အပိုင်း (၁၉)

17.5K 910 12
                                    

(Unicode)

''လွန်းငယ် လွန်းငယ်''

''မောင် မောင်ဘာဖြစ်လို့လည်း''

''လွန်းငယ် ဘယ်ရောက်နေတာလည်း မောင်က လွန်းငယ်ပျောက်လို့လိုက်ရှာနေတာ''

''မောင်ရယ် ဘယ်မှမသွားပါဘူး တစ်ရေးနိုး နောက်ဖေးမှာ အပေါ့အပါးလေးသွားတာပါ''

ခြူးမြတ်မရှိတော့တဲ့နောက်ပိုင်း စိုင်းမဟာမောင် လွန်းဝသာန်ကို မျက်စိရှေ့က အပျောက်မခံတဲ့ထိဖြစ်လာသည်။

ဘဝမှာ ပထမဆုံးအကြိမ် ချစ်ရသူတွေထဲက တစ်ဦးကိုဆုံးရှုံးလိုက်ကတာမလို့ ထပ်ပြီးဆုံးရှုံးရမှာကြောက်မိသည်။

''လွန်းငယ်ရယ် မောင့်မှာလေ မောင်မှာ လွန်းငယ်ဘဲရှိတာမလို့ပါ''

''မောင်ရယ် ငါဘယ်မှမသွားပါဘူး မောင့်အနားမှာဘဲနေမှာပါ။ လာ လိမ္မာတယ် ပြန်အိပ်ကအောင်''

''အင်း အိပ်မယ် မောင့်ကိုနမ်း''

ပါးကိုရှေ့ထိုးပေးနေတဲ့ အသက် ၂၇နှစ်အရွယ်ကလေးကြီးကို ကြေနပ်တဲ့အထိ အနမ်းတွေပေးလိုက်သည်။

*****************

''ဗျို့ ကိုစိုင်းမဟာမောင်''

စိုင်းမဟာမောင် အိမ်ရှေ့ကခေါ်သံကြားတာကြောင့် ထွက်ကြည့်တော့...

''ဪ ဘယ်သူများလည်းလို့ ကိုမင်းသစ်ညို လာဗျာ အိမ်ထဲဝင်''

''မဝင်တော့ပါဘူးဗျာ ကျွန်တော် ရာထူးတို့နဲ့ ပုဂံကိုသွားရမှာလေ အက်တာကြောင့် လာနှုတ်ဆက်တာပါ လွန်းဝသာန်ကိုလည်း နှုတ်ဆက်တယ်ပြောပေးပါဦး''

''ဟုတ်ပါပြီဗျာ တစ်ယောက်သောသူ ဂုဏ်ယူနေမှာပါ''

မင်းသစ်ညိုဘာမှမပြောဘဲ ပြုံး၍သာနေလိုက်သည်

ပုဂံမြေကို မြတ်နိုးတဲ့သူမ ဂုဏ်ယူနေမည်လား။

သူမ ပုဂံမြေကို သိပ်မြတ်နိုးပြီးတန်ဖိုးထားကြောင်းပြောလေ့ရှိတယ် ဒါပေမဲ့ ကျွန်တော်ကတော့ သူမပုဂံမြေကို မြတ်နိုးတန်ဖိုးထားသလို သူမကို ဘယ်လောက် မြတ်နိုးကြောင်း မပြောလိုက်ကဘူး ကံကြမ္မာ ကျွန်တော့အပေါ်ရက်စက်လွန်းပါတယ်

ဟောဗျာ...မောင့်လွန်းငယ် {Complete}Donde viven las historias. Descúbrelo ahora