူး ကိုယ်တိုင်လည်းသူ့ကားနဲ့သာ HO ကိုသွားနေကျမို့ ခရီးလမ်းက ကိုယ်နဲ့တူစရာအကြောင်းမရှိ။ဌာနမှူးတစ်ယောက်ဖြစ်သည်မို့ ဒီနေ့လိုရက်မျိုးမှာ အစ်မဇူးကဌာနကိုယ်စားတာဝန်ဝတ္တရားများနှင့်အလုပ်ရှုပ်နေမှာအသေအချာ။
ဒါ့အပြင် Meeting ပြီးသည့်အချိန် အခြားလမ်းကြောင်းဆက်စရာရှိသေးသည်ကို Black သိသည်။ဒီနေ့တစ်ရက်ကတော့ အစ်မဇူးနဲ့အသွားရောအပြန်ပါဆုံစရာအကြောင်းမရှိဘူးဆိုတာကို Black သိသည်။
ထို့ကြောင့် အငှားကားကိုမခေါ်ယူဘဲ ကိုယ့်ကားနဲ့သာထွက်လာခဲ့ခြင်းဖြစ်သည်။" လုပ်ချင်ရာကိုစွတ်လုပ်တယ်....သူများပြောစကားကိုကျတစ်လုံးမှနားမထောင်ဘူး "
Black မှာဖြစ်ခဲ့သည့်ကိစ္စများကို တစ်ခုချင်းစီပြန်တွေးယူရင်း ဒေါသထွက်နေခဲ့သည်။
သူ့ရဲ့မဆင်မခြင်လုပ်ရပ်ကြောင့် Meeting ပြီးသည်နှင့် အခန်းထဲမှဝရုန်းသုန်းကား ပြေးထွက်ခဲ့ရသည်။အစကအလုပ်ကိစ္စပြီးရင် စင်တာထဲပတ်မယ်လို့ တွေးထားခဲ့ပေမယ့် ဓာတ်လှေကားထဲသို့ရောက်လျှင် ကယောင်ကတမ်းနှင့် ခလုတ်နှိပ်မိခဲ့တာက အောက်ဆုံးအထပ်ဆီ။
အောက်ဆုံးအထပ်ကိုရောက်လာခဲ့တော့လည်း မထူးပါဘူးလို့သာတွေးရင်း ကားပါကင်ဆီသို့သာလျှောက်ခဲ့ရသည်။
YOU ARE READING
" Dark's Black " Season-(3) [Completed]
Romance" Dark's Black " Season-(3) Start (4.2.2022) ✍ [Darkness's own creation] 💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚