(Unicode)
ဆောင်းတွင်းမနက်ခင်းတစ်ခုတွင် တောင်ပေါ်မြို့လေး ဖြစ်တဲ့အလျှောက် မြူများလွှမ်းခြုံလျက်ရှိသည်။ ကျယ်ဝန်းလှတဲ့ ခြံကြီးထဲမှာ လှပစွာဖူးပွင့်နေကြတဲ့ နှင်းဆီလှလှများ ခြံကြီး၏ ဧည့်ခန်းတွင်တော့ အသက်ကြီးကြီး မိန်းမတစ်ဦး တစ်ယောက်ယောက်ကို စောင့်နေဟန်ရှိသည်။
ထိုအချိန် ခြံထဲကို ဝင်လာသော ကားတစ်စီး ကားနောက်တံခါးပွင့်လာပြီး ကတ္တီပါဖိနပ်နဲ့ လိုက်ဖတ်စွာပင် ဖြူဖွေးနေသော ခြေဖမိုးလေး။
"မြေးလေး ရောက်လာပြီလားကွယ်"
"ဘွားဘွား....နေကောင်းရဲ့လား"
"ကောင်းပါ့ရှင် ကောင်းပါ့ ကောင်းပါ့
ကြည့်ပါဦး ငါ့မြေးက ဒီကို အလုပ်ကိစ္စနဲ့မှ လာတော့တယ်""ကျွန်တော် အလုပ်တွေများနေလို့ပါ ဘွားဘွားရယ်"
"ကဲပါ မြေးခရီးပင်ပန်းလာရော့မယ် လှမောင်ရေ အထုပ်တွေ ငါ့မြေးအခန်းထဲထည့်လိုက်"
"ဟုတ်ကဲ့ သခင်မကြီး"
လှမောင်ပြောပြောဆိုဆိုနှင့် အထုပ်တွေကိုသယ်ကာ အိမ်အပေါ်ထပ်သို့တက်သွားလေသည်။
"ကျွန်တော် လမ်းလျှောက်ထွက်လိုက်ဦးမယ်"
"အပြင်သွားချင်လို့လားမြေး မနားတော့ဘူးလား လှမောင်ကိုခေါ်သွားလေ"
"ရတယ်ဘွားဘွား ကျွန်တော် ဟိုနားဒီနား လမ်းလျှောက်ရုံတင်ပါ"
"အေး အေး "
ဆောင်းမနက်ခင်းအချိန်အခါမလို့ မြူတွေဆိုင်းနေပြီး ချမ်းအေးလှပေသည် လမ်းလျှောက်ထွက်ရင် သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဒီပန်းမြို့တော်ကို မရောက်တာဘယ်လောက်တောင်ကြာပြီလည်း အခုတော့ အလုပ်ကိစ္စနဲ့ရွှေ့ပြောင်းလာရသည်။
အင်း... မြို့အုပ်မင်းအနေနဲ့ပေါ့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုရာထူး ဒီလို ပညာအရည်အချင်းရှိတာ သူဂုဏ်ယူမိတယ်
ESTÁS LEYENDO
ဟောဗျာ...မောင့်လွန်းငယ် {Complete}
Romanceစိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"