(Unicode)
စိုင်းမဟာမောင်တစ်ယောက် ညကအိပ်လို့မပျော်ပါ မနက်လည်း အစောကြီးနိုးနေသည်မို့ လွန်းငယ်တို့အိမ်မှာ အတော်ကြာနေပြီးမှ ရုံးကိုသွားမည်ဟု ဆုံးဖြတ်လိုက်သည်။
စိုင်းမဟာမောင်အက်ဆင်းလာဆို ဧည့်ခန်းမှာ ထိုင်နေသော အဖွားဖြစ်သူက
''အစောကြီးသွားတော့မလို့လား''
''ဟုတ်တယ်ဘွားဘွား''
စိုင်းမဟာမောင်လည်း စကားသိပ်မပြောနေတော့ဘဲ ကားရှိရာသို့ထွက်လာခဲ့လိုက်သည်။
''ကိုလှမောင် ကျွန်တော့ဘာသာသွားလိုက်မယ် လိုက်မပို့နဲ့တော့''
''ဟုတ် ဟုတ်အကိုလေး''
စိုင်းမဟာမောင် စိတ်တွေလေးလံနေသည် သူခန့်မှန်းထားတဲ့အရာတွေလာတော့မယ် စိုင်းမဟာမောင်သက်ပြင်းသာချမိသည်။
စိုင်းမဟာမောင် လွန်းဝသာန်အိမ်ရှေ့ရောက်ဆို လွန်းဝသာန်ကိုအော်ခေါ်လိုက်သည်
''လွန်းငယ်ရေ လွန်းငယ်''
''ဟော အစောကြီးပါ့လား
လာ...ဝင်''''ဟုတ်တယ် ဒီနေ့အစောကြီးနိုးနေလို့ ဒါနဲ့ အဒေါ်ကော မတွေ့ပါ့ဘဲ''
''မေမေက စျေးသွားတယ်''
''အင်း''
စိုင်းမဟာမောင် ဘေးနားလာထိုင်တဲ့ လွန်းဝသာန်ရင်ခွင်ထဲခေါင်းတိုးဝင်ပြီး တင်းကျပ်စွာဖတ်ထားလိုက်သည်။
လွန်းဝသာန်လည်း ရုတ်တရက်ဆိုတော့လန့်သွားပြီး
ပြီးတော့မှ''မောင် ဖယ်ပါဦး နေမကောင်းဘူးလား''
''ကောင်းပါတယ် ခဏ ခဏလေးဘဲဒီလိုလေးနေပါရစေဦး မောင်နည်းနည်းပင်ပန်းနေလို့ပါ''
''ဟော မောင်ကလည်း ကလေးကြီးကျနေတာဘဲ''
လွန်းဝသာန်ခပ်ဖွဖွပြုံးပြီး ကျောကိုသာ အသာအယာပွတ်ပေးနေလိုက်သည်။
''လွန်းငယ်''
''ဟင်''
''မောင်လေ ဘာကိစ္စဘဲဖြစ်နေနေ ရအောင်ဖြေရှင်းပြီး လွန်းငယ်ကိုကာကွယ်သွားမှာမလို့ မောင့်အနားကနေထွက်မသွားပါနဲ့ ဘာဘဲဖြစ်နေနေ မောင့်အနားမှာဘဲနေပေးပါ မောင်...မောင့်လေ လွန်းငယ်မရှိလ်ို့မဖြစ်တာသိတယ်မလားဟင် အက်တာကြောင့် ထွက်သွားဖို့ ယောင်လို့တောင်စိတ်မကူးလိုက်ပါနဲ့ နော်...နော်လွန်းငယ်''
VOUS LISEZ
ဟောဗျာ...မောင့်လွန်းငယ် {Complete}
Roman d'amourစိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"