အပိုင်း (၂၃)

6.1K 467 10
                                    

လူကအိပ်ချင်မူတူးဖြစ်နေသော်လည်း ခမ်းနားသော အလှူပွဲနှင့် ဓနုရိုးရာဝတ်စုံတွေကိုကြည့်ကာ သဘောကျနေမိသည်။ လှည့်လည်နေသော လူတန်းရှည်ကြီးထဲမှာ ဓနုရိုးရာဝတ်စုံကိုဝတ်ဆင်ထားသော မိန်းကလေးတွေ အမျိုးသားတွေနှင့် အလွန်ပင်ကြည့်ကောင်းသည်။

မနေ့ညကတော့ အလှူမဏ္ဍပ်မှာရိုးရာအကအလှတွေကို ဓနုအိုးစည်ဝိုင်းနှင့်တီးခတ်ကပြသွားသလို မြတ်နိုးတို့တွေဆို ငေးမောပြီး ညည့်နက်မှအိမ်ပြန်ရောက်သည်။ မနက်ကြတော့လည်း ထွေးလေးကအလှူလှည့်ပါတာမို့ အလှဝိုင်းပြင်ကြရင်း ထွေးလေးဝတ်မည့်ဓနုဝတ်စုံကို သဘောတွေကျနေမိသည်။

"လှလိုက်တာ အစ်မကြတော့ဘာလို့မလိုက်တာလဲ"

ဘေးနားမှာရပ်နေသော အစ်မကိုကြည့်ကာမေးလိုက်မိသည်။ အစ်မကိုဓနုဝတ်စုံနှင့်မြင်ဖူးချင်မိသည်။

"တကယ်ကြတော့ ဒီပွဲကရွာကလူတွေနဲ့ပေါင်းပြီးလုပ်လို့ ဓနုရိုးရာအတိုင်းဖြစ်သွားတာ အမှန်ကြတော့ အစ်မတို့က ဓနုသွေးနည်းနည်းပဲပါတော့တာလေ တစ်အိမ်တစ်ယောက်ဆိုရပါတယ် လူတိုင်းလိုက်နေစရာမှမလိုတာ"

"ဪ"

"ဓနုတာတက်ပွဲတို့ စပါးရိတ်ပွဲတို့ ဓနုအမျိုးသားနေ့တွေဆို ပိုပြီးတောင်စည်သေးတယ် သူတို့ကတစ်နေရာထဲမှာတစ်ခါပဲလုပ်တာမဟုတ်ဘူး တစ်ရွာပြီးတစ်ရွာ တစ်မြို့ပြီးတစ်မြို့လက်ဆင့်ကမ်းပြီးအလှည့်နဲ့လုပ်တာ လက်စားလျှို လက်စားဆပ် ဓလေ့လို့ခေါ်တာပေါ့"

မြတ်နိုးခေါင်းတညိမ့်ညိမ့်နှင့်နားထောင်မိသည်။ တိုင်းရင်းသားလူမျိုးတွေအများကြီးရှိသည့် မြန်မာပြည်က တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တိုင်းကစိတ်ဝင်စားဖွယ်ကောင်းသလို ချစ်စရာလည်းကောင်းသည်။

"တာတက်ပွဲဆို တန်ခူးလမှာစတာလေ အိမ်ကလေးကို အဲ့ကြရင်ခေါ်ပြမယ်"

"အင်း"

မည်သို့ပင်ဆိုစေကာမူ အချိန်တန်ရင်အိမ်ပြန်ရမည်ဆိုသော စကားအရ မြတ်နိုးတို့တွေပြန်ဖို့ပြင်ဆင်ရသည်။ ငိုမဲ့မဲ့ဖြစ်နေသော မြတ်နိုးရဲ့မျက်နှာကို အစ်မမကြည့်ရက်သလိုဖြင့် ခပ်တင်းတင်းပွေ့ဖက်ကာ

နှလုံးသားရပ်ဝန်းWhere stories live. Discover now