အပိုင်း (၁၁)

19.6K 1K 20
                                    

(Unicode)

'အကို'မှားများမြင်လေရော့သလားလို့တွေးမိလိုက်ပေမဲ့ သူမှ သူအစစ်ပါဘဲ
ကိုယ့်ကိုမြင်သွား၍ ပြန်လည်ကြည့်ရှု့လာသောအကြည့်များကြောင့် 'အကို'ဆိုတာ ပိုသေချာစေသည်

ကျွန်မတို့နှစ်ယောက် အကြောင်းပြချက်မဲ့စွာ အပြန်အလှန် ကြည့်နေမိသည်

ကံကြမ္မာသည် ရက်စက်သည်ဟုဆိုရမလား မျက်နှာသာပေးသည်ဟုဆိုရမလား မသိတော့ပါ သေချာသည်ကတော့ ကံကြမ္မာသည် တိုက်ဆိုင်လွန်းလှသည်။

လွန်ခဲ့တဲ့နှစ်အချို့ ဒီနေရာ ဒီလိုအခြေအနေမှာဘဲ သူတို့ ဆုံခဲ့ကြသည်မဟုတ်ပါလား
ထိုအချိန်တုန်းကတော့ လက်ပံပွင့်ချိန်ဖြစ်၍ မြေပြင်မှာ လက်ပံရဲရဲ ယခု အခါတော့ လက်ပံပွင့်ချိန်မဟုတ်သေး၍ စိမ်းစိုနေသော သစ်ရွက်များသာနေရာယူထားသည်။

ထိုအခါတုန်းကနှင့် ပတ်ဝန်းကျင်၊ အချိန်အခါ၊ နေရာ ဘယ်လောက်ဘဲတူတူ ကျွန်မတို့ကြားက ဆက်ဆံရေးက ပြောင်းလဲသွားခဲ့ပါပြီ

****************


မင်းသစ်ညို ဘုန်းကြီးကျောင်းရောက်တုန်း ကျောင်းမတက်နိုင်တဲ့ကလေးတွေကို စာသင်ပေးနေခြင်း

''ဦး...ဦး သားတို့ကို မုန့်ဝယ်ကြွေးမှာလား''

''ဟား ဟား ကြွေးမှာပေါ့ဗျာ
ကဲ အက်တာဆို စာသင်တာ ခဏနားပြီး မုန့်သွားဝယ်စားကြမယ်လေ''

''ရေး...သွားကြမယ်''

မင်းသစ်ညို ကလေးတွေကို မုန့်လိုက်ဝယ်ပေးဖို့ သွားမလို့ လုပ်တုန်း မမျှော်လင့်ဘဲ တစ်ယောက်သောသူကို မြင်တွေ့လိုက်ရသည်။

မေ့မရနိုင်သော ဒါမှမဟုတ် မေ့မပြစ်ချင်သော လှပတဲ့ အတိတ်တွေထဲမှာ သူမကို ထင်ရှားစွာ မှတ်မိနေဆဲ...

ဟိုးအရင်အတိတ်တွေတုန်းက
.
.
.
.

အတိတ်တစ်ခါက ခြူးမြတ်နဲ့ မင်းသစ်ညို ချစ်သူဖြစ်ပြီး သိပ်မကြာခင်ပေါ့

''ညီမကို ပြောစရာရှိတယ်''

''ညီမလည်း အကို့ကိုပြောစရာရှိတယ်''

ဟောဗျာ...မောင့်လွန်းငယ် {Complete}Место, где живут истории. Откройте их для себя