အပိုင်း (၁၃)

6.4K 556 18
                                    

မောပန်းနွမ်းနယ်နေတဲ့ ခြေလှမ်းတွေဟာ တစ်နာရီနီးပါး လမ်းလျှောက်ပြီးတဲ့အခါမှာတော့ တောင်ကမ်းပါးရံကနေ ဒုဌဝတီမြစ်အတွင်းကို တိုက်ရိုက်စီးကျနေတဲ့ ရေတံခွန်ကိုမြင်လိုက်ရသည်။

ဝါး.. ဆိုတဲ့ ရင်သပ်ရှုမောနေသည့် အာမေဍိတ်သံကလွဲရင် တင်စားစရာစကားလုံးသိပ်မရှိတော့ပေ။ ညောင်းနေသော ခြေထောက်တွေ နာကျင်နေသော ခြေဖဝါးတွေဟာ ဒီလိုလှပသော သဘာဝကိုမြင်လိုက်ရချိန်မှာတော့ ညောင်းရတာ တန်ပါတယ်ဆိုတာကို နားလည်လာရသည်။

မြစ်ကြောင်းတစ်လျှောက်လမ်းလျှောက်လာရတာလည်း ခြေထောက်နာတာကလွဲရင် ဘယ်နေရာကိုမှမငေးပဲမနေနိုင်ခဲ့ပေ။ မျက်စိလွှဲလိုက်ရင်ကို လွတ်သွားမည့် ရှု့ခင်းတွေကိုနှမြောမိသည်။

ဓာတ်ပုံလှလှလေးတွေဟာလည်း ဖုန်းရဲ iCloud ပါပြည့်သွားတော့ အစ်မရပ်ဝန်းက သူ့ဖုန်းနဲ့ရိုက်ပေးရသည်။

"ကပ်စီးနဲပြီး ဘာလို့ iCloud ကိုထပ်မဝယ်တာလဲ"

"လက်တော့ပ်ထဲထည့်မှာပဲကို မဝယ်နိုင်ပါဘူး ဒီဖုန်းတောင်မှ အမေ့ကိုရှိခိုးမတတ်တောင်းပန်ပြီး ဝယ်ခိုင်းထားရတာ"

iPhone 8 လေးက 11 နဲ့ယှဉ်ရင် model အတော်လေးကွာ နေပြီဆိုသော်လည်း မဟန်းတော့သုံးလို့ကောင်းဆဲပင်။ ဂိမ်းဆော့တာလည်းမဟုတ်တော့ ပုံမှန်ပင်။ စျေးကြီးသည့် ဖုန်းကို ခဏခဏလဲနေရအောင် မြတ်နိုးတို့ကချမ်းသာနေတာလည်းမဟုတ်ပေ။

အမေတစ်ခု သမီးတစ်ခုမို့လို့ အမေကအလိုလိုက်သော်လည်း မလိုအပ်တာတွေအတွက် သူကတော့မသုံးဖြုန်းချင်။ တစ်နှစ်တစ်နှစ် ကျောင်းစရိတ်ကမနည်းသလို သွားဖက်ဆိုင်ရာအတွက်လိုအပ်သည့် ပစ္စည်းတွေဟာ စျေးကြီးလွန်းသည်လေ။

အဆောင်ဖွင့်ထားတာကြောင့် ဝင်ငွေဆိုတာလည်း ရေဖိုးမီတာခ အခွန် အဆောက်အဦးပြင်စရိတ်ပေါင်းစွာဖြင့်။ သူ့ကိုလူတန်းစေ့ထားပေးသော အမေဖြစ်သူကိုပင် ကျေးဇူးတင်မိသည်။

"ကိုယ်မှ ပိုက်ဆံမရှာနိုင်သေးတာ တစ်ခုခုဆို အမေ့ဆီကပဲ လက်ဖြန့်ရတာကို မတောင်းချင်ပါဘူး"

နှလုံးသားရပ်ဝန်းWhere stories live. Discover now