အခန်း(၁၁၀)
" ပြောလို့မနိုင်ရင် ရေသောက်ပြီးဆက်ပြော အချိန်ပေးပြီးနားထောင်ပေးမယ် "
Black ကတမင်အရွဲ့တိုက်ပြီးပြောလိုက်တာမဟုတ်။
အမှန်တစ်ကယ် နား နားပြီးပြောစေချင်သည့်စိတ်နှင့်ပြောလိုက်ခြင်းဖြစ်သည်။
စေတနာကောင်းလွန်းသည့်အတွက် စားပွဲ၏အလယ်တွင်ရှိနေသည့် ရေသန့်ပုလင်းကိုပင် ခန့် အရှေ့သို့တွန်းပို့ပေးလိုက်သေးသည်။ဒါတင်မက ဖန်ခွက်အလွတ်များစုဝေးထားသည့်ဗန်းဘက်ကိုလက်ညွှန်၍ အဆင်ပြေသလို လုပ်ဆိုသည့်သဘောမေးဆတ်သည်။
Black လုပ်ကိုင်နေသမျှကို ယွန်း ကတော့ဘယ်လိုမှနားမလည်။
သွေးအေးသတ္တဝါလိုမျိုး ဘာကြောင့်ပြုမူနေရတာလဲလို့သာ Black ကိုမေးလိုက်ချင်သည်။ကိုယ့်အပေါ်ဒီလောက်ထိ ယုတ်မာစွာလုပ်ခဲ့သူကိုဘာတွေများညှာနေတာလဲ။
အသည်းတွေအူတွေအလိပ်လိုက်ယားရင်း ယွန်း
မှာသေးသွယ်သည့် မျက်ခုံးတန်းများကိုတွန့်ချိုးသည်။
ပြီးလျှင် ယားနေသည့်လက်ဖဝါးနှစ်ဖက်အားစားပွဲခုံပေါ်သို့ယှက်တင်လိုက်သည်။
Black မို့သာပေါ့။
ကိုယ့်စိတ်ရှိတဲ့အတိုင်းသာ ထလုပ်ရမယ်ဆိုရင်တော့ ခန့် မျက်နှာတစ်ပြင်လုံး ရစရာရှိတော့မှာမဟုတ်။" Dark ကြောင့်ဆူစီကိုပြန်မချစ်နိုင်တာလို့ပြောခဲ့တာ...အရမ်းယုံသွားတော့ မုန်းရောပေါ့ ခန့် လည်းသိပ်တော့နားမသွင်းလိုက်ရဘူး "
" ငါအမြဲတမ်းကြားခဲ့ရတဲ့ Dark ရဲ့မကောင်းသတင်းတွေက ဆူစီပါးစပ်ကနေ ထွက်ခဲ့တာတွေချည်းပဲ...ဟွန်း...မသိခဲ့ဘူး "
မင်းရဲ့စနက်တွေပေါ့...လို့ဆက်မပြောတာက ပြောချင်စိတ်ကိုမရှိတော့လို့ဖြစ်သည်။
ပြန်တွေးလိုက်တိုင်းလည်း ယခုအချိန်ထိကိုကြားယောင်နေမိပါသည်။
Dark ၏မကောင်းသတင်းများကိုသာ အချိန်ရတိုင်းပြောနေတတ်သည့်ဆူစီအသံအား။ဒါ့အပြင်ဒိုင်ယာရီစာအုပ်အပြည့်နီးပါး ဆူစီရေးထားခဲ့သည့် " Dark ကိုမုန်းတယ် " " အရာအားလုံးက Dark ကြောင့်ပဲ " ဆိုသည့်စကားလုံးများ၏ အဓိပ္ပါယ်ကို Black သဘောပေါက်သွားသည်။
YOU ARE READING
" Dark's Black " Season-(3) [Completed]
Romance" Dark's Black " Season-(3) Start (4.2.2022) ✍ [Darkness's own creation] 💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚