အပိုင်း (၃)

6.3K 523 2
                                    

နိုဝင်ဘာလလယ်ထဲကိုရောက်လာတော့ အအေးဓာတ်ကပိုလာသည်။ မနက်ခင်းတွေဟာဆိုရင်လည်း မြူအနည်းငယ်ဆိုင်းလာပြီဖြစ်သည်။ အအေးဓာတ်ပါသော လေငွေ့ဟာ မော်တော်ယာဉ်တွေတအားမများသော တောင်ပေါ်မြို့လေးအဖို့တော့ လတ်ဆတ်လို့နေသည်။

အိမ်ကိုစရောက်သော နှစ်ရက်သုံးရက်လောက်ပဲ အိပ်ရာထနောက်ကျတာဖြစ်ပြီး ကျန်ရက်တွေမှာတော့ပုံမှန်အတိုင်း ခြောက်နာရီဆိုထပြီဖြစ်ပြီး အိမ်ကနေဆိုင်အထိ ပြေးလေ့ရှိသည်။ မြို့ထဲမှာထက်ကို မနက်စောစော မြို့ပြင်ဖက်ကလေထုကိုရှုရှိုက်ရတာသဘောကျသည်။
တစ်ခါတစ်လေဆို လမ်းမအတိုင်းတက်သွားပြီးပြေးလေ့ရှိသေးသည်။ ကားတွေဆင်းလာချိန်ဆိုရှောင်ရပေမဲ့လို့ပေါ့။

"မကြီး ပြန်လာပြီလား"

"အင်း ငါရေချိုးလိုက်ဦးမယ်"

"ဟုတ်ပြီ ခဏနေစျေးသွားမယ်နော်"

"အင်း"

တစ်ပတ်တစ်ခါ ဆိုင်အတွက်ရော အိမ်အတွက်ပါစျေးဝယ်လေ့ရှိတာကြောင့် သူလည်းလိုက်ဖို့ပြင်လိုက်သည်။ ခါတိုင်းဆိုရင်တော့ အမေနှင့်ထွေးလေးပဲသွားတာဖြစ်ပြီး ပစ္စည်းတွေကိုတော့ ဖိုးသားကအိမ်က light truck ကားလေးနှင့်လာသယ်ပြီး ဆိုင်ကိုပို့ရသည်။ ယနေ့ကြတော့မှ ကားကို ဝမ်းကွဲအစ်ကိုက မန္တလေးဆင်းဖို့ယူသွားတာကြောင့် သူ့ရဲ့ကားနဲ့လိုက်ပို့ဖို့ဖြစ်ရသည်။

ရေတင်ထားတာမို့လို့ မနက်ခင်းရေဟာနွေးနေသလို လေ့ကျင့်ခန်းလုပ်ထားတာမို့ ရေချိုးရတာလည်းချမ်းမနေပေ။
သွက်သွက်လက်လက်ချိုးလိုက်ပြီး ပေါ့ပေါ့ပါးပါးတီရှပ်ပွပွနှင့် ချည်ဘောင်းဘီကိုဝတ်ဆင်လိုက်ကာ အပေါ်ဝတ်အပါးကိုထပ်လိုက်သည်။

ဝင်းဝါသည့်အသားအရေဟာစိုပြည်သလို ဆယ့်နှစ်ရာသီပတ်လုံး လိုးရှင်းနှင့်ထိန်းသိမ်းထားတော့ အသားအရည်တကယ်ကောင်းသည်ဟု ချီးကျူးခံရသည်မှာ ခဏခဏပင်။ ဘုရားသခင်ပေးသော ဆုလာဘ်ဟုဆိုရလေမလားမသိ ငယ်စဉ်ကတည်းကယခုထိ မျက်နှာမှာ အဖုဆိုလို့ခြင်ကိုက်တာကလွဲရင် တစ်ခုမှမပေါက်ဖူးသလို skin care လွန်းသောကြောင့် glow နေတာတော့အမှန်ပင်။

နှလုံးသားရပ်ဝန်းWhere stories live. Discover now