အပိုင်း (၂၄)

6.2K 524 15
                                    

"တစ် နှစ် သုံး လေး ငါး ခြောက်... ဆယ်နှစ်..ဝိုးများသားပဲ ငါချောကလက်ဘူးဆယ်နှစ်ခုရတယ် ချယ်ချယ်နင်ရော"

"ငါလား သိဘူး ရေမနေဘူး စားပစ်တာပဲအေးတယ်"

ဖေဖော်ဝါရီဆယ့်လေးရက်နေ့မှာ ကျောင်းရဲ့အတွဲတော်တော်များများပျောက်သွားသော်လည်း စင်ဂယ်အမည်ခံ နောက်ဆုံးနှစ်ကွင်းအစ်မကြီး မြတ်နိုးအိမ်နဲ့ အပေါင်းအပါနှစ်ယောက်ကတော့ ကျောင်းတက်ကာ အတန်းငယ်တွေကပေးသော ချောကလက်ဘူးတွေ ပန်းစည်းတွေနှင့် စည်ကားလို့နေလေသည်။

"နိုးနိုး ဘာဖြစ်နေတာလဲလို့ ပြဦးနင်ရတဲ့ဟာတွေ"

"ကြည့်ကြည့် ပြီးရင် နင်ယူပြီးအဆောင်ကအစ်မတွေသာကျွေးလိုက်"

စိတ်ကတစ်စက်ကလေးမှကြည်မနေသလို ဘယ်သူ့စကားဖြစ်ဖြစ် ဘုတောပစ်ချင်နေသည်။ လက်ထဲကဖုန်းကို ကိုင်လိုက်ချလိုက် ဖွင့်လိုက်ပိတ်လိုက်ဖြင့် လုပ်နေသော်လည်း မက်ဆေ့လေးတောင်တစ်စောင်မှဝင်မလာ။

စိတ်ဆိုးတာထက်ကို ဝမ်းနည်းသည့်စိတ်ကပိုလာသည်။ ငိုချင်လာသည့်မျက်ဝန်းကရစ်သိုင်းလာသော မျက်ရည်တွေကို ထိန်းဖို့မျက်တောင်ဖျားတွေကို ပုတ်ခပ်ပုတ်ခပ်လုပ်နေရသည်။

အစ်မရပ်ဝန်းဟာ တကယ်ကိုလွန်ပါသည်။ တစ်ခါမှ အစ်မကိုစိတ်မဆိုးဘူးပေမဲ့လို့ ဒီနေ့တော့စိတ်ဆိုးချင်သည်။ မနက်ကတည်းကမြတ်နိုးပို့ထားသော မက်ဆေ့ကို အကြောင်းမပြန်သလို ဖုန်းဆက်တော့လည်းမကိုင်။ တွဲဖြစ်တာ နှစ်လလောက်သာရှိသေးပေမဲ့ ရန်လဲတစ်ခါမှမဖြစ်ဘူးသလို သူတို့နှစ်ယောက်အကြားမှာ စိတ်ဆိုးစိတ်ကောက်တာလဲမရှိ။

ချစ်သူများနေ့ဆိုတော့ ချောကလက်တွေ ပန်းစည်းတွေဟာ ရည်းစားရှိသူတိုင်းရနေကြတာမို့ မမြင်ချင်မှအဆုံးပင်။ သို့သော် မြတ်နိုးလိုချင်တာကအဲ့ဒါမဟုတ်ပေ။ ဒီတိုင်းပဲ စာလေးတစ်စောင်ဖြစ်ဖြစ် ဖုန်းဆက်ပြီးအသံလေးကြားတာဖြစ်ဖြစ်လိုချင်မိရုံသာ။ မနက်ကျောင်းတက်သည်အထိ မပို့လာသောမက်ဆေ့ကြောင့် အစ်မများတစ်ခုခုဖြစ်လို့လားဆိုပြီးစိုးရိမ်ကာ ချယ်ချယ့်ကိုထွေးလေးဆီမသိမသာမေးခိုင်းပေမဲ့ ဘာမှမဖြစ်ဘူးတဲ့လေ ထွေးလေးအပြောအရ ဂိမ်းတောင်ဆော့နေသေးသည်တဲ့။

နှလုံးသားရပ်ဝန်းDonde viven las historias. Descúbrelo ahora