နောက်တစ်နေ့ ခြူးမြတ် စာအုပ်ဆိုင်ထဲဝင်ဆို စာအုပ်ငှားတဲ့အကိုက ဂစ်တာတစ်လက်နဲ့ အလုပ်ရှုပ်နေလေရဲ့
ကိုယ့်ကိုမြင်မှ ချောင်းတစ်ချက်ဟန့်ပြီး ဂစ်တာထတီးကာ သီချင်းဆိုလေသည် မသိရင် ကိုယ်အလာကိုစောင့်နေတဲ့အတိုင်း
ခြူးမြတ်လည်း မနှောက်ယှက်ချင်တာနဲ့ ဆိုင်ထဲအသာဝင်ပြီးဘဲ စာအုပ်ဘဲအသာရွေးနေလိုက်သည်"တပြည်သူမရွှေထားရေ
အခြေမတူဘဝမနေခြားလေ
အဆင့်အတန်းလည်းဝေးကွာနေ
မဖြစ်မှန်းလည်းတွေးပါသလေ
ဆင်ကန်းတောတိုးဖြစ်မှာကို သိပါသလေဒါပေမဲ့ သံယောဇဉ်တွေ
တွယ်တာရပါသည်ကောလေ
မသင့်မှန်းလည်းသိပါသလေ
ချစ်လမ်းလည်းမရှိရှာဖွေ
အချစ်ကမ်းဘဲပြောပါလေ
ထားရေ... ထားရေ...ထားသခင်ကိုမှ အချစ်ပိုသည်များ
အပြစ်ဆိုမယ်လားလေ
နှလုံးအိမ်တွေလည်းပွင့်ထွက်တော့မယ်
ကြာရင်ခက်ရချည်ရဲ့ဝေးမှာကိုလည်းဆိုးပါတယ်ကွယ်
ထားသခင်အချစ်ဦးရယ်
မပြောသာပေမဲ့ တီးတိုးစကားတွေ
ကိုယ်တစ်ယောက်ထဲဆိုနေ''သူသီချင်းဆက်မဆိုတော့ဘဲ ရပ်သွားတဲ့အခါကြမှ ခြူးမြတ်လည်း ငှားချင်တဲ့စာအုပ်တွေကိုင်ပြီး
"အကို...ဒီမှာ''
"အာ...ဟုတ်ပြီ''
"ဪ ပြီးတော့ ဒီစာအုပ်က ပြန်အပ်တာ''
"အင်း.....ဟို ဒါနဲ့ ကျွန်တော့ကို ပြောစရာများမရှိဘူးလား''
"ဘာကိုပြောရမှာလည်းဟင်''
"အာ...ဘာမှမဟုတ်တော့ပါဘူး''
"ဟုတ်ကဲ့ အက်တာဆိုသွားခွင့်ပြုပါဦး''
ခြူးမြတ်ထွက်သွားတော့ကြမှ ကိုမြင့်က ဝင်လာပြီး
"ငါ့ကောင် အခြေအနေဘယ်လိုလည်း''
"ဟင်း....မသိတော့ပါဘူးဗျာ''
"ဟ မင်းပုံစံကလည်း စိတ်ဓတ်ကျနေတဲ့ပုံစံနဲ့ ပြောပါဦး ဘယ်လိုဖြစ်တာလည်း''
"သူဘာမှမမြင်ခဲ့မကြားခဲ့သလိုဘဲဗျ ပုံမှန်ဘဲ ကျွန်တော့စာကို မမြင်တာများလား''

BẠN ĐANG ĐỌC
ဟောဗျာ...မောင့်လွန်းငယ် {Complete}
Lãng mạnစိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"