အပိုင်း (၅)

6.3K 580 7
                                    

"မကြီး..!!"

"အိုး အိဖြူတောင် အရပ်ရှည်လာတာပဲ"

သူ့ကိုချွဲနွဲ့ကာ လာဖက်သော ကောင်မလေးကို ခေါင်းကဆံပင်တွေပွတ်သပ်ကာ နှစ်သိမ့်လိုက်သည်။

"လွမ်းနေတာ မကြီးကို"

"ဟုတ်ပါပြီ အိမ်မှာအကြာကြီးနေသွားပါ ဟုတ်ပြီလား အိတ်တွေသယ်ရအောင်လွှတ်ဦး"

"ဟီးဟီး"

ထောင်ထားသော luggage အိတ်နှစ်ခုကိုဆွဲလိုက်တော့ အိတ်နားမှာရပ်နေသော ကောင်မလေးနှစ်ယောက်က တားသည်။

"ရတယ် အစ်မ ညီမတို့ဘာသာသယ်ပါ့မယ် အားနာစရာကြီး"

"ရပါတယ် တစ်အိတ်ပေးလေ သယ်ပေးမယ် ထွေးလေးရေ သယ်ကူလိုက်ဦး"

အိတ်တွေကိုဆွဲသွားကာ ဘူတာရုံအနောက်ပေါက်ကိုထွက်လိုက်ပြီး ရပ်ထားသောကားနောက်ဖုံးကိုဖွင့်ကာ အိတ်တွေကိုထည့်လိုက်သည်။ သူနှင့်ထွေးလေးကတော့ ကားရှေ့ခန်းမှာပဲထိုင်ကာ ကောင်မလေးသုံးယောက်ကိုတော့ အနောက်ခန်းမှာပဲထိုင်ခိုင်းလိုက်သည်။

"ကိုလေးမလိုက်လာဘူးလား သူလာကြိုမယ်ထင်နေတာ"

"အိမ်က light truck က ကိုအာကြီးယူသွားတာလေ မန္တလေးဆင်းသွားလို့"

"စိတ်ချမ်းသာလိုက်တာ မဟုတ်ရင် ဖုန်ဝင်နေဦးမှာ"

ဘူတာကနေအိမ်အထိလမ်းကြားတွေဟာ မြေနီမို့လို့ဆောင်းတွင်းဆိုဖုန်ထတတ်တော့ light truck လိုကားဆို ဖုန်မွှန်မှာသေချာသည်။

"မကြီး အပြီးပြန်လာတာမလား"

"အင်း"

"ကောင်းလိုက်တာ..ဖေဖေတို့ကလည်းပြောနေကြတာ ဒီနွေကြရင်အိမ်လိုက်ခဲ့မှာမလား"

"လိုက်ခဲ့မှာပေါ့"

အိဖြူကတော့စကားတွေတတွတ်တွတ်ပြောဆိုနေတာကြောင့် သူမှန်ကနေတစ်ဆင့်အကဲခတ်လိုက်တော့ အိဖြူသူငယ်ချင်းကောင်မလေးနှစ်ယောက်က ငြိမ်နေသည်။

"သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးဦးလေ"

"အာ ဟုတ်သား မေ့နေတာ.. သူကမေမြတ်ချယ်တဲ့ သူက မြတ်နိုးအိမ်"

နှလုံးသားရပ်ဝန်းHikayelerin yaşadığı yer. Şimdi keşfedin